Home
မြန်မာသတင်း
ကလေးမြို့တွင် သိန်း ၇၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
DVB
·
September 11, 2019
စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ဖီလာရပ်ကွက် လိုင်မုန်းလမ်းမပေါ်မှာ ကျပ်သိန်း ၇၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးပြား ၂ သိန်းခွဲလောက်ကို အမျိုးသားတဦးဆီကနေ ဖမ်းဆီးမိခဲ့တယ်လို့ ကလေးမြို့မ ရဲစခန်းက ပြောပါတယ်။ “မူးယစ်ဆေးဝါး သတင်းအရ ကျနော်တို့ တောင်ဖီလာ လိုင်မုန်းလမ်းမပေါ်မှာ စောင့်နေတုန်း ကင်ဘို ၁၂၅ အနက်ရောင် ဆိုင်ကယ်နဲ့ ဆာလာအိပ်ထုတ်တင်လာတဲ့ လူကို မသင်္ကာလို့ စစ်လိုက်တော့ သူတင်ခဲ့တဲ့ ဆာလာအိပ်ထဲက အထုပ်ငယ် အပွားတွေနဲ့ ဆေးပြားတွေ တွေ့တယ်” လို့ ကလေးမြို့ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဗိုလ်ဗိုလ်အောင်က ပြောပါတယ်။ ဆေးပြားတွေကို တင်ဆောင် မောင်းနှင်လာသူဟာ ကလေးမြို့ မြို့လှရပ်ကွက်မှာ နေတဲ့ ရွာဒုသောင် (ခ) တင်ရွှေ ဆိုသူဖြစ်ပြီး တင်ဆောင်လာတဲ့ ဆေးပြားအရေအတွက်ဟာ ၂၄၆၅၀၀ ပြား ဖြစ်တယ်လို့ သိရပါတယ်။ ဖမ်းဆီးတဲ့နေရာမှာ ကလေးခရိုင် ဒ - န အဖွဲ့ နယ်ထိန်းအဖွဲ့ မူးယစ်ရဲတပ်ဖွဲ့ နဲ့အတူ ရပ်ကွက် နယ်မြေမှူးတို့ ပါဝင်ခဲ့ပြီး ဖမ်းဆီးရမိတဲ့ ဆေးပြားတန်ဖိုးက ကာလပေါက်ဈေးအရ သိန်းပေါင်း ခုနှစ်ထောင်ကျော် တန်ဖိုးရှိတယ်လို့ သိရပါတယ်။ စိတ်ကြွဆေးပြားတွေ သယ်ဆောင်လာသူ ရွာဒုထောင်းကိုတော့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပုဒ်မနဲ့ တရားစွဲဆိုနိုင်ရေး အမှုဖွင့် စစ်ဆေးနေပါတယ်။ မင်းရဲစစ်နိုင် ~~~~~~~~~~~~~~~~~~~~ Zawgyi_version ကေလးၿမိဳ႕တြင္း သိန္း ၇၀၀၀ ေက်ာ္တန္ဖိုးရွိ စိတ္ႂကြေဆးျပားမ်ား ဖမ္းမိ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕ ေတာင္ဖီလာရပ္ကြက္ လိုင္မုန္းလမ္းမေပၚမွာ က်ပ္သိန္း ၇၀၀၀ ေက်ာ္တန္ဖိုးရွိ စိတ္ႂကြမူးယစ္ေဆးျပား ၂ သိန္းခြဲေလာက္ကို အမ်ိဳးသားတဦးဆီကေန ဖမ္းဆီးမိခဲ့တယ္လို႔ ကေလးၿမိဳ႕မ ရဲစခန္းက ေျပာပါတယ္။ “မူးယစ္ေဆးဝါး သတင္းအရ က်ေနာ္တို႔ ေတာင္ဖီလာ လိုင္မုန္းလမ္းမေပၚမွာ ေစာင့္ေနတုန္း ကင္ဘို ၁၂၅ အနက္ေရာင္ ဆိုင္ကယ္နဲ႔ ဆာလာအိပ္ထုတ္တင္လာတဲ့ လူကို မသကၤာလို႔ စစ္လိုက္ေတာ့ သူတင္ခဲ့တဲ့ ဆာလာအိပ္ထဲက အထုပ္ငယ္ အပြားေတြနဲ႔ ေဆးျပားေတြ ေတြ႕တယ္” လို႔ ကေလးၿမိဳ႕ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ ဗိုလ္ဗိုလ္ေအာင္က ေျပာပါတယ္။ ေဆးျပားေတြကို တင္ေဆာင္ ေမာင္းႏွင္လာသူဟာ ကေလးၿမိဳ႕ ၿမိဳ႕လွရပ္ကြက္မွာ ေနတဲ့ ႐ြာဒုေသာင္ (ခ) တင္ေ႐ႊ ဆိုသူျဖစ္ၿပီး တင္ေဆာင္လာတဲ့ ေဆးျပားအေရအတြက္ဟာ ၂၄၆၅၀၀ ျပား ျဖစ္တယ္လို႔ သိရပါတယ္။ ဖမ္းဆီးတဲ့ေနရာမွာ ကေလးခ႐ိုင္ ဒ - န အဖြဲ႕ နယ္ထိန္းအဖြဲ႕ မူးယစ္ရဲတပ္ဖြဲ႕ နဲ႔အတူ ရပ္ကြက္ နယ္ေျမမႉးတို႔ ပါဝင္ခဲ့ၿပီး ဖမ္းဆီးရမိတဲ့ ေဆးျပားတန္ဖိုးက ကာလေပါက္ေဈးအရ သိန္းေပါင္း ခုႏွစ္ေထာင္ေက်ာ္ တန္ဖိုးရွိတယ္လို႔ သိရပါတယ္။ စိတ္ႂကြေဆးျပားေတြ သယ္ေဆာင္လာသူ ႐ြာဒုေထာင္းကိုေတာ့ မူးယစ္ေဆးဝါးနဲ႔ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ပုဒ္မနဲ႔ တရားစြဲဆိုႏိုင္ေရး အမႈဖြင့္ စစ္ေဆးေနပါတယ္။ မင္းရဲစစ္ႏိုင္
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024