DVB Logo
Home
မြန်မာသတင်း
သီပေါမင်း ရတနာဂီရိ စံအိမ်တော်ကို သမ္မတဦးသိန်းစိန် သွားရောက်လေ့လာ
DVB
·
December 24, 2012
သီပေါမင်း ရတနာဂီရိ စံအိမ်တော်ကို သမ္မတဦးသိန်းစိန် သွားရောက်လေ့လာ
1 / 2
Donate to DVB

အာဆီယံ-အိန္ဒိယ ထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့ အိန္ဒိယနိုင်ငံမှာ  ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ မြန်မာနိုင်ငံရဲ့နောက်ဆုံးမင်းဖြစ်တဲ့  သီပေါမင်းရဲ့ဂူသချုင်္ိင်းအုတ်ဂူနဲ့ သူ နောက်ဆုံးနေထိုင်သွားတဲ့ ရတနာဂီရိစံအိမ်ကို သွားရောက် လည်ပတ်ခဲ့တယ်လို့ အိန္ဒိယ သတင်းတွေမှာ ဖော်ပြပါတယ်။

သမ္မတဦးသိန်းစိန်နဲ့အဖွဲ့ ဟာ ဘုံဘေမြို့ကနေတဆင့် မဟာရာဘတ်ပြည်နယ်မှာရှိတဲ့ ရတနာဂီရိမြို့ကို ဒီဇင်ဘာ ၂၂ ရက်နေ့ မနက်က ရောက်ရှိလာတာလို့ ပြည်နယ်တာဝန်ရှိသူ တွေက ပြောပါတယ်။

ဒါဟာ မြန်မာနိုင်ငံရဲ့ တာဝန်အရှိဆုံး အကြီးအကဲ တဦးအနေနဲ့ သီပေါမင်းစံအိမ်ကို ပထမဆုံးအကြိမ် သွားရောက်လည်ပတ်မှုလည်း ဖြစ်ပါတယ်။

သီပေါဘုရင် နောက်ဆုံးနေထိုင်ခဲ့တဲ့ စံအိမ်တော်ကို အိန္ဒိယအစိုးရက အိန္ဒိယရူပီငွေ ၂၅ သန်းလောက် ငွေကြေးစိုက်ထုတ်ပြီး ခမ်းခမ်းနားနား အကြီးစား ပြင်ဆင်မှုတွေ လုပ်ပေးဖို့ စီစဉ်နေချိန်မှာ ခုလို မြန်မာသမ္မတက သွားရောက် လေ့လာခဲ့တာလည်းဖြစ်ပါတယ်။

ကုန်းဘောင်မင်းဆက်ရဲ့ နောက်ဆုံးမင်းဖြစ်တဲ့ သီပေါဘုရင်ဟာ ၁၈၈၅ ခုနှစ် နိုဝင်ဘာလက အထက်မြန်မာပြည်ကို ဗြိတိသျှကိုလိုနီနယ်ချဲ့တွေ  တိုက်ခိုက်သိမ်းပိုက်စဉ် အိန္ဒိယနိုင်ငံကို ပါတော်မူသွားခဲ့တာဖြစ်ပြီး ရတနာဂီရိမှာပဲ  နတ်ရွာစံသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013