
နှစ်နိုင်ငံနယ်စပ်၌ ဗင်နီဇွဲလားစစ်ရေးလေ့ကျင့်နေသဖြင့် ကိုလံဘီယာစစ်တပ်အား တပ်လှန့်

Email This Story :
ဗင်နီဇွဲလားစစ်တပ်က နှစ်နိုင်ငံနယ်စပ်မှာ စစ်ရေးလေ့ကျင့်နေတာကြောင့် ကိုလံဘီယာစစ်တပ်ကို အထူးတပ်လှန့်ထားတယ်လို့ ကိုလံဘီယာစစ်တပ်အကြီးအကဲက စက်တင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။
ဗင်နီဇွဲလား စစ်တပ်ဟာ စက်တင်ဘာ ၁၀ ရက်က ကိုလံဘီယာနဲ့ နယ်စပ်နားမှာ စစ်ရေးလေ့ကျင့်နေကြပါတယ်။
ပြည်ပကျူးကျော်မှုတွေကို ဟန့်တားရေး ကြိုဆင်ပြင်ဆင်ဖို့ အခုလို လေ့ကျင့်တာလို့ ဗင်နီဇွဲလား စစ်တပ်က ပြောပါတယ်။
ဒါပေမယ့်လည်း အိမ်နီးချင်းနိုင်ငံတွေကတော့ ဗင်နီဇွဲလားကို ကျူးကျော်ဖို့ ခြိမ်းခြောက်ခဲ့တာ မရှိပါဘူး။
“လက်ရှိအချိန်ထိတော့ ကိုလံဘီယာ ပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာတာ မရှိသေးပါဘူး။ ဒါပေမယ့် ဗင်နီဇွဲလား စစ်တပ်နဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို နယ်စပ်ကနေ စောင့်ကြည့်နေတယ်” လို့ ကိုလံဘီယာ စစ်တပ်ရဲ့ တပ်မှူးဗိုလ်ချုပ်ကြီး လူဝီစ်ဖာနန်ဒို နာဗာရိုက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
အိမ်နီးချင်း ကိုလံဘီယာဟာ အမေရိကန်နဲ့ ပူးပေါင်းပြီး ဗင်နီဇွဲလားကိုကျူးကျော်ဖို့ ကြိုးစားနေတယ်လို့ ဗင်နီဇွဲလားသမ္မတ နီကိုးလက်စ် မာဒူရိုက အကြိမ်ကြိမ် သတိပေးခဲ့ပါတယ်။
ဒါပေမယ့် ခိုင်လုံတဲ့ သက်သေတွေတော့ ထွက်မလာခဲ့ပါဘူး။ သမ္မတ မာဒူရိုရဲ့ ၂၀၁၈ ရွေးကောက်ပွဲ အနိုင်ရလဒ်ဟာ မသမာမှုတွေရှိနေတယ်လို့ အမေရိကန်အပါအဝင် အနောက်နိုင်ငံ တော်တော်များများက သုံးသပ်ကြပြီး မာဒူရိုကို အသိအမှတ်မပြုခဲ့ကြပါဘူး။
အဲဒီအစား ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုကို ဗင်နီဇွဲလား သမ္မတအဖြစ် အသိအမှတ်ပြုထားကြပါတယ်။
======================
ႏွစ္ႏိုင္ငံနယ္စပ္၌ ဗင္နီဇြဲလားစစ္ေရးေလ့က်င့္ေနသျဖင့္ ကိုလံဘီယာစစ္တပ္အား တပ္လွန႔္
DVB
ဗင္နီဇြဲလားစစ္တပ္က ႏွစ္ႏိုင္ငံနယ္စပ္မွာ စစ္ေရးေလ့က်င့္ေနတာေၾကာင့္ ကိုလံဘီယာစစ္တပ္ကို အထူးတပ္လွန႔္ထားတယ္လို႔ ကိုလံဘီယာစစ္တပ္အႀကီးအကဲက စက္တင္ဘာ ၁၁ ရက္မွာ ေျပာပါတယ္။
ဗင္နီဇြဲလား စစ္တပ္ဟာ စက္တင္ဘာ ၁၀ ရက္က ကိုလံဘီယာနဲ႔ နယ္စပ္နားမွာ စစ္ေရးေလ့က်င့္ေနၾကပါတယ္။
ျပည္ပက်ဴးေက်ာ္မႈေတြကို ဟန႔္တားေရး ႀကိဳဆင္ျပင္ဆင္ဖို႔ အခုလို ေလ့က်င့္တာလို႔ ဗင္နီဇြဲလား စစ္တပ္က ေျပာပါတယ္။
ဒါေပမယ့္လည္း အိမ္နီးခ်င္းႏိုင္ငံေတြကေတာ့ ဗင္နီဇြဲလားကို က်ဴးေက်ာ္ဖို႔ ၿခိမ္းေျခာက္ခဲ့တာ မရွိပါဘူး။
“လက္ရွိအခ်ိန္ထိေတာ့ ကိုလံဘီယာ ပိုင္နက္ထဲကို က်ဴးေက်ာ္ဝင္ေရာက္လာတာ မရွိေသးပါဘူး။ ဒါေပမယ့္ ဗင္နီဇြဲလား စစ္တပ္နဲ႔ တျခားလက္နက္ကိုင္အဖြဲ႕ေတြရဲ႕ လႈပ္ရွားမႈေတြကို နယ္စပ္ကေန ေစာင့္ၾကည့္ေနတယ္” လို႔ ကိုလံဘီယာ စစ္တပ္ရဲ႕ တပ္မႉးဗိုလ္ခ်ဳပ္ႀကီး လူဝီစ္ဖာနန္ဒို နာဗာ႐ိုက ဗုဒၶဟူးေန႔မွာ ေျပာပါတယ္။
အိမ္နီးခ်င္း ကိုလံဘီယာဟာ အေမရိကန္နဲ႔ ပူးေပါင္းၿပီး ဗင္နီဇြဲလားကိုက်ဴးေက်ာ္ဖို႔ ႀကိဳးစားေနတယ္လို႔ ဗင္နီဇြဲလားသမၼတ နီကိုးလက္စ္ မာဒူ႐ိုက အႀကိမ္ႀကိမ္ သတိေပးခဲ့ပါတယ္။
ဒါေပမယ့္ ခိုင္လုံတဲ့ သက္ေသေတြေတာ့ ထြက္မလာခဲ့ပါဘူး။ သမၼတ မာဒူ႐ိုရဲ႕ ၂၀၁၈ ေ႐ြးေကာက္ပြဲ အႏိုင္ရလဒ္ဟာ မသမာမႈေတြရွိေနတယ္လို႔ အေမရိကန္အပါအဝင္ အေနာက္ႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားက သုံးသပ္ၾကၿပီး မာဒူ႐ိုကို အသိအမွတ္မျပဳခဲ့ၾကပါဘူး။
အဲဒီအစား ဗင္နီဇြဲလား အတိုက္အခံေခါင္းေဆာင္ ဟြမ္ဂြယ္ဒိုကို ဗင္နီဇြဲလား သမၼတအျဖစ္ အသိအမွတ္ျပဳထားၾကပါတယ္။