Home
မြန်မာသတင်း
ကုလနှင့်အာဆီယံသံတမန်အဖွဲ့ ဘင်္ဂလားဒေ့ရှ်မှ ပြန်ဝင်လာသူအချို့ကို စစ်တွေမြို့တွင် တွေ့ဆုံ
DVB
·
September 12, 2019
70850021_187738995581835_2596443399858946048_n
69787578_187739052248496_7327657662349312000_n
69786172_187739025581832_7008891344328327168_n
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ ကိုယ်စားလှယ်တွေနဲ့ အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံသံရုံးတွေက သံရုံးအကြီးအကဲတွေဟာ  ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံဘက် ပြန်လည်ဝင်ရောက်လာခဲ့သူ တချို့နဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ အစိုးရဧည့်ဂေဟာမှာ စက်တင်ဘာလ ၁၁ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။  တွေ့ဆုံရာမှာ လက်ရှိ နေထိုင်စားသောက်ရေး အခြေအနေနဲ့ တဖက်နိုင်ငံကို ထွက်ခွာသွားသူတွေ မြန်မာနိုင်ငံထဲ ပြန်မလာတဲ့ အခြေအနေကို မေးမြန်းခဲ့တယ်လို့ အဆိုပါတွေ့ဆုံပွဲမှာပါဝင်သူတွေက ပြောပါတယ်။ မိသားစုဝင်နဲ့အတူ မိမိဆန္ဒအလျှောက်ပြန်လည်ဝင်ရောက်လာတဲ့ တောင်ပြိုလက်ယာအုပ်စု၊ ရဲအောင်ချောင်းရွာ မှ မာမတ်ရှော်ရီက "လက်ရှိ ကျနော်တို့နေထိုင်စားသောက်ရေး အဆင်ပြေမှုရှိမရှိကို မေးပါတယ်။ နောက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က လူတွေ ဘာအတွက်မလာကြတာလဲ၊ ဟိုမှာ ရာက်နေတဲ့ လူတွေက မြန်မာဘက်ကို ပြန်လာဖို့ လုံခြုံးရေးအရ စိုးရိမ်မူတွေရှိနေတယ်၊ နောက်ပြီး နိုင်ငံသားဖြစ်ခွင့်ရရှိရေး လိုချင်နေကြတယ်၊ ဒီကိစ္စတွေကို ခင်းဗျား အနေနဲ့ ဘယ်လို မြင်မိပါသလဲလို့ မေးပါတယ်။ ကျနော်က ကျနော်လည်း နိုင်သားကတ်ရထားတာမရှိသေးပါဘူး၊ နိုင်ငံသားကတ်လိုချင်နေတာပါ။ ဒါပေမဲ့ နိုင်ငံသားကတ်က ဘင်္ဂလားဒေ့ရှ်ဘက်မှာ သူတို့ကို သွားပေးလို့ရတာမဟုတ်ပါဘူး၊ မြန်မာ ပြည်ကိုပြန်လာပြီးမှ လျှောက်ယူရမယ့်ကိစ္စဖြစ်ပါတယ်။ လုံခြုံရေးဆိုတာကလည်း မြန်မာပြည်ကို ရောက်လာမှ ပြောရမယ့်ကိစ္စပါ၊ ကျနော်တို့ အခုလွတ်လပ်စွာ သွားလာနေထိုင်နေကြတယ်ဆိုပြီး ဖြေကြားခဲ့ပါတယ်” လို့ပြောပါတယ်။ ဒါ့ပြင် အာဆာအဖွဲ့ကို ချေမှုန်းမှသာ ဒုက္ခသည်တွေအနေနဲ့ နေရပ်ကို ပြန်လာနိုင်မှာဖြစ်ပြီး မြန်မာပြည်ထဲပြန်ဝင်ဖို့ကို အာဆာအဖွဲ့ကဒေသခံတွေကို ခြိမ်းခြောက်မှုရှိနေတယ်လို့လည်း တွေ့ဆုံပွဲမှာ ပါဝင်သူတွေက တာဝန်ရှိသူတွေကို တင်ပြခဲ့ကြတယ်လို့လည်း ဆိုပါတယ်။  ကုလသမဂ္ဂနဲ့ အာဆီယံ သံတမန်များအဖွဲ့ဟာ မောင်တောမြို့ကို စက်တင်ဘာ ၁၀ ရက်နေ့က သွားရောက်ဖို့ စီစဉ်ထားခဲ့ပေမယ့် ရာသီဥတုဆိုးရွားတဲ့အခြေနေကြောင့် မောင်တောဒေသက နေရပ်စွန့်ခွာခဲ့သူ ၁၀ ဦးအား စစ်တွေမြို့ကိုခေါ်ယူပြီး အခုလိူ တွေ့ဆုံခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၁၇ အကြမ်းဖက်ဖြစ်စဉ်ကြောင့် မောင်တောခရိုင်အတွင်း လူ ၆ သိန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန့်ခွာ ထွက်သွားကြပြီး  မိမိဆန္ဒအလျှောက်ပြန်လည်ဝင်ရောက်လာသူ ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ် ဇန်​နဝါရီ ၂၃ ရက်​က ပထမတကြိမ်၊ နိုဝင်​ဘာ ၁၅ ရက်​မှာ ဒုတိယအကြိမ်​နဲ့ တတိယအကြိမ်အဖြစ် ၂၀၁၉ ဩဂုတ် ၂၂ ရက်မှာ နေရပ်စွန့်ခွာသူတွေကို ပြန်လည်ပို့ဆောင်ဖို့ မြန်မာနဲ့ ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံအစိုးရတို့ သဘောတူစီစဉ်ခဲ့ပေမယ့် တဦးမှ ပြန်​လာတာ မရှိ​ခဲ့ပါဘူး။ ကောင်းကောင်း
ကုလႏွင့္အာဆီယံသံတမန္အဖြဲ႕ ဘဂၤလားေဒ့ရွ္မွ ျပန္ဝင္လာသူအခ်ိဳ႕ကို စစ္ေတြၿမိဳ႕တြင္ ေတြ႕ဆုံ DVB ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံးတို႔မွ ကိုယ္စားလွယ္ေတြနဲ႔ အာဆီယံႏွင့္ အိမ္နီးခ်င္းႏိုင္ငံသံ႐ုံးေတြက သံ႐ုံးအႀကီးအကဲေတြဟာ  ဘဂၤလားေဒ့ရွ္ကေန ျမန္မာႏိုင္ငံဘက္ ျပန္လည္ဝင္ေရာက္လာခဲ့သူ တခ်ိဳ႕နဲ႔ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ အစိုးရဧည့္ေဂဟာမွာ စက္တင္ဘာလ ၁၁ ရက္ေန႔က ေတြ႕ဆုံခဲ့ပါတယ္။ ေတြ႕ဆုံရာမွာ လက္ရွိ ေနထိုင္စားေသာက္ေရး အေျခအေနနဲ႔ တဖက္ႏိုင္ငံကို ထြက္ခြာသြားသူေတြ ျမန္မာႏိုင္ငံထဲ ျပန္မလာတဲ့ အေျခအေနကို ေမးျမန္းခဲ့တယ္လို႔ အဆိုပါေတြ႕ဆုံပြဲမွာပါဝင္သူေတြက ေျပာပါတယ္။ မိသားစုဝင္နဲ႔အတူ မိမိဆႏၵအေလွ်ာက္ျပန္လည္ဝင္ေရာက္လာတဲ့ ေတာင္ၿပိဳလက္ယာအုပ္စု၊ ရဲေအာင္ေခ်ာင္း႐ြာ မွ မာမတ္ေရွာ္ရီက "လက္ရွိ က်ေနာ္တို႔ေနထိုင္စားေသာက္ေရး အဆင္ေျပမႈရွိမရွိကို ေမးပါတယ္။ ေနာက္ၿပီး ဘဂၤလားေဒ့ရွ္ဘက္က လူေတြ ဘာအတြက္မလာၾကတာလဲ၊ ဟိုမွာ ရာက္ေနတဲ့ လူေတြက ျမန္မာဘက္ကို ျပန္လာဖို႔ လုံၿခဳံးေရးအရ စိုးရိမ္မူေတြရွိေနတယ္၊ ေနာက္ၿပီး ႏိုင္ငံသားျဖစ္ခြင့္ရရွိေရး လိုခ်င္ေနၾကတယ္၊ ဒီကိစၥေတြကို ခင္းဗ်ား အေနနဲ႔ ဘယ္လို ျမင္မိပါသလဲလို႔ ေမးပါတယ္။ က်ေနာ္က က်ေနာ္လည္း ႏိုင္သားကတ္ရထားတာမရွိေသးပါဘူး၊ ႏိုင္ငံသားကတ္လိုခ်င္ေနတာပါ။ ဒါေပမဲ့ ႏိုင္ငံသားကတ္က ဘဂၤလားေဒ့ရွ္ဘက္မွာ သူတို႔ကို သြားေပးလို႔ရတာမဟုတ္ပါဘူး၊ ျမန္မာ ျပည္ကိုျပန္လာၿပီးမွ ေလွ်ာက္ယူရမယ့္ကိစၥျဖစ္ပါတယ္။ လုံၿခဳံေရးဆိုတာကလည္း ျမန္မာျပည္ကို ေရာက္လာမွ ေျပာရမယ့္ကိစၥပါ၊ က်ေနာ္တို႔ အခုလြတ္လပ္စြာ သြားလာေနထိုင္ေနၾကတယ္ဆိုၿပီး ေျဖၾကားခဲ့ပါတယ္” လို႔ေျပာပါတယ္။ ဒါ့ျပင္ အာဆာအဖြဲ႕ကို ေခ်မႈန္းမွသာ ဒုကၡသည္ေတြအေနနဲ႔ ေနရပ္ကို ျပန္လာႏိုင္မွာျဖစ္ၿပီး ျမန္မာျပည္ထဲျပန္ဝင္ဖို႔ကို အာဆာအဖြဲ႕ကေဒသခံေတြကို ၿခိမ္းေျခာက္မႈရွိေနတယ္လို႔လည္း ေတြ႕ဆုံပြဲမွာ ပါဝင္သူေတြက တာဝန္ရွိသူေတြကို တင္ျပခဲ့ၾကတယ္လို႔လည္း ဆိုပါတယ္။ ကုလသမဂၢနဲ႔ အာဆီယံ သံတမန္မ်ားအဖြဲ႕ဟာ ေမာင္ေတာၿမိဳ႕ကို စက္တင္ဘာ ၁၀ ရက္ေန႔က သြားေရာက္ဖို႔ စီစဥ္ထားခဲ့ေပမယ့္ ရာသီဥတုဆိုး႐ြားတဲ့အေျခေနေၾကာင့္ ေမာင္ေတာေဒသက ေနရပ္စြန႔္ခြာခဲ့သူ ၁၀ ဦးအား စစ္ေတြၿမိဳ႕ကိုေခၚယူၿပီး အခုလိူ ေတြ႕ဆုံခဲ့တာလည္းျဖစ္ပါတယ္။ ၂၀၁၇ အၾကမ္းဖက္ျဖစ္စဥ္ေၾကာင့္ ေမာင္ေတာခ႐ိုင္အတြင္း လူ ၆ သိန္းေလာက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ေနရပ္စြန႔္ခြာ ထြက္သြားၾကၿပီး  မိမိဆႏၵအေလွ်ာက္ျပန္လည္ဝင္ေရာက္လာသူ ၂၀၀ ေက်ာ္ရွိတယ္လို႔ သိရပါတယ္။ ၂၀၁၈ ခုႏွစ္ ဇန္​နဝါရီ ၂၃ ရက္​က ပထမတႀကိမ္၊ ႏိုဝင္​ဘာ ၁၅ ရက္​မွာ ဒုတိယအႀကိမ္​နဲ႔ တတိယအႀကိမ္အျဖစ္ ၂၀၁၉ ဩဂုတ္ ၂၂ ရက္မွာ ေနရပ္စြန႔္ခြာသူေတြကို ျပန္လည္ပို႔ေဆာင္ဖို႔ ျမန္မာနဲ႔ ဘဂၤလား​ေဒ့ရွ္​ႏိုင္​ငံအစိုးရတို႔ သေဘာတူစီစဥ္ခဲ့ေပမယ့္ တဦးမွ ျပန္​လာတာ မရွိ​ခဲ့ပါဘူး။ ေကာင္းေကာင္း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024