Home
မြန်မာသတင်း
ကချင်တွင် ၉ လအတွင်း လူကုန်ကူးမှု ၂၁ မှုဖြစ်ပွား၊ တရုတ်မယားအဖြစ် အများဆုံး ရောင်းစားခံရ
Aung Ko Latt
·
September 13, 2019
70615992_1111886665682994_1089333882429374464_n
70504883_1111886539016340_7841405496924831744_n
70380456_1111886505683010_4394038670961672192_n
70276324_1111886425683018_6571941781317877760_n
70047985_1111886605683000_6009703899114504192_n
69883457_1111886455683015_624234489580617728_n
ကချင်ပြည်နယ်မှာ ၉ လအတွင်း လူကုန်ကူးမှု ၂၁ မှုဖြစ်ပွားခဲ့ပြီး တရုတ်မယားအဖြစ် အများဆုံး ရောင်းစားခံခဲ့ရတယ်လို့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောပါတယ်။ စက်တင်ဘာ ၁၃ ရက်နေ့ကျရောက်တဲ့ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို တခြားတိုင်းနှင့် ပြည်နယ်တွေမှာ ကျင်းပသလို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့တော်ခမ်းမမှာလည်း ခမ်းခမ်းနားနားကျင်းပခဲ့ပါတယ်။  ဒီအခမ်းအနားကို ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေ၊ ကျောင်းသားကျောင်းသူတွေ တက်ရောက်ခဲ့ကြပါတယ်။  ကချင်ပြည်နယ်အတွင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီနေ့အထိ လူကုန်ကူးမှု ၂၁ မှုဖြစ်ပွားခဲ့ပြီး အများဆုံးက တရုတ်မယားအဖြစ် ရောင်းစားခံရတာဖြစ်တယ်လို့ ဆိုပါတယ်။ လူကုန်ကူးခံရသူ ၂၈ ဦးရှိကာ အများစုက အမျိုးသမီးတွေဖြစ်ပြီး ဝိုင်းမော်၊ မြစ်ကြီးနား၊ ဗန်းမော်၊ မိုးကောင်း၊ မိုးညှင်းမြို့နယ်တွေမှာ အများဆုံးဖြစ်ပွားခဲ့တာပါ။ "လူကုန်ကူးခံရသူတွေရဲ့ အများစုက လူငယ်၊ လူလတ်ပိုင်း၊ ကလေးတွေ အများဆုံး ဖြစ်နေတဲ့အတွက် နိုင်ငံရဲ့ စွမ်းအားတွေ ဆုံးရှုံးနေရတာဖြစ်လို့ လူကုန်ကူးတိုက်ဖျက်ရေးက လူကုန်ကူးခံရသူကို ကယ်တင်တာ၊ ပြစ်မှုကျုးလွန်သူကို အပြစ်ပေးတာ စတဲ့ အပေါ်ယံ သဘောတင်မကတော့ဘဲ နိုင်ငံ့လူသားအရင်းအမြစ်တွေကို ကာကွယ်ပေးတာဖြစ်လို့ အမျိုးသားရေး တာဝန်တရပ်အနေနဲ့ အားလုံးမှာ တာဝန်ရှိတယ်" လို့ ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က အဖွင့်အမှာစကားမှာ ပြောကြားခဲ့ပါတယ်။ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအတွက် နိုင်ငံတော်ကနေ ၂၀၀၇ ခုနှစ်က စတင်ကာ ၅ နှစ်စီမံကိန်းကို ရေးဆွဲဆောင်ရွက်နေတာပါ။ အခုဆို တတိယ ၅ နှစ်စီမံကိန်းကို ဆောင်ရွက်နေပြီး ၃ နှစ်တာကာလ ရောက်ရှိလာပြီဖြစ်ပါတယ်။  မနှစ်ကနေ ဒီနေ့ထိ လူကုန်ကူးခံရမှု ၂၁၀ မှု၊ လူကုန်ကူးခံရသူ ကျား ၃၂ ဦး၊ မ ၂၅၈ ဦး စုစုပေါင်း ၂၉၀ ဦးရှိခဲ့ကာ ၁၅၆ မှု တရားစွဲတင်နိုင်ခဲ့ပါတယ်။  လူကုန်ကူးသူပေါင်း ၄၈၆ ဦးထိရောက်တဲ့ ပြစ်ဒဏ်ရအောင် ဆောင်ရွက်ထားတယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။  လက်ရှိမှာ မြန်မာနိုင်ငံက လူကုန်ကူးမှု ပင်မနေရာတခုလိုဖြစ်နေတဲ့အတွက် အမေရိကန်နိုင်ငံက ထုတ်ပြန်တဲ့ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာ အဆင့် ၃ (Tier 3)ကို ကျရောက်နေပြီး ရက်ပေါင်း ၉၀ အတွင်း လူကုန်ကူးမှု ကာကွယ်တားဆီးနှိမ်နင်းရေးတွေ မလုပ်ဆောင်နိုင်ရင် လိုအပ်တဲ့ အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်သွားမယ်လို့ဘည်း ပါရှိပါတယ်။  လူကုန်ကူးမှုနဲ့ပတ်သက်လို့ အသိပညာပေးမှုအပိုင်းတွေမှာ အားနည်းနေပြီး လူကုန်ကူး ခံရသူတွေကို ပြန်လည်ပြုစုပျိုးထောင်ရေးကိစ္စတွေမှာလည်း လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်လို့ မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်အတွင်းက ဒေသခံတွေက ပြောပါတယ်။  ကချင်ပြည်နယ်အတွင်း လူကုန်ကူးခံရသူတွေထဲမှာ မိန်းကလေးအများစုဖြစ်ပြီး စစ်ဘေးရှောင်စခန်းတွေကလည်း စားဝတ်နေရေးအခက်အခဲတွေကြောင့် လူကုန်ကူးခံနေရတာတွေ အများကြီးရှိနေပါတယ်။  ဒါ့အပြင် တစ်ရှုးငှက်ပျောစိုက်ပျိုးရေးတွေမှာလည်း မသိဘဲ လူကုန်ကူးခံနေရတာ၊ သိသိကြီးနဲ့ ငွေကြေးကြောင့် လူကုန်ကူးခံနေရတာတွေလည်း မြင်တွေ့နေရတယ်လို့ ပရဟိတကူညီပေးနေသူတဦးက ပြောပါတယ်။
ကခ်င္တြင္ ၉ လအတြင္း လူကုန္ကူးမႈ ၂၁ မႈျဖစ္ပြား၊ တ႐ုတ္မယားအျဖစ္ အမ်ားဆုံး ေရာင္းစားခံရ ေအာင္ကိုလတ္ ကခ်င္ျပည္နယ္မွာ ၉ လအတြင္း လူကုန္ကူးမႈ ၂၁ မႈျဖစ္ပြားခဲ့ၿပီး တ႐ုတ္မယားအျဖစ္ အမ်ားဆုံး ေရာင္းစားခံခဲ့ရတယ္လို႔ ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္က ေျပာပါတယ္။ စက္တင္ဘာ ၁၃ ရက္ေန႔က်ေရာက္တဲ့ ျမန္မာႏိုင္ငံ လူကုန္ကူးမႈ တိုက္ဖ်က္ေရးေန႔ အခမ္းအနားကို တျခားတိုင္းႏွင့္ ျပည္နယ္ေတြမွာ က်င္းပသလို ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕၊ ၿမိဳ႕ေတာ္ခမ္းမမွာလည္း ခမ္းခမ္းနားနားက်င္းပခဲ့ပါတယ္။ ဒီအခမ္းအနားကို ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္နဲ႔ အစိုးရအဖြဲ႕ဝင္ေတြ၊ အရပ္ဖက္ အဖြဲ႕အစည္းေတြ၊ ဌာနဆိုင္ရာေတြ၊ ေက်ာင္းသားေက်ာင္းသူေတြ တက္ေရာက္ခဲ့ၾကပါတယ္။ ကခ်င္ျပည္နယ္အတြင္း ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလကေန ဒီေန႔အထိ လူကုန္ကူးမႈ ၂၁ မႈျဖစ္ပြားခဲ့ၿပီး အမ်ားဆုံးက တ႐ုတ္မယားအျဖစ္ ေရာင္းစားခံရတာျဖစ္တယ္လို႔ ဆိုပါတယ္။ လူကုန္ကူးခံရသူ ၂၈ ဦးရွိကာ အမ်ားစုက အမ်ိဳးသမီးေတြျဖစ္ၿပီး ဝိုင္းေမာ္၊ ျမစ္ႀကီးနား၊ ဗန္းေမာ္၊ မိုးေကာင္း၊ မိုးညႇင္းၿမိဳ႕နယ္ေတြမွာ အမ်ားဆုံးျဖစ္ပြားခဲ့တာပါ။ "လူကုန္ကူးခံရသူေတြရဲ႕ အမ်ားစုက လူငယ္၊ လူလတ္ပိုင္း၊ ကေလးေတြ အမ်ားဆုံး ျဖစ္ေနတဲ့အတြက္ ႏိုင္ငံရဲ႕ စြမ္းအားေတြ ဆုံးရႈံးေနရတာျဖစ္လို႔ လူကုန္ကူးတိုက္ဖ်က္ေရးက လူကုန္ကူးခံရသူကို ကယ္တင္တာ၊ ျပစ္မႈက်ဳးလြန္သူကို အျပစ္ေပးတာ စတဲ့ အေပၚယံ သေဘာတင္မကေတာ့ဘဲ ႏိုင္ငံ့လူသားအရင္းအျမစ္ေတြကို ကာကြယ္ေပးတာျဖစ္လို႔ အမ်ိဳးသားေရး တာဝန္တရပ္အေနနဲ႔ အားလုံးမွာ တာဝန္ရွိတယ္" လို႔ ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ခက္ေအာင္က အဖြင့္အမွာစကားမွာ ေျပာၾကားခဲ့ပါတယ္။ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးအတြက္ ႏိုင္ငံေတာ္ကေန ၂၀၀၇ ခုႏွစ္က စတင္ကာ ၅ ႏွစ္စီမံကိန္းကို ေရးဆြဲေဆာင္႐ြက္ေနတာပါ။ အခုဆို တတိယ ၅ ႏွစ္စီမံကိန္းကို ေဆာင္႐ြက္ေနၿပီး ၃ ႏွစ္တာကာလ ေရာက္ရွိလာၿပီျဖစ္ပါတယ္။ မႏွစ္ကေန ဒီေန႔ထိ လူကုန္ကူးခံရမႈ ၂၁၀ မႈ၊ လူကုန္ကူးခံရသူ က်ား ၃၂ ဦး၊ မ ၂၅၈ ဦး စုစုေပါင္း ၂၉၀ ဦးရွိခဲ့ကာ ၁၅၆ မႈ တရားစြဲတင္ႏိုင္ခဲ့ပါတယ္။ လူကုန္ကူးသူေပါင္း ၄၈၆ ဦးထိေရာက္တဲ့ ျပစ္ဒဏ္ရေအာင္ ေဆာင္႐ြက္ထားတယ္လို႔ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ရဲ႕ အခ်က္အလက္ေတြအရ သိရပါတယ္။ လက္ရွိမွာ ျမန္မာႏိုင္ငံက လူကုန္ကူးမႈ ပင္မေနရာတခုလိုျဖစ္ေနတဲ့အတြက္ အေမရိကန္ႏိုင္ငံက ထုတ္ျပန္တဲ့ လူကုန္ကူးမႈဆိုင္ရာ အစီရင္ခံစာမွာ အဆင့္ ၃ (Tier 3)ကို က်ေရာက္ေနၿပီး ရက္ေပါင္း ၉၀ အတြင္း လူကုန္ကူးမႈ ကာကြယ္တားဆီးႏွိမ္နင္းေရးေတြ မလုပ္ေဆာင္ႏိုင္ရင္ လိုအပ္တဲ့ အေရးယူပိတ္ဆို႔မႈေတြ လုပ္ေဆာင္သြားမယ္လို႔ဘည္း ပါရွိပါတယ္။ လူကုန္ကူးမႈနဲ႔ပတ္သက္လို႔ အသိပညာေပးမႈအပိုင္းေတြမွာ အားနည္းေနၿပီး လူကုန္ကူး ခံရသူေတြကို ျပန္လည္ျပဳစုပ်ိဳးေထာင္ေရးကိစၥေတြမွာလည္း လိုအပ္ခ်က္ေတြ အမ်ားႀကီး ရွိေနေသးတယ္လို႔ ျမစ္ႀကီးနား၊ ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္းက ေဒသခံေတြက ေျပာပါတယ္။ ကခ်င္ျပည္နယ္အတြင္း လူကုန္ကူးခံရသူေတြထဲမွာ မိန္းကေလးအမ်ားစုျဖစ္ၿပီး စစ္ေဘးေရွာင္စခန္းေတြကလည္း စားဝတ္ေနေရးအခက္အခဲေတြေၾကာင့္ လူကုန္ကူးခံေနရတာေတြ အမ်ားႀကီးရွိေနပါတယ္။ ဒါ့အျပင္ တစ္ရႈးငွက္ေပ်ာစိုက္ပ်ိဳးေရးေတြမွာလည္း မသိဘဲ လူကုန္ကူးခံေနရတာ၊ သိသိႀကီးနဲ႔ ေငြေၾကးေၾကာင့္ လူကုန္ကူးခံေနရတာေတြလည္း ျမင္ေတြ႕ေနရတယ္လို႔ ပရဟိတကူညီေပးေနသူတဦးက ေျပာပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024