Home
ရုပ်သံ
ပူလစ်ဇာဆုရ စာအုပ်ကို ရုပ်ရှင်အနေဖြင့် ရိုက်ကူးပုံဖော်ထားသည့် The Goldfinch ရုပ်ရှင်(နမူနာ)
DVB
·
September 10, 2019
ပူလစ်ဇာ ဆုရ စာအုပ်တအုပ်ကို ရုပ်ရှင်အနေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ The Goldfinch ရုပ်ရှင်ကို လာမယ့် စက်တင်ဘာလ ၁၃ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဟောလိဝုဒ် ဒရာမာအမျိုးအစားရုပ်ရှင် ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ဒီကားကိုတော့ Warner Bros. Pictures ကနေ ဖြန့်ချိသွားမှာဖြစ်ပြီး အိုင်းရစ်ချ်ရုပ်ရှင် ဒါရိုက်တာ John Crowley က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ ၂၀၁၄ ခုနှစ် ပူလစ်ဇာဆုရ အမေရိကန်စာရေးဆရာ Donna Tartt ရဲ့ The Goldfinch စာအုပ်ကို ရုပ်ရှင်အနေနဲ့ ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။  The Goldfinch ဆိုတဲ့ပန်းချီကားတချပ်ကို အကြောင်းပြုပြီး နယူးယောက် မန်ဟက်တန်မှာ နေထိုင်တဲ့ လူငယ်တယောက်ရဲ့ ဘဝအတွက် ရုန်းကန်လှုပ်ရှားတဲ့ အတွေ့အကြုံနဲ့ ဘဝအပေါ် အနုပညာရဲ့ သက်ရောက်ပုံတွေ ရေးဖွဲ့ထားတာပါ။  Theo ဆိုတဲ့ အဲဒီလူငယ်လေးရဲ့ ဘဝနောက်ကြောင်းကတော့ သူ့ရဲ့ အသက် ၁၃ နှစ်အရွယ်မှာ မက်ထရိုပိုလီတန်အနုပညာပြတိုက် ဗုံးပေါက်ကွဲမှုမှာ မိခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ဘဝဟာ တကယ့်ကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားခဲ့ရတယ်။ ဒီနောက်မှာ မိခင်အတွက် အမှန်တရားကို ဘယ်လိုရှာဖွေမလဲ၊ ဘယ်လိုချိတ်ဆက်မှုတွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲဆိုတာကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီး တွေဖြစ်ကြတဲ့ Ansel Elgort ၊ Sarah Paulson ၊ Luke Wilson ၊ Jeffrey Wright ၊ Nicole Kidman ၊ Ashleigh Cummings စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားကြတာ ဖြစ်ပါတယ်။ IMDb မှာ Rating 6.7 အထိ ရရှိထားခဲ့တဲ့ ဒီရုပ်ရှင်ကားကို နာမည်ကြီး ရုပ်ရှင်ပွဲ တော်တခုဖြစ်တဲ့ Toronto International Film Festival မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့က ပြသခဲ့ပြီး ချီးကျူးမှုတွေလည်း ရရှိထားပါတယ်။ ကြာမြင့်ချိန် ၁၄၉ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ဘတ်ဂျတ်အမေရိကန်ဒေါ်လာသန်း ၄၀ အကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင် ကားကိုတော့ Box Office မှာ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေအမေရိ သန်ဒေါ်လာ ၈ သန်းကနေ ၁၂ သန်းကြား ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
ပူလစ္ဇာဆုရ စာအုပ္ကို ႐ုပ္ရွင္အေနျဖင့္ ႐ိုက္ကူးပုံေဖာ္ထားသည့္ The Goldfinch ႐ုပ္ရွင္(နမူနာ) DVB ပူလစ္ဇာ ဆုရ စာအုပ္တအုပ္ကို ႐ုပ္ရွင္အေနနဲ႔ ႐ိုက္ကူးပုံေဖာ္ထားတဲ့ The Goldfinch ႐ုပ္ရွင္ကို လာမယ့္ စက္တင္ဘာလ ၁၃ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ ေဟာလိဝုဒ္ ဒရာမာအမ်ိဳးအစား႐ုပ္ရွင္ ပရိသတ္ေတြ အႀကိဳက္ေတြ႕ၾကမယ့္ ဒီကားကိုေတာ့ Warner Bros. Pictures ကေန ျဖန႔္ခ်ိသြားမွာျဖစ္ၿပီး အိုင္းရစ္ခ်္႐ုပ္ရွင္ ဒါ႐ိုက္တာ John Crowley က ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားဟာ ၂၀၁၄ ခုႏွစ္ ပူလစ္ဇာဆုရ အေမရိကန္စာေရးဆရာ Donna Tartt ရဲ႕ The Goldfinch စာအုပ္ကို ႐ုပ္ရွင္အေနနဲ႔ ပုံေဖာ္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ The Goldfinch ဆိုတဲ့ပန္းခ်ီကားတခ်ပ္ကို အေၾကာင္းျပဳၿပီး နယူးေယာက္ မန္ဟက္တန္မွာ ေနထိုင္တဲ့ လူငယ္တေယာက္ရဲ႕ ဘဝအတြက္ ႐ုန္းကန္လႈပ္ရွားတဲ့ အေတြ႕အႀကဳံနဲ႔ ဘဝအေပၚ အႏုပညာရဲ႕ သက္ေရာက္ပုံေတြ ေရးဖြဲ႕ထားတာပါ။ Theo ဆိုတဲ့ အဲဒီလူငယ္ေလးရဲ႕ ဘဝေနာက္ေၾကာင္းကေတာ့ သူ႔ရဲ႕ အသက္ ၁၃ ႏွစ္အ႐ြယ္မွာ မက္ထ႐ိုပိုလီတန္အႏုပညာျပတိုက္ ဗုံးေပါက္ကြဲမႈမွာ မိခင္ျဖစ္သူကို ဆုံးရႈံးခဲ့ရပါတယ္။ အဲဒီေနာက္မွာေတာ့ သူ႔ရဲ႕ ဘဝဟာ တကယ့္ကို ေဇာက္ထိုးမိုးေမွ်ာ္ ျဖစ္သြားခဲ့ရတယ္။ ဒီေနာက္မွာ မိခင္အတြက္ အမွန္တရားကို ဘယ္လိုရွာေဖြမလဲ၊ ဘယ္လိုခ်ိတ္ဆက္မႈေတြနဲ႔ ႐ိုက္ကူးပုံေဖာ္ထားမလဲဆိုတာကို ဒီကားထဲမွာ ရႈစားၾကရမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားထဲမွာေတာ့ ေဟာလိဝုဒ္နာမည္ႀကီး သ႐ုပ္ေဆာင္မင္းသားမင္းသမီး ေတြျဖစ္ၾကတဲ့ Ansel Elgort ၊ Sarah Paulson ၊ Luke Wilson ၊ Jeffrey Wright ၊ Nicole Kidman ၊ Ashleigh Cummings စတဲ့ သ႐ုပ္ေဆာင္ေတြ ပါဝင္ထားၾကတာ ျဖစ္ပါတယ္။ IMDb မွာ Rating 6.7 အထိ ရရွိထားခဲ့တဲ့ ဒီ႐ုပ္ရွင္ကားကို နာမည္ႀကီး ႐ုပ္ရွင္ပြဲ ေတာ္တခုျဖစ္တဲ့ Toronto International Film Festival မွာ ၿပီးခဲ့တဲ့ စက္တင္ဘာ ၈ ရက္ေန႔က ျပသခဲ့ၿပီး ခ်ီးက်ဴးမႈေတြလည္း ရရွိထားပါတယ္။ ၾကာျမင့္ခ်ိန္ ၁၄၉ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားထဲမွာ ပါဝင္တဲ့ တခ်ိဳ႕ဇာတ္ဝင္ခန္း ျမင္ကြင္းေတြ၊ ျပကြင္းျပကြက္ေတြ၊ ေျပာစကား Dialog ေတြက အသက္ ၁၇ ႏွစ္ေအာက္ ကေလးငယ္ေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူခြင့္ျပဳခ်က္ Guideline နဲ႔မွ ၾကည့္ရႈသင့္တဲ့ Restricted R အဆင့္ သတ္မွတ္ထားပါတယ္။ ဘတ္ဂ်တ္အေမရိကန္ေဒၚလာသန္း ၄၀ အကုန္အက်ခံ႐ိုက္ကူးထားတဲ့ ဒီ႐ုပ္ရွင္ ကားကိုေတာ့ Box Office မွာ ႐ုံတင္ျပသမယ့္ ပထမသီတင္းပတ္မွာတင္ ဝင္ေငြအေမရိ သန္ေဒၚလာ ၈ သန္းကေန ၁၂ သန္းၾကား ရရွိႏိုင္မယ္လို႔ ခန႔္မွန္းထားပါတယ္။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024