Home
မေးမြန်းခန်း
အမွေဆက်ခံရေး - (ဥပဒေရေးရာ အမေးအဖြေ)
DVB
·
September 14, 2019
အမွေဆက်ခံရေးနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်က မေးမြန်းလာထားတာတွေကို ဒေါ်ခင်မေသန်း (တရားလွှတ်တော်ရှေ့နေ) အား ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး။ ။ ကျနော်တို့မှာ မောင်နှမ ၄ ယောက် ရှိပါတယ်။ အဖေက ဆုံးသွားတာ ကြာပါပြီ။ အမေပဲ ရှိပါတော့တယ်။ သမီး ၃ ယောက်က အိမ်ခွဲသွားပြီဖြစ်လို့ ကျနော်က အမေနဲ့ အတူနေပါတယ်။ အိမ်ထောင်ခွဲ သမီးတွေကို သင့်တင့်တဲ့ ငွေကြေးများ ပေးပြီးဖြစ်လို့ လက်ရှိ နေထိုင်တဲ့ အိမ်ဝိုင်းကို အမေက ကျနော့်ကို စာချုပ်စာတမ်းနဲ့ အပိုင်ပေးလိုပါတယ်။ အပိုင်ပေးတဲ့ကိစ္စကို အသိသက်သေ ၄ ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။ တရားဝင်မှု ရှိ မရှိ၊ တရားဝင်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ သိလိုပါတယ်။ ဖြေ။ ။ မြန်မာ ဗုဒ္ဓဘာသာ ဖြစ်တဲ့အတွက်ကြောင့် မြန်မာဓလေ့ထုံးတမ်းဥပဒေနဲ့ အကျုံးဝင်ပါတယ်။ နောက် မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေအရ မိခင်က သက်ရှိထင်ရှား ရှိနေတဲ့အတွက်ကြောင့် မိခင်တဦးတည်း ပိုင်တယ်။ အမွေဆိုင်ပစ္စည်းအဖြစ် မရောက်သေးဘူး။ မိခင်မှာ စီမံခန့်ခွဲပိုင်ခွင့် ရှိလားဆိုေတာ့ ရှိပါတယ်။ အမေ ကွယ်လွန်ရင်တော့ ကျန်တဲ့ သားသမီးတွေက အမွေဆိုင်တွေ ဖြစ်လာမှာပဲ။ မေးခွန်းအရ သားတယောက်တည်းကိုပဲ ပေးချင်တယ် ဆိုရင်လည်း ပေးပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ ဥပဒေတခု ရှိတာက ကျန်အမွေဆိုင်တွေ ခွဲဖို့ ဘာမှမကျန်လောက်အောင် မိခင်ကနေပြီးတော့ ရှိရှိသမျှ ပစ္စည်းကိုတော့ အကုန်ပေးလို့ မရဘူး။ ပေးရင် ပျက်ပါတယ်။ ဒါကို သတိပြုရမှာ ဖြစ်ပါတယ်။ မေးခွန်းမှာပါတဲ့ အပိုင်ပေးတယ် ဆိုတာက ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ စာချုပ် ချုပ်တယ်ပေါ့.. စသဖြင့် ပြောထားတယ်။ ဒါပေမဲ့ အခုလို့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းကို ပေးရင် မှတ်ပုံတင်စာချုပ် ချုပ်မှသာလျှင် တရားဝင်ပါတယ်လို့ ဖြေကြားချင်ပါတယ်။  မေး။ အဘိုးဖြစ်သူက ခရစ်ယာန်ဘာသာဝင် ဖြစ်ပြီး ဇနီးမယား နှစ်ဦးနဲ့ သေဆုံးချိန်ထိ ပေါင်းသင်းနေထိုင်ခဲ့ပါတယ်။ ယခုအချိန်တွင် အဘိုးနှင့် မယား နှစ်ဦးလုံး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ သေတမ်းစာ ရေးခဲ့ခြင်း မရှိပါ။ အဘိုး အမည်ပေါက် ပိုင်ဆိုင်တဲ့ အိမ်ခြံမြေတခု ကျန်ခဲ့ပါတယ်။ အဲဒီမှာ မယားကြီးဘက်မှ သားသမီးတွေက မယားငယ်ဘက်မှ သားသမီးတွေကို မောင်းထုတ်ပြီး နေထိုင်နေကြပါတယ်။ ၂၀၀၃ ခုနှစ်တွင် အဘိုး ဆုံး၍ ၂၀၁၃ ခုနှစ်တွင် မယားကြီးဘက်မှ သားသမီးများနှင့် ကချင်ယဉ်ကျေးမှုဓလေ့ထုံးစံဖြင့် ဖြေရှင်းခဲ့ပေမယ့် အဆင်မပြေခဲ့ပ်။ အခုချိန်မှာ မယားငယ်ဘက်က သားသမီးတွေက တရားစွဲချင်ပေမယ့် ဖခင် သေဆုံးပြီး ၁၂ နှစ်အတွင်းသာ အကျုံးဝင်တယ်လို့ ပြောနေကြတဲ့အတွက် အမွေဆက်ခံခွင့်အတွက် ဘယ်လို ဆက်လုပ်ရမလဲ ဆိုတာကို သိပါရစေ။ ဖြေ။ ။ အမွေကိစ္စနဲ့ပတ်သက်ရင် နံပါတ်တစ် အချက်က ကွယ်လွန်သူ အမွေရှင် အဘိုးနဲ့ သက်ဆိုင်တဲ့၊ အကျုံးဝင်တဲ့ ဥပဒေ ဘာလဲဆိုတာ ကြည့်ရမယ်။ ခရစ်ယာန်ဆိုတော့ ခရစ်ယာန်ဥပဒေနဲ့ အကျုံးဝင်တယ်။ ကချင်ဓလေ့ထုံးတမ်း ယဉ်ကျေးမှုနဲ့လည်း အကျုံးဝင်တယ်။ နောက် ကာလစည်းကမ်းသတ်ဥပဒေ ပထမဇယား အမှတ်စဉ်၊ ၁၄၄ မှာ အမွေရှင် ကွယ်လွန်တဲ့နေ့ကစ၍ ဖြစ်စေ၊ အဲဒီ ကွယ်လွန်တဲ့ပစ္စည်းနဲ့ ပတ်သက်ပြီး ခွဲဖို့ ပြောတာကို ငြင်းတဲ့နေ့ကစပြီး ရေတွက်ရင် ၁၂ နှစ်အတွင်း တရားစွဲရပါမယ်။ ၂၀၁၃ ခုနှစ်မှာ အမွေခွဲဖို့ ဖြေရှင်းတာ မပြေလည်ဘူး။ အခု ၂၀၁၉ ခုနှစ်ဆိုတော့ အချိန်မလွန်သေးဘူးပေါ့။ အဲတော့ ကာလစည်းကမ်းသတ်လည်း မလွန်သေးဘူးဆိုတော့ ဥပဒေအတိုင်း အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှုနဲ့ စွဲလို့ရတယ်။ အမွေပစ္စည်း ရှိရမယ်၊ အမွေဆိုင် ရှိရမယ်၊ အမွေပုံ အမျိုးအစားတွေကတော့ သက်ဆိုင်ရာ အမှုသဘောသဘာဝအလိုက်  ပေါ်ပေါက်တဲ့ အချက်အတိုင်း အမိန့်ချမှတ်မှာ ဖြစ်တယ်လို့ ဖြေကြားပေးချင်ပါတယ်။ မေး။ ။  အမွေရှင် သားသမီး ၃ ယောက် ရှိပါတယ်။ အဲဒီထဲက တယောက် ကွယ်လွန်ပြီးကာမှ ကျန်တဲ့ သားသမီး နှစ်ဦးနဲ့ မိသားစု စီမံမှု လုပ်ကြမယ်ဆိုရင် ဥပဒေအရ ဘောင်ဝင်ပါသလား။ ဘယ်လို ဆက်လုပ်ရမလဲဆိုတာကို ဖြေကြားပေးစေချင်ပါတယ်။ ဖြေ။ ။ ပြဿနာက အမွေရှင်ရယ် သက်ရှိထင်ရှား ရှိနေတဲ့ သမီးနှစ်ယောက်ကြား ပြဿနာပေါ့။ အဲဒီတော့ သေသွားတဲ့သူမှာ ဇနီး ရှိသလား၊ ခင်ပွန်း ရှိလား၊ သားသမီး ရှိလား။ ရှိရင် သူတို့က family arrangement  ထဲမှာ ပါရမယ်။ ဒါမှ ပြည့်စုံတဲ့ မိသားစုစီမံမှု ဖြစ်မယ်။ ဒါက ၁ အချက်၊ ၂ အချက်က သေသွားတဲ့သူက လူပျိုလား၊ အပျိုလား၊ မုဆိုးဖိုလား၊ မုဆိုးမလား၊ တစ်ခုလပ်လား၊ ဒါဆိုရင်တော့ မလိုတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သေသူရဲ့ ကိုယ်စားပြုသူက ဒီထဲမှာ မရှိတော့ဘူး။ အဲဒီတော့ မြန်မာဓလေ့ထုံးတမ်းဥပဒေအရ မိသားစုစီမံမှု လုပ်လို့ရပါတယ်။  နှုတ်နဲ့လည်း နည်းလမ်းတကျ လုပ်လို့ ရပါတယ်။ အများ သဘောတူရမယ်။ ကျေနပ်ရမယ်။ အခွင့်အရေး ရှိတဲ့လူတွေ ပါရမယ်။ ပါတဲ့သူတွေကလည်း အားလုံး သဘောတူရမယ်။ ဒါပေမဲ့ ခွဲမယ့်ပစ္စည်းက အိမ်ခြံမြေ ဖြစ်မယ်၊ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်မယ်၊ ကျပ် တသိန်းထက် ပိုတဲ့ပစ္စည်း ဖြစ်မယ်ဆိုရင်တော့  စာချုပ်ချုပ်ရမယ်။ လုပ်ထုံးလုပ်နည်းနဲ့အညီ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်မှ တရားဝင်ပါမယ်။ ဒါကြောင့် မိသားစု စုံစုံညီညီ မှတ်ပုံတင်၊ စာချုပ်ချုပ် စီမံခန့်ခွဲတာက အကောင်းဆုံးလို့ ဖြေကြားပေးချင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဦးဘဖေပါ ၆ နဲ့ မချိုတီ ၁၉၆၆ မတစ စာမျက်နှာ ၇၂၇၊ ဒေါ်ငွေလှိုင်ပါ ၈ အမှု၊ ၁၉၉၁ မတစ စာမျက်နှာ ၅၀ အမှုတွေမှာလည်း ထုံးဖွဲ့ထားတယ်လို့ ဖြေကြားချင်ပါတယ်။ မေး။ ။ ကျမတို့ မိဘတွေက ဟိန္ဒူဘာသာဝင်တွေပါ။ မိဘတွေ သေဆုံးသွားချိန်မှာ သားသမီး ၅ ယောက်အနက် အစ်ကိုတစ်ယောက်နဲ့ ညီမတစ်ယောက်ပဲ ကျန်ပါတယ်။ ကျန်တဲ့ မောင်နှမတွေလည်း ဆုံးသွားပါပြီ။ သားသမီးတွေတော့ ကျန်ပါတယ်။ အစ်ကိုဖြစ်သူက မိဘအမွေကို သမီးမိန်းကလေးတွေနဲ့ မဆိုင်ဘူး၊ မပေးနိုင်ဘူးလို့ ပြောနေပါတယ်။ မိဘတွေက သေတမ်းစာ မရေးခဲ့ဘူးဆိုရင် မိဘတွေ ထားခဲ့တဲ့ အမွေတွေကို ကျန်ရစ်တဲ့ သားသမီး ၅ ယောက် ညီတူမျှတူ ခွဲဝေရမှာလား။ ဘယ်လို လုပ်ရမလဲဆိုတာကို ပြောပြပေးစေချင်ပါတယ်။ ဖြေ။ ။ မြန်မာဓလေ့ထုံးတမ်းဥပဒေနဲ့ ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေနဲ့က ကွဲပြားတယ်ဆိုတာ တစ် အချက်အနေနဲ့ သိရပါမယ်။ နောက် နှစ် အချက်က မြန်မာနိုင်ငံ တရားဥပဒေများ အက်ဥပဒေ ပုဒ်မ ၁၃ (၁) အရ မြန်မာနိုင်ငံအတွင်းမှာ ရှိနေတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ အမွေဆက်ခံရေး၊ ထိမ်မြားလက်ထပ်ရေး၊ မျိုးနွယ်ရေး၊ ဘာသာရေးတွေ အားလုံးကို ဟိန္ဒူ ဓလေ့ထုံးတမ်းဥပဒေအရပဲ အဆုံးအဖြတ်ပြုရမှာ ဖြစ်ပါတယ်။ ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေကို ကြည့်လိုက်ရင် ပူးတွဲပိုင်ဆိုင်တဲ့ မိသားစုပုံစံကို အခြေခံထားပါတယ်။ အဲတော့ အမွေရှင်ရဲ့ သား၊ သူ့သားရဲ့သား၊ မြေး ဖြစ်တာပေါ့။ သားရဲ့ သားရဲ့သား၊ မြစ် အဲလိုမျိုးပုံစံနဲ့ မိသားစုတွေက သွေးတူတဲ့ ပုံစံမျိုး ဖြစ်ကြပြီးတော့ အမွေရှင်ရဲ့ အမွေကို သွေးတူသူတွေက ဆက်ခံတာဖြစ်တယ်။  အဲဒါက ဒုတိယအချက်ပေါ့။ အဲဒီတော့ မေးခွန်းအရ ကွယ်လွန်တဲ့ သားသမီးတွေက မိဘတွေနောက်မှာ ကွယ်လွန်ရင်တော့ သေတဲ့သူတွေရဲ့ သားသမီးမြေး၊ မြစ်တွေက အမွေဆက်ခံခွင့်ရမယ်။ ဒါပေမဲ့ မိဘတွေအရင် ကွယ်လွန်ရင်တော့ ကိုယ်စားပြု ဆက်ခံနိုင်ခွင့် မရှိတဲ့အတွက်ကြောင့် အမွေမရနိုင်ပါဘူး။ နောက်တစ်ခါ ဟိန္ဒူတွေရဲ့ ဓလေ့ထုံးတမ်းက ခုနက ပြောတဲ့ သား၊ သားရဲ့ သား ဆိုတဲ့အတိုင်းပဲ သားယောက်ျားလေးဖြစ်တဲ့ အစ်ကို ရှိနေတဲ့အတွက်ကြောင့်မို့လို့  သမီးမိန်းကလေးဖြစ်တဲ့ ညီမဖြစ်တဲ့သူက အမွေရခွင့် မရှိပါဘူးလို့ပဲ ဖြေကြားချင်ပါတယ်။ မေး။ ။  မိဘများဆုံးတော့ သားသမီး ၈ ဦး ကျန်ခဲ့ပါတယ်။ နံပါတ် ၆ အစ်မရဲ့ အမျိုးသားက သေဆုံးသွားတာ ၂ နှစ်ရှိပါပြီ။ အဲဒီအစ်မက နောက်အိမ်ထောင်ပြုဖို့ အစီအစဉ်ရှိလာတော့ အိမ်ထောင်မပြုခင်မှာ သူ ပိုင်ဆိုင်တဲ့ အိမ်၊ ပစ္စည်း၊ ငွေကြေး စတာတွေကို သူမရဲ့ အိမ်ထောင်ဘက်ထက် သူက အရင်ဦးစွာ သေဆုံးခဲ့ရင် မောင် ၂ ယောက်ဖြစ်တဲ့ နံပါတ် ၇ နဲ့ ၈ တို့ကို တရားဝင် လွှဲပြောင်းပေးခဲ့ချင်ပါတယ်။ မောင် နှစ်ယောက်တည်းကို လွှဲပေးလို့ ရပါသလား။ ကျန်တဲ့မောင်နှမတွေက ဝင်ပြီး တောင်းခံခွင့် ရှိပါသလား။  အစ်မရဲ့ နောက်အိမ်ထောင်နဲ့ကော သက်ဆိုင်မှု ရှိပါသလား ဆိုတာကို သိပါရစေ။ ဖြေ။ ။ မေးခွန်းက နံပါတ် ၆ အစ်မရဲ့ ပြဿနာပေါ့။ မေးခွန်းအရ သားသးမီးလည်း သူက မွေးထားတာ မတွေ့ဘူး။ နောက်အိမ်ထောင်ပြုရင် နံပတ် ၆ အမရဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ပါရင်းအဖြစ် ဥပဒေကတော့ နောက်အိမ်ထောင်ဆီကို ရောက်သွားမှာတော့ သေချာပါတယ်။  နံပတ် ၆ အစ်မက နောက်အိမ်ထောင်ပြုရင် သားသမီး မွေးလား၊ မမွေးလားလည်း မသေချာပါဘူး။ နောက်ယောက်ျားနဲ့ ယူလိုက်တဲ့အခါမှာ သူ အရင်သေမလား၊ ယောက်ျားက အရင်သေမှာလား ဆိုတာလည်း မသေချာပါဘူး။ အဲဒီတော့ သူ မသေခင် သူ့ပစ္စည်းတွေကို မောင်နှစ်ယောက်ကို လွှဲပေးချင်တယ်။ အဲလိုလွှဲပေးရင် ကျန်တဲ့ မောင်နှမတွေက ဝင်ပြီး နှောင့်ယှက်မလားဆိုပြီး မေးခွန်းမေးလာတယ်။ အဲဒီတော့ နောက်အိမ်ထောင်မပြုခင်မှာ ကိုယ် ပေးချင်တဲ့ပစ္စည်းကို ကိုယ်ပေးချင်တဲ့သူကို ပေးလို့ရပါတယ်။ တရားဝင် လက်ရောက် လွှဲပြောင်းပေးရမယ်။ နောက်တစ်ချက်က နံပါတ် ၆ အစ်မနေနဲ့က ကျန်တဲ့မောင်နှမတွေကို သူ သေရင် သူ့ပစ္စည်းတွေကို မောင်နှစ်ယောက်ကို ပေးပါလို့ မှာကြားမယ် ဆိုတာမျိုးက လုပ်ခွင့် မရှိဘူး။ ရေးသားထားခွင့်လည်း မရှိဘူး။ ဗမာ့ဓလေ့ထုံးတမ်းဥပဒေက သေတမ်းစာ ရေးသားခွင့်ကို တားမြစ်ပိတ်ပင်ထားပါတယ်။ ဒါကြောင့် ဒီလို့ မှာကြားရုံနဲ့ ပေးဖို့ ရည်စူးထားတဲ့ မောင်နှစ်ယောက်ဆီကိုလည်း ရောက်မှာ မဟုတ်ပါဘူး။ အဲတော့ နောက်အိမ်ထောင်ပြုသွားတဲ့ ခင်ပွန်းကတော့ သူ့ဆီ ရောက်လာတဲ့ ပစ္စည်းကတော့ ဥပဒေအခွင့်အရေး ရှိသမျှတော့ ဆိုင်နေမှာပဲ။ ဒါကြောင့် နံပါတ် ၆ အစ်မရဲ့ ပြဿနာအနေနဲ့ သူ့မောင်နှစ်ယောက်ကို ပေးချင်ရင် နောက်အိမ်ထောင်မပြုခင်မှာ တိတိလင်းလင်း အခုအချိန်မှာ စီမံပိုင်ခွင့်ရှိတယ်လို့ ဖြေကြားပေးချင်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အေမြဆက္ခံေရး - (ဥပေဒေရးရာ အေမးအေျဖ) အေမြဆက္ခံေရးနဲ႔ပတ္သက္ၿပီး လူမႈကြန္ရက္ေပၚက ေမးျမန္းလာထားတာေတြကို ေဒၚခင္ေမသန္း (တရားလႊတ္ေတာ္ေရွ႕ေန) အား ဒီဗြီဘီက ေတြ႕ဆုံေမးျမန္းထားပါတယ္။ ေမး။ ။ က်ေနာ္တို႔မွာ ေမာင္ႏွမ ၄ ေယာက္ ရွိပါတယ္။ အေဖက ဆုံးသြားတာ ၾကာပါၿပီ။ အေမပဲ ရွိပါေတာ့တယ္။ သမီး ၃ ေယာက္က အိမ္ခြဲသြားၿပီျဖစ္လို႔ က်ေနာ္က အေမနဲ႔ အတူေနပါတယ္။ အိမ္ေထာင္ခြဲ သမီးေတြကို သင့္တင့္တဲ့ ေငြေၾကးမ်ား ေပးၿပီးျဖစ္လို႔ လက္ရွိ ေနထိုင္တဲ့ အိမ္ဝိုင္းကို အေမက က်ေနာ့္ကို စာခ်ဳပ္စာတမ္းနဲ႔ အပိုင္ေပးလိုပါတယ္။ အပိုင္ေပးတဲ့ကိစၥကို အသိသက္ေသ ၄ ဦး၊ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးနဲ႔ စာခ်ဳပ္ခ်ဳပ္ခဲ့ပါတယ္။ တရားဝင္မႈ ရွိ မရွိ၊ တရားဝင္ေအာင္ ဘယ္လိုလုပ္ရမလဲ ဆိုတာ သိလိုပါတယ္။ ေျဖ။ ။ ျမန္မာ ဗုဒၶဘာသာ ျဖစ္တဲ့အတြက္ေၾကာင့္ ျမန္မာဓေလ့ထုံးတမ္းဥပေဒနဲ႔ အက်ဳံးဝင္ပါတယ္။ ေနာက္ ျမန္မာ့ဓေလ့ ထုံးတမ္းဥပေဒအရ မိခင္က သက္ရွိထင္ရွား ရွိေနတဲ့အတြက္ေၾကာင့္ မိခင္တဦးတည္း ပိုင္တယ္။ အေမြဆိုင္ပစၥည္းအျဖစ္ မေရာက္ေသးဘူး။ မိခင္မွာ စီမံခန႔္ခြဲပိုင္ခြင့္ ရွိလားဆိုေတာ့ ရွိပါတယ္။ အေမ ကြယ္လြန္ရင္ေတာ့ က်န္တဲ့ သားသမီးေတြက အေမြဆိုင္ေတြ ျဖစ္လာမွာပဲ။ ေမးခြန္းအရ သားတေယာက္တည္းကိုပဲ ေပးခ်င္တယ္ ဆိုရင္လည္း ေပးပိုင္ခြင့္ရွိပါတယ္။ ဒါေပမဲ့ အေရးႀကီးတဲ့ ဥပေဒတခု ရွိတာက က်န္အေမြဆိုင္ေတြ ခြဲဖို႔ ဘာမွမက်န္ေလာက္ေအာင္ မိခင္ကေနၿပီးေတာ့ ရွိရွိသမွ် ပစၥည္းကိုေတာ့ အကုန္ေပးလို႔ မရဘူး။ ေပးရင္ ပ်က္ပါတယ္။ ဒါကို သတိျပဳရမွာ ျဖစ္ပါတယ္။ ေမးခြန္းမွာပါတဲ့ အပိုင္ေပးတယ္ ဆိုတာက ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးေတြနဲ႔ စာခ်ဳပ္ ခ်ဳပ္တယ္ေပါ့.. စသျဖင့္ ေျပာထားတယ္။ ဒါေပမဲ့ အခုလို႔ မေ႐ႊ႕မေျပာင္းႏိုင္တဲ့ ပစၥည္းကို ေပးရင္ မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္မွသာလွ်င္ တရားဝင္ပါတယ္လို႔ ေျဖၾကားခ်င္ပါတယ္။ ေမး။ အဘိုးျဖစ္သူက ခရစ္ယာန္ဘာသာဝင္ ျဖစ္ၿပီး ဇနီးမယား ႏွစ္ဦးနဲ႔ ေသဆုံးခ်ိန္ထိ ေပါင္းသင္းေနထိုင္ခဲ့ပါတယ္။ ယခုအခ်ိန္တြင္ အဘိုးႏွင့္ မယား ႏွစ္ဦးလုံး ေသဆုံးခဲ့ၿပီး ျဖစ္ပါတယ္။ ေသတမ္းစာ ေရးခဲ့ျခင္း မရွိပါ။ အဘိုး အမည္ေပါက္ ပိုင္ဆိုင္တဲ့ အိမ္ၿခံေျမတခု က်န္ခဲ့ပါတယ္။ အဲဒီမွာ မယားႀကီးဘက္မွ သားသမီးေတြက မယားငယ္ဘက္မွ သားသမီးေတြကို ေမာင္းထုတ္ၿပီး ေနထိုင္ေနၾကပါတယ္။ ၂၀၀၃ ခုႏွစ္တြင္ အဘိုး ဆုံး၍ ၂၀၁၃ ခုႏွစ္တြင္ မယားႀကီးဘက္မွ သားသမီးမ်ားႏွင့္ ကခ်င္ယဥ္ေက်းမႈဓေလ့ထုံးစံျဖင့္ ေျဖရွင္းခဲ့ေပမယ့္ အဆင္မေျပခဲ့ပ္။ အခုခ်ိန္မွာ မယားငယ္ဘက္က သားသမီးေတြက တရားစြဲခ်င္ေပမယ့္ ဖခင္ ေသဆုံးၿပီး ၁၂ ႏွစ္အတြင္းသာ အက်ဳံးဝင္တယ္လို႔ ေျပာေနၾကတဲ့အတြက္ အေမြဆက္ခံခြင့္အတြက္ ဘယ္လို ဆက္လုပ္ရမလဲ ဆိုတာကို သိပါရေစ။ ေျဖ။ ။ အေမြကိစၥနဲ႔ပတ္သက္ရင္ နံပါတ္တစ္ အခ်က္က ကြယ္လြန္သူ အေမြရွင္ အဘိုးနဲ႔ သက္ဆိုင္တဲ့၊ အက်ဳံးဝင္တဲ့ ဥပေဒ ဘာလဲဆိုတာ ၾကည့္ရမယ္။ ခရစ္ယာန္ဆိုေတာ့ ခရစ္ယာန္ဥပေဒနဲ႔ အက်ဳံးဝင္တယ္။ ကခ်င္ဓေလ့ထုံးတမ္း ယဥ္ေက်းမႈနဲ႔လည္း အက်ဳံးဝင္တယ္။ ေနာက္ ကာလစည္းကမ္းသတ္ဥပေဒ ပထမဇယား အမွတ္စဥ္၊ ၁၄၄ မွာ အေမြရွင္ ကြယ္လြန္တဲ့ေန႔ကစ၍ ျဖစ္ေစ၊ အဲဒီ ကြယ္လြန္တဲ့ပစၥည္းနဲ႔ ပတ္သက္ၿပီး ခြဲဖို႔ ေျပာတာကို ျငင္းတဲ့ေန႔ကစၿပီး ေရတြက္ရင္ ၁၂ ႏွစ္အတြင္း တရားစြဲရပါမယ္။ ၂၀၁၃ ခုႏွစ္မွာ အေမြခြဲဖို႔ ေျဖရွင္းတာ မေျပလည္ဘူး။ အခု ၂၀၁၉ ခုႏွစ္ဆိုေတာ့ အခ်ိန္မလြန္ေသးဘူးေပါ့။ အဲေတာ့ ကာလစည္းကမ္းသတ္လည္း မလြန္ေသးဘူးဆိုေတာ့ ဥပေဒအတိုင္း အေမြပုံပစၥည္း စီမံခန႔္ခြဲေပးေစလိုမႈနဲ႔ စြဲလို႔ရတယ္။ အေမြပစၥည္း ရွိရမယ္၊ အေမြဆိုင္ ရွိရမယ္၊ အေမြပုံ အမ်ိဳးအစားေတြကေတာ့ သက္ဆိုင္ရာ အမႈသေဘာသဘာဝအလိုက္  ေပၚေပါက္တဲ့ အခ်က္အတိုင္း အမိန႔္ခ်မွတ္မွာ ျဖစ္တယ္လို႔ ေျဖၾကားေပးခ်င္ပါတယ္။ ေမး။ ။  အေမြရွင္ သားသမီး ၃ ေယာက္ ရွိပါတယ္။ အဲဒီထဲက တေယာက္ ကြယ္လြန္ၿပီးကာမွ က်န္တဲ့ သားသမီး ႏွစ္ဦးနဲ႔ မိသားစု စီမံမႈ လုပ္ၾကမယ္ဆိုရင္ ဥပေဒအရ ေဘာင္ဝင္ပါသလား။ ဘယ္လို ဆက္လုပ္ရမလဲဆိုတာကို ေျဖၾကားေပးေစခ်င္ပါတယ္။ ေျဖ။ ။ ျပႆနာက အေမြရွင္ရယ္ သက္ရွိထင္ရွား ရွိေနတဲ့ သမီးႏွစ္ေယာက္ၾကား ျပႆနာေပါ့။ အဲဒီေတာ့ ေသသြားတဲ့သူမွာ ဇနီး ရွိသလား၊ ခင္ပြန္း ရွိလား၊ သားသမီး ရွိလား။ ရွိရင္ သူတို႔က family arrangement  ထဲမွာ ပါရမယ္။ ဒါမွ ျပည့္စုံတဲ့ မိသားစုစီမံမႈ ျဖစ္မယ္။ ဒါက ၁ အခ်က္၊ ၂ အခ်က္က ေသသြားတဲ့သူက လူပ်ိဳလား၊ အပ်ိဳလား၊ မုဆိုးဖိုလား၊ မုဆိုးမလား၊ တစ္ခုလပ္လား၊ ဒါဆိုရင္ေတာ့ မလိုေတာ့ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ေသသူရဲ႕ ကိုယ္စားျပဳသူက ဒီထဲမွာ မရွိေတာ့ဘူး။ အဲဒီေတာ့ ျမန္မာဓေလ့ထုံးတမ္းဥပေဒအရ မိသားစုစီမံမႈ လုပ္လို႔ရပါတယ္။  ႏႈတ္နဲ႔လည္း နည္းလမ္းတက် လုပ္လို႔ ရပါတယ္။ အမ်ား သေဘာတူရမယ္။ ေက်နပ္ရမယ္။ အခြင့္အေရး ရွိတဲ့လူေတြ ပါရမယ္။ ပါတဲ့သူေတြကလည္း အားလုံး သေဘာတူရမယ္။ ဒါေပမဲ့ ခြဲမယ့္ပစၥည္းက အိမ္ၿခံေျမ ျဖစ္မယ္၊ မေ႐ႊ႕မေျပာင္းႏိုင္တဲ့ပစၥည္း ျဖစ္မယ္၊ က်ပ္ တသိန္းထက္ ပိုတဲ့ပစၥည္း ျဖစ္မယ္ဆိုရင္ေတာ့  စာခ်ဳပ္ခ်ဳပ္ရမယ္။ လုပ္ထုံးလုပ္နည္းနဲ႔အညီ စာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ုံးမွာ မွတ္ပုံတင္မွ တရားဝင္ပါမယ္။ ဒါေၾကာင့္ မိသားစု စုံစုံညီညီ မွတ္ပုံတင္၊ စာခ်ဳပ္ခ်ဳပ္ စီမံခန႔္ခြဲတာက အေကာင္းဆုံးလို႔ ေျဖၾကားေပးခ်င္ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ ဦးဘေဖပါ ၆ နဲ႔ မခ်ိဳတီ ၁၉၆၆ မတစ စာမ်က္ႏွာ ၇၂၇၊ ေဒၚေငြလႈိင္ပါ ၈ အမႈ၊ ၁၉၉၁ မတစ စာမ်က္ႏွာ ၅၀ အမႈေတြမွာလည္း ထုံးဖြဲ႕ထားတယ္လို႔ ေျဖၾကားခ်င္ပါတယ္။ ေမး။ ။ က်မတို႔ မိဘေတြက ဟိႏၵဴဘာသာဝင္ေတြပါ။ မိဘေတြ ေသဆုံးသြားခ်ိန္မွာ သားသမီး ၅ ေယာက္အနက္ အစ္ကိုတစ္ေယာက္နဲ႔ ညီမတစ္ေယာက္ပဲ က်န္ပါတယ္။ က်န္တဲ့ ေမာင္ႏွမေတြလည္း ဆုံးသြားပါၿပီ။ သားသမီးေတြေတာ့ က်န္ပါတယ္။ အစ္ကိုျဖစ္သူက မိဘအေမြကို သမီးမိန္းကေလးေတြနဲ႔ မဆိုင္ဘူး၊ မေပးႏိုင္ဘူးလို႔ ေျပာေနပါတယ္။ မိဘေတြက ေသတမ္းစာ မေရးခဲ့ဘူးဆိုရင္ မိဘေတြ ထားခဲ့တဲ့ အေမြေတြကို က်န္ရစ္တဲ့ သားသမီး ၅ ေယာက္ ညီတူမွ်တူ ခြဲေဝရမွာလား။ ဘယ္လို လုပ္ရမလဲဆိုတာကို ေျပာျပေပးေစခ်င္ပါတယ္။ ေျဖ။ ။ ျမန္မာဓေလ့ထုံးတမ္းဥပေဒနဲ႔ ဟိႏၵဴဓေလ့ထုံးတမ္းဥပေဒနဲ႔က ကြဲျပားတယ္ဆိုတာ တစ္ အခ်က္အေနနဲ႔ သိရပါမယ္။ ေနာက္ ႏွစ္ အခ်က္က ျမန္မာႏိုင္ငံ တရားဥပေဒမ်ား အက္ဥပေဒ ပုဒ္မ ၁၃ (၁) အရ ျမန္မာႏိုင္ငံအတြင္းမွာ ရွိေနတဲ့ ဟိႏၵဴဘာသာဝင္ေတြရဲ႕ အေမြဆက္ခံေရး၊ ထိမ္ျမားလက္ထပ္ေရး၊ မ်ိဳးႏြယ္ေရး၊ ဘာသာေရးေတြ အားလုံးကို ဟိႏၵဴ ဓေလ့ထုံးတမ္းဥပေဒအရပဲ အဆုံးအျဖတ္ျပဳရမွာ ျဖစ္ပါတယ္။ ဟိႏၵဴဓေလ့ထုံးတမ္းဥပေဒကို ၾကည့္လိုက္ရင္ ပူးတြဲပိုင္ဆိုင္တဲ့ မိသားစုပုံစံကို အေျခခံထားပါတယ္။ အဲေတာ့ အေမြရွင္ရဲ႕ သား၊ သူ႔သားရဲ႕သား၊ ေျမး ျဖစ္တာေပါ့။ သားရဲ႕ သားရဲ႕သား၊ ျမစ္ အဲလိုမ်ိဳးပုံစံနဲ႔ မိသားစုေတြက ေသြးတူတဲ့ ပုံစံမ်ိဳး ျဖစ္ၾကၿပီးေတာ့ အေမြရွင္ရဲ႕ အေမြကို ေသြးတူသူေတြက ဆက္ခံတာျဖစ္တယ္။  အဲဒါက ဒုတိယအခ်က္ေပါ့။ အဲဒီေတာ့ ေမးခြန္းအရ ကြယ္လြန္တဲ့ သားသမီးေတြက မိဘေတြေနာက္မွာ ကြယ္လြန္ရင္ေတာ့ ေသတဲ့သူေတြရဲ႕ သားသမီးေျမး၊ ျမစ္ေတြက အေမြဆက္ခံခြင့္ရမယ္။ ဒါေပမဲ့ မိဘေတြအရင္ ကြယ္လြန္ရင္ေတာ့ ကိုယ္စားျပဳ ဆက္ခံႏိုင္ခြင့္ မရွိတဲ့အတြက္ေၾကာင့္ အေမြမရႏိုင္ပါဘူး။ ေနာက္တစ္ခါ ဟိႏၵဴေတြရဲ႕ ဓေလ့ထုံးတမ္းက ခုနက ေျပာတဲ့ သား၊ သားရဲ႕ သား ဆိုတဲ့အတိုင္းပဲ သားေယာက္်ားေလးျဖစ္တဲ့ အစ္ကို ရွိေနတဲ့အတြက္ေၾကာင့္မို႔လို႔  သမီးမိန္းကေလးျဖစ္တဲ့ ညီမျဖစ္တဲ့သူက အေမြရခြင့္ မရွိပါဘူးလို႔ပဲ ေျဖၾကားခ်င္ပါတယ္။ ေမး။ ။  မိဘမ်ားဆုံးေတာ့ သားသမီး ၈ ဦး က်န္ခဲ့ပါတယ္။ နံပါတ္ ၆ အစ္မရဲ႕ အမ်ိဳးသားက ေသဆုံးသြားတာ ၂ ႏွစ္ရွိပါၿပီ။ အဲဒီအစ္မက ေနာက္အိမ္ေထာင္ျပဳဖို႔ အစီအစဥ္ရွိလာေတာ့ အိမ္ေထာင္မျပဳခင္မွာ သူ ပိုင္ဆိုင္တဲ့ အိမ္၊ ပစၥည္း၊ ေငြေၾကး စတာေတြကို သူမရဲ႕ အိမ္ေထာင္ဘက္ထက္ သူက အရင္ဦးစြာ ေသဆုံးခဲ့ရင္ ေမာင္ ၂ ေယာက္ျဖစ္တဲ့ နံပါတ္ ၇ နဲ႔ ၈ တို႔ကို တရားဝင္ လႊဲေျပာင္းေပးခဲ့ခ်င္ပါတယ္။ ေမာင္ ႏွစ္ေယာက္တည္းကို လႊဲေပးလို႔ ရပါသလား။ က်န္တဲ့ေမာင္ႏွမေတြက ဝင္ၿပီး ေတာင္းခံခြင့္ ရွိပါသလား။  အစ္မရဲ႕ ေနာက္အိမ္ေထာင္နဲ႔ေကာ သက္ဆိုင္မႈ ရွိပါသလား ဆိုတာကို သိပါရေစ။ ေျဖ။ ။ ေမးခြန္းက နံပါတ္ ၆ အစ္မရဲ႕ ျပႆနာေပါ့။ ေမးခြန္းအရ သားသးမီးလည္း သူက ေမြးထားတာ မေတြ႕ဘူး။ ေနာက္အိမ္ေထာင္ျပဳရင္ နံပတ္ ၆ အမရဲ႕ ပိုင္ဆိုင္တဲ့ပစၥည္းေတြကို ပါရင္းအျဖစ္ ဥပေဒကေတာ့ ေနာက္အိမ္ေထာင္ဆီကို ေရာက္သြားမွာေတာ့ ေသခ်ာပါတယ္။  နံပတ္ ၆ အစ္မက ေနာက္အိမ္ေထာင္ျပဳရင္ သားသမီး ေမြးလား၊ မေမြးလားလည္း မေသခ်ာပါဘူး။ ေနာက္ေယာက္်ားနဲ႔ ယူလိုက္တဲ့အခါမွာ သူ အရင္ေသမလား၊ ေယာက္်ားက အရင္ေသမွာလား ဆိုတာလည္း မေသခ်ာပါဘူး။ အဲဒီေတာ့ သူ မေသခင္ သူ႔ပစၥည္းေတြကို ေမာင္ႏွစ္ေယာက္ကို လႊဲေပးခ်င္တယ္။ အဲလိုလႊဲေပးရင္ က်န္တဲ့ ေမာင္ႏွမေတြက ဝင္ၿပီး ေႏွာင့္ယွက္မလားဆိုၿပီး ေမးခြန္းေမးလာတယ္။ အဲဒီေတာ့ ေနာက္အိမ္ေထာင္မျပဳခင္မွာ ကိုယ္ ေပးခ်င္တဲ့ပစၥည္းကို ကိုယ္ေပးခ်င္တဲ့သူကို ေပးလို႔ရပါတယ္။ တရားဝင္ လက္ေရာက္ လႊဲေျပာင္းေပးရမယ္။ ေနာက္တစ္ခ်က္က နံပါတ္ ၆ အစ္မေနနဲ႔က က်န္တဲ့ေမာင္ႏွမေတြကို သူ ေသရင္ သူ႔ပစၥည္းေတြကို ေမာင္ႏွစ္ေယာက္ကို ေပးပါလို႔ မွာၾကားမယ္ ဆိုတာမ်ိဳးက လုပ္ခြင့္ မရွိဘူး။ ေရးသားထားခြင့္လည္း မရွိဘူး။ ဗမာ့ဓေလ့ထုံးတမ္းဥပေဒက ေသတမ္းစာ ေရးသားခြင့္ကို တားျမစ္ပိတ္ပင္ထားပါတယ္။ ဒါေၾကာင့္ ဒီလို႔ မွာၾကား႐ုံနဲ႔ ေပးဖို႔ ရည္စူးထားတဲ့ ေမာင္ႏွစ္ေယာက္ဆီကိုလည္း ေရာက္မွာ မဟုတ္ပါဘူး။ အဲေတာ့ ေနာက္အိမ္ေထာင္ျပဳသြားတဲ့ ခင္ပြန္းကေတာ့ သူ႔ဆီ ေရာက္လာတဲ့ ပစၥည္းကေတာ့ ဥပေဒအခြင့္အေရး ရွိသမွ်ေတာ့ ဆိုင္ေနမွာပဲ။ ဒါေၾကာင့္ နံပါတ္ ၆ အစ္မရဲ႕ ျပႆနာအေနနဲ႔ သူ႔ေမာင္ႏွစ္ေယာက္ကို ေပးခ်င္ရင္ ေနာက္အိမ္ေထာင္မျပဳခင္မွာ တိတိလင္းလင္း အခုအခ်ိန္မွာ စီမံပိုင္ခြင့္ရွိတယ္လို႔ ေျဖၾကားေပးခ်င္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024