မန်ယူလူငယ်ကစားသမားများ လုံလောက်သည့် ရင့်ကျက်မှုမရှိသေးဟု အာစင်ဝင်းဂါး ဝေဖန်

မန်ယူအသင်းလူငယ် ကစာသမားတွေဟာ အသင်းကို ဆွဲတင်နိုင်ဖို့ လုံလောက်တဲ့ရင့်ကျင့်မူ မရှိသေးဘူးလို့ အာဆင်နယ် နည်းပြ အာစင်ဝင်းဂါးက ဝေဖန်လိုက်ပါတယ်။  မန်ယူအသင်းမှာ မာဆန်ဂရင်းဝုဒ်၊ ဝမ်ဘစ်ဆာကာ၊ တွန်မီနေး၊ ပါရဲယား၊ ရက်ရှ်ဖို့ဒ်၊ မာ စီယယ် စတဲ့ လူငယ်မျိုးဆက်တခု ရှိနေတာပါ။  ဒါပေမယ့် အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးကတော့ အဲဒီ လူငယ်ကစားသမားတွေဟာ အသင်းကို အောင်မြင်မူရဖို့အတွက် တွန်းတင်ပေးနိုင်မယ့် ကစားသမားတွေ မဟုတ်ကြောင်း သုံးသပ်သွားခဲ့တာပါ။  ယူနိုက်တက်အသင်းရဲ့  ၁၉၉၂ ခုနှစ်က ထွက်ပေါ်လာခဲ့တဲ့ ဘက်ခမ်း၊ ပေါလ်စခိုး၊ ရွန်ယန်ဂစ်၊ နဗီးလ်ညီနောင်နဲ့ နစ်ကီဘတ် စတဲ့ ဂန္ထဝင်ကစားသမားတွေကို Class of 92 လို့ ခေါ်ဆိုကြပြီး အသင်းသမိုင်းမှာ အောင်မြင်မူရယူနိုင်ခဲ့တဲ့  မျိုးဆက်တခုဖြစ်ခဲ့ပါတယ်။  လက်ရှိလူငယ် ကစားသမားတွေအနေနဲ့ အဲဒီအချိန်တုန်းက မျိုးဆက်တခုလို ရင့်ကျက်တဲ့ ကစားသမားတွေ ဖြစ်လာလိမ့်မယ်လို့ သုံးသပ်နေကြပေမယ့် အဲဒီလိုဖြစ်လာလိမ့်မယ်လို့ မထင်ကြောင်း အာစင်ဝင်းဂါးက သုံးသပ်ခဲ့ပါတယ်။ ========================== မန္ယူလူငယ္ကစားသမားမ်ား လုံေလာက္သည့္ ရင့္က်က္မႈမရွိေသးဟု အာစင္ဝင္းဂါး ေဝဖန္ DVB မန္ယူအသင္းလူငယ္ ကစာသမားေတြဟာ အသင္းကို ဆြဲတင္ႏိုင္ဖို႔ လုံေလာက္တဲ့ရင့္က်င့္မူ မရွိေသးဘူးလို႔ အာဆင္နယ္ နည္းျပ အာစင္ဝင္းဂါးက ေဝဖန္လိုက္ပါတယ္။ မန္ယူအသင္းမွာ မာဆန္ဂရင္းဝုဒ္၊ ဝမ္ဘစ္ဆာကာ၊ တြန္မီေနး၊ ပါရဲယား၊ ရက္ရွ္ဖို႔ဒ္၊ မာ စီယယ္ စတဲ့ လူငယ္မ်ိဳးဆက္တခု ရွိေနတာပါ။ ဒါေပမယ့္ အာဆင္နယ္နည္းျပေဟာင္း အာစင္ဝင္းဂါးကေတာ့ အဲဒီ လူငယ္ကစားသမားေတြဟာ အသင္းကို ေအာင္ျမင္မူရဖို႔အတြက္ တြန္းတင္ေပးႏိုင္မယ့္ ကစားသမားေတြ မဟုတ္ေၾကာင္း သုံးသပ္သြားခဲ့တာပါ။ ယူႏိုက္တက္အသင္းရဲ႕  ၁၉၉၂ ခုႏွစ္က ထြက္ေပၚလာခဲ့တဲ့ ဘက္ခမ္း၊ ေပါလ္စခိုး၊ ႐ြန္ယန္ဂစ္၊ နဗီးလ္ညီေနာင္နဲ႔ နစ္ကီဘတ္ စတဲ့ ဂႏၳဝင္ကစားသမားေတြကို Class of 92 လို႔ ေခၚဆိုၾကၿပီး အသင္းသမိုင္းမွာ ေအာင္ျမင္မူရယူႏိုင္ခဲ့တဲ့  မ်ိဳးဆက္တခုျဖစ္ခဲ့ပါတယ္။ လက္ရွိလူငယ္ ကစားသမားေတြအေနနဲ႔ အဲဒီအခ်ိန္တုန္းက မ်ိဳးဆက္တခုလို ရင့္က်က္တဲ့ ကစားသမားေတြ ျဖစ္လာလိမ့္မယ္လို႔ သုံးသပ္ေနၾကေပမယ့္ အဲဒီလိုျဖစ္လာလိမ့္မယ္လို႔ မထင္ေၾကာင္း အာစင္ဝင္းဂါးက သုံးသပ္ခဲ့ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up