Home
မြန်မာသတင်း
ပခုက္ကူမြို့တွင် နှစ် ၂၀ ကျော်ကြာ မကျင်းပဖြစ်ခဲ့သည့် မြန်မာ့လှေလှော်ပြိုင်ပွဲ ပြုလုပ်
မြင့်နိုင်
·
September 11, 2019
မကွေးတိုင်း၊ ပခုက္ကူမြို့မှာ နှစ် ၂၀ ကျော်ကြာ မကျင်းပခဲ့တဲ့ မြန်မာ့လှေလှော်ပြိုင်ပွဲကို အခုနှစ်မှာ အားကစားနဲ့ ကာယပညာကော်မတီက ဦးစီးပြီး ပြန်လည်ကျင်းပနေပါတယ်။ လှေလှော်ပြိုင်ပွဲကို စက်တင်ဘာ ၁၁ ရက်ကနေ ၁၃ ရက်နေ့အထိ ကျင်းပမှာပါ။ မြန်မာ့လှေလှော်အားကစားသမားကောင်းတွေ ပေါ်ထွန်းလာဖို့ ရည်ရွယ်ချက်နဲ့ ကျင်းပတာလို့ ပွဲဖြစ်မြောက်ရေးကော်မတီဝင် ကိုမောင်ထွေးက ပြောပါတယ်။ “နှစ်ပေါင်းနှစ်ဆယ်ကျော် တိမ်မြုပ်နေတဲ့ လှေပြိုင်ပွဲကို နောက်လူငယ်တွေ ခုချိန်မှာ မြန်မာ့လှေပြိုင်ပွဲကို ထိတွေ့ရှုမြင် ခံစားလို့ရအောင်ပေါ့လေ၊ နောက်တချက်က လှေလှော်ပြိုင်ပွဲကစားသမားကောင်းတွေ ပေါ်ထွန်းလာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။” ပြိုင်ပွဲဝင် လှေတချို့ကတော့ အရှုံး အနိုင်ကို မရည်ရွယ်ဘဲ မြို့နယ်လှေပြိုင်ပွဲဖြစ်မြောက်ရေးနဲ့ ဝါသနာကြောင့် ဝင်ပြိုင်ဖြစ်တာလို့ ပြည်ကျော်လှေဦးစီး ဦးကြီးငွေက ပြောပါတယ်။ “ကျနော်တပွဲ လှော်ဖူးတဲ့အတွက် ဒီနှစ်မှာ ရွှေမုဌော ဗုဒ္ဓပူဇနိယပွဲမှာ လှေပြိုင်ပွဲ ပါတယ် ဆိုတော့၊ ရှုံးတာ နိုင်တာ ပဓာနမထားဘဲ ဆုငွေကို မတွက်ဘဲ ဖြစ်မြောက်ရေး အပျော်ဆိုပြီး ဝင်ပြိုင်တာပေါ့။” ပခုက္ကူမြို့မှာ ကျင်းပတဲ့ လှေလှော်ပြိုင်ပွဲမှာ လှေလှော်အသင်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဒီထဲမှာ အမျိုးသမီး အသင်းလေးသင် းပါဝင်ယှဉ်ပြိုင်ပါတယ်။  လှေပြိုင်ပွဲမှာ ပထမဆု သုံးသိန်း၊ ဒုတိယဆု နှစ်သိန်း၊ တတိယဆု တစ်သိန်းနဲ့ နှစ်သိမ့်ဆု ငါးသောင်းဆု ချီးမြှင့်ပေးသွားမှာပါ။ ~~~~~~~~~~~~~~~~~~~~~ Zawgyi_version ပခုကၠဴၿမိဳ႕တြင္ ႏွစ္ ၂၀ ေက်ာ္ၾကာ မက်င္းပျဖစ္ခဲ့သည့္ ျမန္မာ့ေလွေလွာ္ၿပိဳင္ပြဲ ျပဳလုပ္ မေကြးတိုင္း၊ ပခုကၠဴၿမိဳ႕မွာ ႏွစ္ ၂၀ ေက်ာ္ၾကာ မက်င္းပခဲ့တဲ့ ျမန္မာ့ေလွေလွာ္ၿပိဳင္ပြဲကို အခုႏွစ္မွာ အားကစားနဲ႔ ကာယပညာေကာ္မတီက ဦးစီးၿပီး ျပန္လည္က်င္းပေနပါတယ္။ ေလွေလွာ္ၿပိဳင္ပြဲကို စက္တင္ဘာ ၁၁ ရက္ကေန ၁၃ ရက္ေန႔အထိ က်င္းပမွာပါ။ ျမန္မာ့ေလွေလွာ္အားကစားသမားေကာင္းေတြ ေပၚထြန္းလာဖို႔ ရည္႐ြယ္ခ်က္နဲ႔ က်င္းပတာလို႔ ပြဲျဖစ္ေျမာက္ေရးေကာ္မတီဝင္ ကိုေမာင္ေထြးက ေျပာပါတယ္။ “ႏွစ္ေပါင္းႏွစ္ဆယ္ေက်ာ္ တိမ္ျမဳပ္ေနတဲ့ ေလွၿပိဳင္ပြဲကို ေနာက္လူငယ္ေတြ ခုခ်ိန္မွာ ျမန္မာ့ေလွၿပိဳင္ပြဲကို ထိေတြ႕ရႈျမင္ ခံစားလို႔ရေအာင္ေပါ့ေလ၊ ေနာက္တခ်က္က ေလွေလွာ္ၿပိဳင္ပြဲကစားသမားေကာင္းေတြ ေပၚထြန္းလာေအာင္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ေပါ့။” ၿပိဳင္ပြဲဝင္ ေလွတခ်ိဳ႕ကေတာ့ အရႈံး အႏိုင္ကို မရည္႐ြယ္ဘဲ ၿမိဳ႕နယ္ေလွၿပိဳင္ပြဲျဖစ္ေျမာက္ေရးနဲ႔ ဝါသနာေၾကာင့္ ဝင္ၿပိဳင္ျဖစ္တာလို႔ ျပည္ေက်ာ္ေလွဦးစီး ဦးႀကီးေငြက ေျပာပါတယ္။ “က်ေနာ္တပြဲ ေလွာ္ဖူးတဲ့အတြက္ ဒီႏွစ္မွာ ေ႐ႊမုေဌာ ဗုဒၶပူဇနိယပြဲမွာ ေလွၿပိဳင္ပြဲ ပါတယ္ ဆိုေတာ့၊ ရႈံးတာ ႏိုင္တာ ပဓာနမထားဘဲ ဆုေငြကို မတြက္ဘဲ ျဖစ္ေျမာက္ေရး အေပ်ာ္ဆိုၿပီး ဝင္ၿပိဳင္တာေပါ့။” ပခုကၠဴၿမိဳ႕မွာ က်င္းပတဲ့ ေလွေလွာ္ၿပိဳင္ပြဲမွာ ေလွေလွာ္အသင္း ၂၀ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကၿပီး ဒီထဲမွာ အမ်ိဳးသမီး အသင္းေလးသင္ းပါဝင္ယွဥ္ၿပိဳင္ပါတယ္။ ေလွၿပိဳင္ပြဲမွာ ပထမဆု သုံးသိန္း၊ ဒုတိယဆု ႏွစ္သိန္း၊ တတိယဆု တစ္သိန္းနဲ႔ ႏွစ္သိမ့္ဆု ငါးေသာင္းဆု ခ်ီးျမႇင့္ေပးသြားမွာပါ။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024