မန်စီးတီးမှ ထွက်ခွာပါက ကွန်ပနီနည်းပြသည့်အသင်းတွင် ကစားမည်ဟု ဒီဘရိုင်းပြော

မန်စီးတီးကနေ ထွက်ခွာတဲ့အချိန်မှာ ကွန်ပနီနည်းပြနေတဲ့ အသင်းမှာ ဆက်ကစားမယ်လို့ ဒီဘရိုင်းက ပြောပါတယ်။ 

ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ ဒီဘရိုင်းဟာ နောက်ခံလူ ကွန်ပနီနဲ့ မန်စီးတီး အသင်းမှာ ပါဝင်ကစားခဲ့သလို လက်ရွေးစင်အသင်းမှာလည်း အတူတွဲဖက် ကစားခဲ့ဖူးတာဖြစ်ပါတယ်။ 

နောက်ခံလူ ကွန်ပနီဟာ အခုနှစ်ဘောလုံးရာသီမှာတော့ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ် အသင်းဆီကို ကစားသမား၊ နည်းပြအဖြစ်နဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း အသင်းဖော်ဟောင်း ဒီဘရိုင်းကတော့ မန်စီးတီးအသင်းကနေ ထွက်ခွာတဲ့အချိန်မှာ ကွန်ပနီနည်းပြအဖြစ် တာဝန်ယူနေတဲ့အသင်းတသင်းမှာ ကစားဖို့ ဆန္ဒရှိနေတာပါ။ 

 

ဒီဘရိုင်းဟာ မန်စီးတီးကနေ ထွက်ခွါချိန်မှာ နည်းပြ ကွန်ပနီရဲ့ အသင်းမှာ သူ့အတွက် ပွဲထွက်ခွင့် တနေရာ ချန်ထားပေးဖို့ တောင်းဆိုထားကြောင်း၊ ဒါပေမယ့် နောက်ထပ် ၇ နှစ်လောက်ကြာမှ ဖြစ်လာနိုင်ကြောင်းနဲ့ မန်စီးတီး ပြောင်းရွှေ့ခဲ့စဉ်က ကွန်ပနီရဲ့ တိုက်တွန်းမှုတွေ ပါဝင်ခဲ့ကြောင်း ဒီဘရိုင်းက ပြောသွားခဲ့ပါတယ်။  


မန္စီးတီးမွ ထြက္ခြာပါက ကြန္ပနီနည္းျပသည့္အသင္းတြင္ ကစားမည္ဟု ဒီဘ႐ိုင္းေျပာ DVB မန္စီးတီးကေန ထြက္ခြာတဲ့အခ်ိန္မွာ ကြန္ပနီနည္းျပေနတဲ့ အသင္းမွာ ဆက္ကစားမယ္လို႔ ဒီဘ႐ိုင္းက ေျပာပါတယ္။ ဘယ္လ္ဂ်ီယံ လက္ေ႐ြးစင္ ကြင္းလယ္လူ ဒီဘ႐ိုင္းဟာ ေနာက္ခံလူ ကြန္ပနီနဲ႔ မန္စီးတီး အသင္းမွာ ပါဝင္ကစားခဲ့သလို လက္ေ႐ြးစင္အသင္းမွာလည္း အတူတြဲဖက္ ကစားခဲ့ဖူးတာျဖစ္ပါတယ္။

ေနာက္ခံလူ ကြန္ပနီဟာ အခုႏွစ္ေဘာလုံးရာသီမွာေတာ့ ဘယ္လ္ဂ်ီယံကလပ္ အန္ဒါလက္ခ်္ အသင္းဆီကို ကစားသမား၊ နည္းျပအျဖစ္နဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အသင္းေဖာ္ေဟာင္း ဒီဘ႐ိုင္းကေတာ့ မန္စီးတီးအသင္းကေန ထြက္ခြာတဲ့အခ်ိန္မွာ ကြန္ပနီနည္းျပအျဖစ္ တာဝန္ယူေနတဲ့အသင္းတသင္းမွာ ကစားဖို႔ ဆႏၵရွိေနတာပါ။ ဒီဘ႐ိုင္းဟာ မန္စီးတီးကေန ထြက္ခြါခ်ိန္မွာ နည္းျပ ကြန္ပနီရဲ႕ အသင္းမွာ သူ႔အတြက္ ပြဲထြက္ခြင့္ တေနရာ ခ်န္ထားေပးဖို႔ ေတာင္းဆိုထားေၾကာင္း၊ ဒါေပမယ့္ ေနာက္ထပ္ ၇ ႏွစ္ေလာက္ၾကာမွ ျဖစ္လာႏိုင္ေၾကာင္းနဲ႔ မန္စီးတီး ေျပာင္းေ႐ႊ႕ခဲ့စဥ္က ကြန္ပနီရဲ႕ တိုက္တြန္းမႈေတြ ပါဝင္ခဲ့ေၾကာင္း ဒီဘ႐ိုင္းက ေျပာသြားခဲ့ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up