Home
အနုပညာ
နေတိုး၊ အိန္ဒြာကျော်ဇင်နှင့် မေတိုးခိုင်တို့ ပါဝင်သည့် အချစ်ဒရာမာရုပ်ရှင်- ‘ရူးအောင်ချစ်မယ့်လူ’ (နမူနာ)
DVB
·
September 10, 2019
မြန်မာအချစ်ဒရာမာ ရုပ်ရှင်ကားတကားဖြစ်တဲ့ 'ရူးအောင်ချစ်မယ့်လူ'ရုပ်ရှင်ကို လာမယ့် စက်တင်ဘာလ ၁၂ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ရွှေစင်ဦး ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး လွန်းထားထားရဲ့ ဝတ္ထုကို မယ်ခိုင်နဲ့ အင်ကြင်းဟန်တို့က ဇာတ်ညွှန်းခွဲထားပေးခဲ့ပြီး ဒါရိုက်တာ အောင်ဇော်လင်းက ရိုက်ကူးပုံဖော်ပေးထားတာပါ။ ဒီရုပ်ရှင်ကားထဲမှာတော့ ဝါရင့်သရုပ်ဆောင်မင်းသားမင်းသမီး ၂ ဦးဖြစ်ကြတဲ့ နေတိုး၊ အိန္ဒြာကျော်ဇင်တို့နဲ့အတူ သရုပ်ဆောင်သစ် မေတိုးခိုင်တို့က ခေါင်းဆောင်ပါဝင်ထားပါတယ်။ အလင်းသစ်၊ အခရာ၊ လရိပ်ညိုစတဲ့ အဓိက ဇာတ်ကောင် ၃ ယောက်ရဲ့ အချစ် ဒရာမာဇာတ်လမ်းက ဘယ်လိုဖြစ်လာမလဲ။ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတပုဒ်အနေနဲ့ ဖန်တီးပုံဖော်ထားတဲ့ ဒီကားထဲမှာ ဘယ်လိုအပြိုင်ကြဲ သရုပ်ဆောင်ထားကြမလဲ ဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ရှုစားကြရတော့မှာပါ။ 'ရူးအောင်ချစ်မယ့်လူ'ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ နေတိုးနဲ့ အိန္ဒြာကျော်ဇင်တို့ဟာ အတွဲညီပြီး သရုပ်ဆောင်ကောင်းသူတွေဖြစ်ကြတာမို့ ဒီရုပ်ရှင်ကားဟာ ရုံမတင်ခင်ကတည်းက နာမည်ကြီးနေခဲ့ပြီး ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ လတ်တလောအချိန်ထိ ရုပ်ရှင်ကား Trailer ကို ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သန်းကျော် ရှိနေပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ေနတိုး၊ အိျႏၵာေက်ာ္ဇင္ႏွင့္ ေမတိုးခိုင္တို႔ ပါဝင္သည့္ အခ်စ္ဒရာမာ႐ုပ္ရွင္- ‘႐ူးေအာင္ခ်စ္မယ့္လူ’ (နမူနာ) ျမန္မာအခ်စ္ဒရာမာ ႐ုပ္ရွင္ကားတကားျဖစ္တဲ့ '႐ူးေအာင္ခ်စ္မယ့္လူ'႐ုပ္ရွင္ကို လာမယ့္ စက္တင္ဘာလ ၁၂ ရက္ေန႔ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ ဒီကားကိုေတာ့ ေ႐ႊစင္ဦး ႐ုပ္ရွင္ထုတ္လုပ္ေရးက တင္ဆက္လိုက္တာျဖစ္ၿပီး လြန္းထားထားရဲ႕ ဝတၳဳကို မယ္ခိုင္နဲ႔ အင္ၾကင္းဟန္တို႔က ဇာတ္ၫႊန္းခြဲထားေပးခဲ့ၿပီး ဒါ႐ိုက္တာ ေအာင္ေဇာ္လင္းက ႐ိုက္ကူးပုံေဖာ္ေပးထားတာပါ။ ဒီ႐ုပ္ရွင္ကားထဲမွာေတာ့ ဝါရင့္သ႐ုပ္ေဆာင္မင္းသားမင္းသမီး ၂ ဦးျဖစ္ၾကတဲ့ ေနတိုး၊ အိျႏၵာေက်ာ္ဇင္တို႔နဲ႔အတူ သ႐ုပ္ေဆာင္သစ္ ေမတိုးခိုင္တို႔က ေခါင္းေဆာင္ပါဝင္ထားပါတယ္။ အလင္းသစ္၊ အခရာ၊ လရိပ္ညိဳစတဲ့ အဓိက ဇာတ္ေကာင္ ၃ ေယာက္ရဲ႕ အခ်စ္ ဒရာမာဇာတ္လမ္းက ဘယ္လိုျဖစ္လာမလဲ။ သုံးပြင့္ဆိုင္အခ်စ္ဇာတ္လမ္းတပုဒ္အေနနဲ႔ ဖန္တီးပုံေဖာ္ထားတဲ့ ဒီကားထဲမွာ ဘယ္လိုအၿပိဳင္ႀကဲ သ႐ုပ္ေဆာင္ထားၾကမလဲ ဆိုတာကိုေတာ့ ပရိသတ္ေတြက မၾကာခင္မွာ ရႈစားၾကရေတာ့မွာပါ။ '႐ူးေအာင္ခ်စ္မယ့္လူ'႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာ ၈ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ သမၼတ႐ုပ္ရွင္႐ုံမွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ေနတိုးနဲ႔ အိျႏၵာေက်ာ္ဇင္တို႔ဟာ အတြဲညီၿပီး သ႐ုပ္ေဆာင္ေကာင္းသူေတြျဖစ္ၾကတာမို႔ ဒီ႐ုပ္ရွင္ကားဟာ ႐ုံမတင္ခင္ကတည္းက နာမည္ႀကီးေနခဲ့ၿပီး ေဖ့စ္ဘြတ္ခ္ေပၚမွာေတာ့ လတ္တေလာအခ်ိန္ထိ ႐ုပ္ရွင္ကား Trailer ကို ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၄ သန္းေက်ာ္ ရွိေနပါတယ္။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024