DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် စစ်ရှောင်ဒုက္ခသည်များ ပန်ဝါမြို့ပေါ် ရွှေ့ပြောင်းရောက်ရှိ
DVB
·
December 24, 2012
တိုက်ပွဲကြောင့် စစ်ရှောင်ဒုက္ခသည်များ ပန်ဝါမြို့ပေါ် ရွှေ့ပြောင်းရောက်ရှိ
Donate to DVB

ကချင်ပြည်နယ် ပန်ဝါမြို့နယ်မှာ  အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တို့အကြား နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အနီးအနား ပတ်ဝန်းကျင်က ရွာတွေမှာ နေထိုင်တဲ့ ရွာသားတွေက ပန်ဝါမြို့ပေါ်ကို ထွက်ပြေး တိမ်းရှောင်လာနေရပါတယ်။

နေ့စဉ်ရက်ဆက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပန်ဝါမြို့အနီးနားက ရွာပေါင်း ၂၀ ကျော်က ရောက်လာတဲ့ ရွာသားတွေ ပန်ဝါမြို့ပေါ်က မိတ်ဆွေတွေ အိမ်တိုင်းနီးပါးမှာ ခိုလှုံနေရပြီး ရေရှည်ဆိုရင် ပြဿနာရှိလာနိုင်တယ်လို့  ခရစ်ယာန် ဘုန်းတော်ကြီးတပါးက ပြောပါတယ်။

စစ်ပွဲတွေအပြင် ၂ ဖက်စလုံးက ထောင်ထားတဲ့ မိုင်းတွေကြောင့်လည်း ရွာသားတွေဟာ လယ်ယာလုပ်ငန်းခွင်ကို သွားရောက်လို့မရဘဲ ရွာတွေကို စွန့်ခွာခဲ့ကြတာလို့ ခရစ်ယာန် ဘုန်းတော်ကြီးက ပြောပါတယ်။

“အခု ပန်ဝါကနေ ၁၀ မိုင်အကွာမှာဆိုရင် ၁၀၀၂ ဆိုတဲ့ တပ်စခန်းရှိတယ်။ အဲကနေ အပြင်ဘက်မှာဆိုရင် ဒုက္ခသည်တွေဟာ ဒီဘက်ကိုပြေးလာရတယ်။ ဒီဘက်မလာသူတွေက ဟိုးချီဖွေမြို့မှာ ပြေးသွားတယ်။ ပန်ဝါကြားက ရွာပေါင်း ၁၀ ရွာကတော့ စစ်ပြေးတွေပဲ။ ၁၀၀၁ စခန်းအပြင်ဘက်ကဆို ရွာပေါင်း ၂၀ လောက်။”

အဲဒီဘက်က ရွာအနေနဲ့တွက်ရင် များပေမယ့် ရွာမှာ အိမ်ခြေက နည်းပါးတယ်လို့လည်း သူက ရှင်းပြပါတယ်။

ပန်ဝါမှာ ဒုက္ခသည်စခန်း ဖွင့်လှစ်ထားခြင်းမရှိတဲ့အတွက် နီးစပ်ရာအိမ်တွေမှာ ခိုလှုံနေရသလို တချို့ကလည်း ဒုက္ခသည်စခန်းမှာ မနေချင်ကြဘူးလို့ သူက ပြောပါတယ်။ တရုတ်ပြည်မှာ အသိရှိတဲ့ ရွာသားတွေက တရုတ်ပြည်ကို သွားရောက်နေပြီးတော့ အသိမရှိတဲ့ လူတွေက ပန်ဝါမှာ ခိုလှုံနေရတာလို့ ပြောပါတယ်။

ရွာသားတွေ ရွာတွေမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့ပတ်သက်လို့လည်း ဘုန်းတော်ကြီးက    “ရွာထဲမှာ ရဲဘော်တွေရှိတော့ ကေအိုင်အေလည်း လာတာပေါ့။ ရွာသားတွေလည်း ဟိုးနယ်စပ်ကို ရွာလုံးကျွတ် ထွက်ပြေးကြရတယ်။ မပြေးလို့လည်း မဖြစ်ဘူးလေ။ တရွာနဲ့တရွာ သွားသွားလာလာလည်း မရဘူးဆိုတော့ပြေးရတယ်။ ကေအိုင်အေကလည်း အစိုးရရဲဘော်တွေ မိအောင် မိုင်းထောင်တယ်။ အစိုးရရဲဘော်တွေကလည်း ကေအိုင်အေမိအောင် မိုင်းထောင်ထားကြတာလေ။ ဒုက္ခသည်တွေကို အခု အားလုံး ၀ိုင်းပံ့ပိုးနေရတယ်။ တောင်ယာခုတ်လည်း သွားမရ၊ လယ်ထွန်လည်း သွားမရဘူးလေ။”

တံတားတွေ ကျိုးပျက်နေပြီး အဆက်အသွယ်တွေ ပြတ်တောက်ကုန်တဲ့အတွက် ပန်ဝါကို
စားစရာတွေကို ကားနဲ့ တင်ပို့ဖို့ ခက်ခဲလာသလို  တရုတ်ပြည်ကလည်း ဆန်နဲ့ ငရုတ်သီးကို တရားဝင်လမ်းကြောင်းက တင်သွင်းလို့ မရတဲ့အတွက် မှောင်ခိုတင်သွင်းတာကို မှီခိုနေရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013