DVB Logo
Home
မြန်မာသတင်း
Myanmar’s Got Talent ရဲ့အသက်အငယ်ဆုံးချန်ပီယံ အန္တရာယ်ကြားက ဓားသိုင်းသမားလေး (ရုပ်သံ)
DVB
·
September 16, 2019
Myanmar’s Got Talent ရဲ့အသက်အငယ်ဆုံးချန်ပီယံ အန္တရာယ်ကြားက ဓားသိုင်းသမားလေး (ရုပ်သံ)
Donate to DVB

မတူညီတဲ့ စွမ်းရည်တွေ၊ အံ့မခန်း ပညာရပ်တွေ အသီးသီးနဲ့ အကြိတ်အနယ် ရှိခဲ့ကြတဲ့ Myanmar’s Got Talent ရဲ့ နောက်ဆုံးဖိုင်နယ်ပွဲစဉ်မှာတော့ ထူးထူးခြားခြားပဲ အသက်အငယ်ဆုံး ပြိုင်ပွဲဝင်ဖြစ်တဲ့ ၅ နှစ်သား သိုင်းသမားလေး ဘုန်းမြတ်မင်းက ချန်ပီယံဆုကို ဆွတ်ခူးရရှိသွားခဲ့ပါတယ်။

Myanmar’s Got Talent ပြိုင်ပွဲကို မြန်မာနိုင်ငံမှာ ကျင်းပလာခဲ့တာ ၆ နှစ်တိုင်ခဲ့ပြီ ဖြစ်ကာ အခုနှစ် ၂၀၁၉ ခုနှစ်ရဲ့ Myanmar’s Got Talent ပြိုင်ပွဲမှာတော့ ဒိုင်တွေအဖြစ် ဝါရင့်သရုပ်ဆောင်မင်းသမီး မို့မို့မြင့်အောင်၊ ဒါရိုက်တာ မောင်သီ၊ သရုပ်ဆောင် မင်းသမီး ခိုင်သင်းကြည်၊ အစီအစဉ်တင်ဆက်သူ မောင်မောင်အေးတို့က အကဲဖြတ် အမှတ်ပေးကြတာ ဖြစ်ပါတယ်။

အခုနှစ်ရဲ့ နောက်ဆုံးဖိုင်နယ်အဆင့်ကိုတော့ ဘုန်းမြတ်မင်းနဲ့အတူ ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ Baby Star ၊ မင်းမြတ် ၊ ရွှေစိုးရာဇာ၊ Angelo Erasmus ၊ Feng Yi ၊ Damien ၊ ဇော်နိုင်ဝင်း၊ ဝင်းစန်းအောင်၊ သားတို့အမြွှာ မိုး ဖြိုး စတဲ့ အဖွဲ့တွေက အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြရတာပါ။ 

မန္တလေးမြို့က လာရောက်ယှဉ်ပြိုင်တဲ့ ဘုန်းမြတ်မင်းကတော့ လက်သိုင်း၊ တုတ်သိုင်း၊ ဓားသိုင်း စတဲ့ ခက်ခဲတဲ့ မြန်မာ့ရိုးရာ သိုင်းပညာရပ်တွေနဲ့ အဆင့်ဆင့် ဖြတ်ကျော်ပြီး နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိလာခဲ့တာပါ။

ဖခင်ဖြစ်သူရဲ့ လေ့ကျင့်သင်ကြားပေးမှုနဲ့ အရွယ်နဲ့မလိုက်အောင် ပညာစွမ်းပြ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ပါရမီရှင် ဘုန်းမြတ်မင်းရဲ့ အံ့မခန်း စွမ်းဆောင်ရည်ဟာ ဒိုင်တွေကိုရော ပရိသတ်တွေကိုပါ အံ့အားသင့်စေနိုင်ခဲ့တာပါ။

ပြိုင်ပွဲဝင်တွေ အားလုံးထဲမှာ အသက်အငယ်ဆုံးဖြစ်တဲ့ ဘုန်းမြတ်မင်းဟာ Got Talent Global ရဲ့ Dangerous Kids အဖြစ် သတ်မှတ်ခံရသူဖြစ်ပြီး ရိုးရာဝါးညှပ်အက၊ မှော်ပညာအစွမ်း၊ အဆိုစွမ်းရည်၊ အကစွမ်းရည်၊ ခြင်းခတ်စွမ်းရည်၊ ဆင်အကပညာ စတဲ့ အမျိုးမျိုးသော ယှဉ်ပြိုင်ဘက်တွေကြားမှာတော့ ထင်ရှားနေခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်တွေအားလုံးရဲ့ ယှဉ်ပြိုင်မှုအပြီးမှာတော့ ပရိသတ်တွေပေးတဲ့ Voting နဲ့ နောက်ဆုံး ဖိုင်နယ်အဆင့် တက်ရောက်နိုင်သူတွေကို ကြေညာမယ့်အချိန် ရောက်ရှိလာခဲ့ပါတယ်။

ပရိသတ် ပေးတဲ့ မဲနဲ့ Top 3 စာရင်းထဲမှာတော့ ဘုန်းမြတ်မင်း၊ မှော်ဆရာ Damien နဲ့ ဇော်ဂျီနဲ့ သူယောင်မယ်ကကွက်နဲ့ ယှဉ်ပြိုင်ခဲ့သူ သားတို့အမြွာမိုးဖြိုးတို့ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ Second Runner up ကို ကြေညာချိန်မှာ သားတို့အမြွှာ မိုး ဖြိုးက ရရှိသွားခဲ့ပြီး Damien နဲ့ ဘုန်းမြတ်မင်းတို့သာ ကျန်ရှိခဲ့ပြီး စိတ်လှုပ်ရှားရမယ့် အချိန်တခုကို ရောက်ရှိလာခဲ့ပါတယ်။

Damien ဟာ ဒိုင်တဦးဖြစ်တဲ့ မို့မို့မြင့်အောင်ဆီက Golden Buzzer ရရှိထားတဲ့ ပြိုင်ပွဲဝင်ဖြစ်ပြီး မနှစ်ကလည်း အစွမ်းပြယှဉ်ပြိုင်ခဲ့သူဖြစ်တာမို့ သူများ ရရှိသွားလေမလား ဆိုတာလည်း ပရိသတ်တွေက ရင်တမမ စောင့်ကြည့်နေကြရတာပါ။

နောက်ဆုံးမှာတော့ Myanmar’s Got Talent ရဲ့ ချန်ပီယံ Winner ဆုရှင်ကို ကြေညာချိန်မှာတော့ ဘုန်းမြတ်မင်းက ရရှိသွားခဲ့ပြီး ပြိုင်ပွဲမှတ်တမ်းမှာတော့ အသက်အငယ်ဆုံး ချန်ပီယံတဦး ဖြစ်လာခဲ့ပါပြီ။

~~~~~~~~~~~~~~~~~~~

Zawgyi_version

Myanmar’s Got Talent ရဲ႕အသက္အငယ္ဆုံးခ်န္ပီယံ အႏၲရာယ္ၾကားက ဓားသိုင္းသမားေလး (႐ုပ္သံ)

မတူညီတဲ့ စြမ္းရည္ေတြ၊ အံ့မခန္း ပညာရပ္ေတြ အသီးသီးနဲ႔ အႀကိတ္အနယ္ ရွိခဲ့ၾကတဲ့ Myanmar’s Got Talent ရဲ႕ ေနာက္ဆုံးဖိုင္နယ္ပြဲစဥ္မွာေတာ့ ထူးထူးျခားျခားပဲ အသက္အငယ္ဆုံး ၿပိဳင္ပြဲဝင္ျဖစ္တဲ့ ၅ ႏွစ္သား သိုင္းသမားေလး ဘုန္းျမတ္မင္းက ခ်န္ပီယံဆုကို ဆြတ္ခူးရရွိသြားခဲ့ပါတယ္။

Myanmar’s Got Talent ၿပိဳင္ပြဲကို ျမန္မာႏိုင္ငံမွာ က်င္းပလာခဲ့တာ ၆ ႏွစ္တိုင္ခဲ့ၿပီ ျဖစ္ကာ အခုႏွစ္ ၂၀၁၉ ခုႏွစ္ရဲ႕ Myanmar’s Got Talent ၿပိဳင္ပြဲမွာေတာ့ ဒိုင္ေတြအျဖစ္ ဝါရင့္သ႐ုပ္ေဆာင္မင္းသမီး မို႔မို႔ျမင့္ေအာင္၊ ဒါ႐ိုက္တာ ေမာင္သီ၊ သ႐ုပ္ေဆာင္ မင္းသမီး ခိုင္သင္းၾကည္၊ အစီအစဥ္တင္ဆက္သူ ေမာင္ေမာင္ေအးတို႔က အကဲျဖတ္ အမွတ္ေပးၾကတာ ျဖစ္ပါတယ္။

အခုႏွစ္ရဲ႕ ေနာက္ဆုံးဖိုင္နယ္အဆင့္ကိုေတာ့ ဘုန္းျမတ္မင္းနဲ႔အတူ ၿပိဳင္ဘက္ေတြ ျဖစ္ၾကတဲ့ Baby Star ၊ မင္းျမတ္ ၊ ေ႐ႊစိုးရာဇာ၊ Angelo Erasmus ၊ Feng Yi ၊ Damien ၊ ေဇာ္ႏိုင္ဝင္း၊ ဝင္းစန္းေအာင္၊ သားတို႔အႁမႊာ မိုး ၿဖိဳး စတဲ့ အဖြဲ႕ေတြက အႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ့ၾကရတာပါ။

မႏၲေလးၿမိဳ႕က လာေရာက္ယွဥ္ၿပိဳင္တဲ့ ဘုန္းျမတ္မင္းကေတာ့ လက္သိုင္း၊ တုတ္သိုင္း၊ ဓားသိုင္း စတဲ့ ခက္ခဲတဲ့ ျမန္မာ့႐ိုးရာ သိုင္းပညာရပ္ေတြနဲ႔ အဆင့္ဆင့္ ျဖတ္ေက်ာ္ၿပီး ေနာက္ဆုံး ဖိုင္နယ္အဆင့္ကို ေရာက္ရွိလာခဲ့တာပါ။

ဖခင္ျဖစ္သူရဲ႕ ေလ့က်င့္သင္ၾကားေပးမႈနဲ႔ အ႐ြယ္နဲ႔မလိုက္ေအာင္ ပညာစြမ္းျပ ယွဥ္ၿပိဳင္ႏိုင္ခဲ့တဲ့ ပါရမီရွင္ ဘုန္းျမတ္မင္းရဲ႕ အံ့မခန္း စြမ္းေဆာင္ရည္ဟာ ဒိုင္ေတြကိုေရာ ပရိသတ္ေတြကိုပါ အံ့အားသင့္ေစႏိုင္ခဲ့တာပါ။

ၿပိဳင္ပြဲဝင္ေတြ အားလုံးထဲမွာ အသက္အငယ္ဆုံးျဖစ္တဲ့ ဘုန္းျမတ္မင္းဟာ Got Talent Global ရဲ႕ Dangerous Kids အျဖစ္ သတ္မွတ္ခံရသူျဖစ္ၿပီး ႐ိုးရာဝါးညႇပ္အက၊ ေမွာ္ပညာအစြမ္း၊ အဆိုစြမ္းရည္၊ အကစြမ္းရည္၊ ျခင္းခတ္စြမ္းရည္၊ ဆင္အကပညာ စတဲ့ အမ်ိဳးမ်ိဳးေသာ ယွဥ္ၿပိဳင္ဘက္ေတြၾကားမွာေတာ့ ထင္ရွားေနခဲ့တာ ျဖစ္ပါတယ္။

ၿပိဳင္ပြဲဝင္ေတြအားလုံးရဲ႕ ယွဥ္ၿပိဳင္မႈအၿပီးမွာေတာ့ ပရိသတ္ေတြေပးတဲ့ Voting နဲ႔ ေနာက္ဆုံး ဖိုင္နယ္အဆင့္ တက္ေရာက္ႏိုင္သူေတြကို ေၾကညာမယ့္အခ်ိန္ ေရာက္ရွိလာခဲ့ပါတယ္။

ပရိသတ္ ေပးတဲ့ မဲနဲ႔ Top 3 စာရင္းထဲမွာေတာ့ ဘုန္းျမတ္မင္း၊ ေမွာ္ဆရာ Damien နဲ႔ ေဇာ္ဂ်ီနဲ႔ သူေယာင္မယ္ကကြက္နဲ႔ ယွဥ္ၿပိဳင္ခဲ့သူ သားတို႔အႁမြာမိုးၿဖိဳးတို႔ ပါဝင္လာခဲ့တာ ျဖစ္ပါတယ္။

အဲဒီေနာက္မွာ Second Runner up ကို ေၾကညာခ်ိန္မွာ သားတို႔အႁမႊာ မိုး ၿဖိဳးက ရရွိသြားခဲ့ၿပီး Damien နဲ႔ ဘုန္းျမတ္မင္းတို႔သာ က်န္ရွိခဲ့ၿပီး စိတ္လႈပ္ရွားရမယ့္ အခ်ိန္တခုကို ေရာက္ရွိလာခဲ့ပါတယ္။

Damien ဟာ ဒိုင္တဦးျဖစ္တဲ့ မို႔မို႔ျမင့္ေအာင္ဆီက Golden Buzzer ရရွိထားတဲ့ ၿပိဳင္ပြဲဝင္ျဖစ္ၿပီး မႏွစ္ကလည္း အစြမ္းျပယွဥ္ၿပိဳင္ခဲ့သူျဖစ္တာမို႔ သူမ်ား ရရွိသြားေလမလား ဆိုတာလည္း ပရိသတ္ေတြက ရင္တမမ ေစာင့္ၾကည့္ေနၾကရတာပါ။

ေနာက္ဆုံးမွာေတာ့ Myanmar’s Got Talent ရဲ႕ ခ်န္ပီယံ Winner ဆုရွင္ကို ေၾကညာခ်ိန္မွာေတာ့ ဘုန္းျမတ္မင္းက ရရွိသြားခဲ့ၿပီး ၿပိဳင္ပြဲမွတ္တမ္းမွာေတာ့ အသက္အငယ္ဆုံး ခ်န္ပီယံတဦး ျဖစ္လာခဲ့ပါၿပီ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013