Home
မြန်မာသတင်း
နမ့်ဆန်မြို့နယ်တွင် တပ်မတော်နှင့် တီအန်အယ်လ်အေ တိုက်ပွဲပြင်းထန်နေ 
နော်နိုရင်း
·
September 13, 2019
ရှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့အနီးမှာ ဒီကနေ့ မနက်ပိုင်းကစပြီး တပ်မတော်နဲ့ တီအန်အယ်လ်အေအဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ နမ့်ဆန်ဒေသခံတဦးက ပြောပါတယ်။ မနက် ၆ နာရီ ဝန်းကျင်ကစပြီး နမ့်ဆန်မြို့နယ် ဟိုချောင်းကျေးရွာအထက် တောင်ရိုးဘုရားမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး မနက် ၁၀ နာရီကျော်မှာတော့ တပ်မတော်က အင်အားအလုံးအရင်းနဲ့ တက်လာသလို နေ့ခင်းပိုင်း ၂ နာရီလောက်မှာလည်း ရဟတ်ယာဉ်နဲ့ ပစ်ခတ်နေတယ်လို့လည်း နမ့်ဆန်မြို့ခံတဦးက ပြောပါတယ်။ “မနက်ကတည်းက သူတို့ ဒီတိုင်းပစ်ကြတာ။ ၁၀ နာရီကျော်လောက်မှာတော့ စစ်တပ်က ဟိုဘက်တောင်ရိုးဘုရားကို တက်သွားတယ်။ အခုနတုန်းက ၂ နာရီဝန်းကျင်လောက်ထင်တယ်။ သူတို့ အဲဒီတောင်ရိုးဘုရားမှာ ရဟတ်ယာဉ်နဲ့ ၃ စီးလားမသိဘူး သွားပစ်နေတယ်။ ” တိုက်ပွဲကြောင့် ဟိုချောင်းကျေးရွာသားတွေ  ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။ နမ့်ဆန်မြို့ပေါ်မှာတော့ ဒေသခံတွေ ထိပ်လန့်နေကြပြီး နေအိမ်တွေ၊ ဆိုင်တွေကို အကုန်ပိတ်ထားတယ်လို့လည်း ပြောပါတယ်။  တီအန်အယ်လ်အ‌ေဘက်တော့ မြန်မာ့တပ်မတော့် တပ်မ ၁၀၁ မှ ခလရ ၂၅၅ က ထိုးစစ်ဆင် လာရောက်တိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့နယ် တောင်ရိုးဘုရား တောင်ပေါ်မှာ ဒီကနေ့ မနက် ၇ နာရီမှာ   တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တပ်ရင်း ၉၁၉ နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ မြန်မာ့တပ်ဟာ ဟိုချောင်းကျေးရွာဘက်မှ တပ်ရင်း ၉၁၉ ရှိရာ တောင်ရိုးပေါ်ကို ထိုးစစ်ဆင် တက်ရောက် တိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်ပွားရတာလို့ ဖော်ပြထားပါတယ်။  ဒါ့အပြင် မြန်မာ့တပ်မတော်က နမ့်ဆန်မြို့ တပ်စခန်းနဲ့  နမ့်မဝေါရပ်ကွက် တရုတ်တန်းကနေပြီး လက်နက်ကြီးတွေနဲ့ တောင်ရိုးတောင်ပေါ်နဲ့  ဟိုချောင်းရွာဘက်ကို အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။ ဒါဟာ မြန်မာ့တပ်မတော်က စက်တင်ဘာ ၂၁ ရက်နေ့အထိ အပစ်ခတ်ရပ်စဲရေး ကြေညာပြီး နောက်ပိုင်း တီအန်အယ်လ်အေကို ၁၁ ကြိမ်တိုင် လာရောက်တိုက်ခိုက်တာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။  တပ်မတော်ဟာ လာမယ့် စက်တင်ဘာ ၂၁ ရက်နေ့အထိ အပစ်ရပ်မယ်လို့ ထုတ်ပြန်ထားသလို တီအန်အယ်လ်အေ၊ ကိုးကန့်နဲ့ အေအေ  မြောက်ပိုင်း ၃ ဖွဲ့ကလည်း အောက်တိုဘာလ ၈ ရက်နေ့ထိ တဖက်သတ်အပစ်ရပ်မယ်လို့ ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ- Mai A Naing ====================== နမ့္ဆန္ၿမိဳ႕နယ္တြင္ တပ္မေတာ္ႏွင့္ တီအန္အယ္လ္ေအ တိုက္ပြဲျပင္းထန္ေန ေနာ္ႏိုရင္း ရွမ္းျပည္ေျမာက္ပိုင္း ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ နမ့္ဆန္ၿမိဳ႕အနီးမွာ ဒီကေန႔ မနက္ပိုင္းကစၿပီး တပ္မေတာ္နဲ႔ တီအန္အယ္လ္ေအအဖြဲ႕တို႔ တိုက္ပြဲျပင္းထန္စြာ ျဖစ္ပြားေနတယ္လို႔ နမ့္ဆန္ေဒသခံတဦးက ေျပာပါတယ္။ မနက္ ၆ နာရီ ဝန္းက်င္ကစၿပီး နမ့္ဆန္ၿမိဳ႕နယ္ ဟိုေခ်ာင္းေက်း႐ြာအထက္ ေတာင္႐ိုးဘုရားမွာ ပစ္ခတ္မႈေတြျဖစ္ပြားခဲ့ၿပီး မနက္ ၁၀ နာရီေက်ာ္မွာေတာ့ တပ္မေတာ္က အင္အားအလုံးအရင္းနဲ႔ တက္လာသလို ေန႔ခင္းပိုင္း ၂ နာရီေလာက္မွာလည္း ရဟတ္ယာဥ္နဲ႔ ပစ္ခတ္ေနတယ္လို႔လည္း နမ့္ဆန္ၿမိဳ႕ခံတဦးက ေျပာပါတယ္။ “မနက္ကတည္းက သူတို႔ ဒီတိုင္းပစ္ၾကတာ။ ၁၀ နာရီေက်ာ္ေလာက္မွာေတာ့ စစ္တပ္က ဟိုဘက္ေတာင္႐ိုးဘုရားကို တက္သြားတယ္။ အခုနတုန္းက ၂ နာရီဝန္းက်င္ေလာက္ထင္တယ္။ သူတို႔ အဲဒီေတာင္႐ိုးဘုရားမွာ ရဟတ္ယာဥ္နဲ႔ ၃ စီးလားမသိဘူး သြားပစ္ေနတယ္။ ” တိုက္ပြဲေၾကာင့္ ဟိုေခ်ာင္းေက်း႐ြာသားေတြ  ေဘးလြတ္ရာ ထြက္ေျပးေနၾကရတယ္လို႔ ဆိုပါတယ္။ နမ့္ဆန္ၿမိဳ႕ေပၚမွာေတာ့ ေဒသခံေတြ ထိပ္လန႔္ေနၾကၿပီး ေနအိမ္ေတြ၊ ဆိုင္ေတြကို အကုန္ပိတ္ထားတယ္လို႔လည္း ေျပာပါတယ္။ တီအန္အယ္လ္အ‌ေဘက္ေတာ့ ျမန္မာ့တပ္မေတာ့္ တပ္မ ၁၀၁ မွ ခလရ ၂၅၅ က ထိုးစစ္ဆင္ လာေရာက္တိုက္ခိုက္မႈေၾကာင့္ နမ့္ဆန္ၿမိဳ႕နယ္ ေတာင္႐ိုးဘုရား ေတာင္ေပၚမွာ ဒီကေန႔ မနက္ ၇ နာရီမွာ   တအာင္းအမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္ TNLA တပ္ရင္း ၉၁၉ နဲ႔ တိုက္ပြဲ ျဖစ္ပြားခဲ့တယ္လို႔ ထုတ္ျပန္ထားပါတယ္။ ျမန္မာ့တပ္ဟာ ဟိုေခ်ာင္းေက်း႐ြာဘက္မွ တပ္ရင္း ၉၁၉ ရွိရာ ေတာင္႐ိုးေပၚကို ထိုးစစ္ဆင္ တက္ေရာက္ တိုက္ခိုက္တာေၾကာင့္ တိုက္ပြဲျဖစ္ပြားရတာလို႔ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ ျမန္မာ့တပ္မေတာ္က နမ့္ဆန္ၿမိဳ႕ တပ္စခန္းနဲ႔  နမ့္မေဝါရပ္ကြက္ တ႐ုတ္တန္းကေနၿပီး လက္နက္ႀကီးေတြနဲ႔ ေတာင္႐ိုးေတာင္ေပၚနဲ႔  ဟိုေခ်ာင္း႐ြာဘက္ကို အဆက္မျပတ္ ပစ္ခတ္ေနတယ္လို႔ ဆိုပါတယ္။ ဒါဟာ ျမန္မာ့တပ္မေတာ္က စက္တင္ဘာ ၂၁ ရက္ေန႔အထိ အပစ္ခတ္ရပ္စဲေရး ေၾကညာၿပီး ေနာက္ပိုင္း တီအန္အယ္လ္ေအကို ၁၁ ႀကိမ္တိုင္ လာေရာက္တိုက္ခိုက္တာ ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ထားပါတယ္။ တပ္မေတာ္ဟာ လာမယ့္ စက္တင္ဘာ ၂၁ ရက္ေန႔အထိ အပစ္ရပ္မယ္လို႔ ထုတ္ျပန္ထားသလို တီအန္အယ္လ္ေအ၊ ကိုးကန႔္နဲ႔ ေအေအ  ေျမာက္ပိုင္း ၃ ဖြဲ႕ကလည္း ေအာက္တိုဘာလ ၈ ရက္ေန႔ထိ တဖက္သတ္အပစ္ရပ္မယ္လို႔ ထုတ္ျပန္ထားပါတယ္။ ဓာတ်ပုံ- Mai A Naing
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024