DVB Logo
Home
မြန်မာသတင်း
ရွှေတိဂုံဘုရားမှာ ဠင်းတ ၆ ကောင် တညတာ လာရောက်နားခို
DVB
·
December 24, 2012
ရွှေတိဂုံဘုရားမှာ ဠင်းတ ၆ ကောင် တညတာ လာရောက်နားခို
Donate to DVB

ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းကနေ ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းထိ ရန်ကုန်မြို့၊ ရွှွှွှေတိဂုံဘုရားပေါ်မှာ ဠင်းတငှက် ၆ ကောင် လာရောက် နားခိုသွားခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။

ရွှေတိဂုံစေတီအထက်ပစ္စယံ အင်္ဂါထောင့်မှာ ၃ ကောင်၊ ရာဟုထောင့်မှာ ၃ ကောင် လာရောက်ခိုနားသွားတာဖြစ်ပြီး၊ ရွှေတိဂုံဘုရား ဂေါကပအဖွဲ့ရုံး ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်ကတော့  ဠင်းတငှက်တွေ လာရောက်ခိုနားမှုနဲ့ပတ်သက်ပြီး  ဆောင်းခိုငှက်တွေ လာနားသွားတာလို့ ဒီဗွီဘီကို ပြောပါတယ်။

“ငှက်ကြည့်အသင်းက ဒုတိယဥက္ကဋ္ဌကတော့ ဆောင်းခိုငှက်တော့ပြောတယ်၊ ဠင်းတဟုတ် မဟုတ်သေချာမသိပါဘူး။ ကျနော်တို့ကတော့ ငှက်အမျိုးအမည် မသိပါဘူးဗျာ။”

နက္ခတဗေဒပညာရှင် စံဇာဏီဘိုကတော့ မြင့်မြတ်တဲ့ဘုရားပေါ် ယုတ်ညံ့တဲ့ငှက်လာနားတာ မကောင်းဘူးလို့ ပြောပါတယ်။

“မြင့်မြတ်တဲ့နေရာတခုမှာ ယုတ်ညံ့တဲ့ ဠင်းတ တက်တာ ဒါမကောင်းဘူး။ ဘုရားမပြောနဲ့ လွှတ်တော်တို့ နန်းတော်တို့မှာ ဠင်းတနားရင် ဆိုးတဲ့အနေအထားရှိတယ်။ နံပါတ် ၁ အချက် ဗေဒင်ပညာအရ ဠင်းတ နားတာသည် ကောင်းတယ်လို့ ပြောခွင့်မရှိဘူး။ နံပါတ် ၂ အကြောင်းတိုက်ဆိုင်တယ်။ အင်္ဂါထောင့်မှာ တခါနားတယ်၊ ရာဟုထောင့်မှာ တခါနားတယ်ဆိုတာ အကြောင်းတိုက်ဆိုင်တယ်။ အင်္ဂါဆိုတာ စစ်ဘက်၊ စစ်မီး ဒါနည်းနည်း ဂရုစိုက်ရမှာပေါ့။ ရာဟုဆိုတာက ရဟန်းသံဃာတွေကိုဆိုတယ်။ စစ်ဘက်စစ်မီး အန္တရာယ်ရှိတယ်။ ရဟန်းသံဃာတွေအတွက် အန္တရာယ်ရှိတယ်။ နောက် အင်္ဂါကို ရှေးခေတ်ကာလတုန်းက အုပ်ချုပ်သူ၊ စစ်သည်လို့ ယူဆတယ်။ ရာဟုကိုကျတော့ ပြည်သူပြည်သားလို့ ယူဆတယ်။ ဒါကြောင့် ပြည်သူပြည်သားတွေအနေနဲ့တော့ မကောင်းလှဘူး ဒီသဘော ရှိတယ်။”

ဘုရားဂေါကပ၀င်အဖွဲ့ဝင်တဦးကတော့ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကလည်း အခုလို လာနားဖူးပေမယ့် ဘုရားပေါ်မှာ နားတာမဟုတ်ဘဲ ရင်ပြင်ပေါ်က သစ်ပင်ပေါ် နားခိုခဲ့တာလို့ ပြောပါတယ်။

ခုလို ရွှေတိဂုံဘုရားပေါ်မှာ ဠင်းတငှက်တွေ လာရောက်နားခိုနေတဲ့ ဓာတ်ပုံတွေနဲ့ အတိတ် နိမိတ်ကောက်ယူမှု၊ ထင်ကြေးပေးမှုတွေ ရန်ကုန်လူထုအကြားမှာရော  လူမှုရေး ကွန်ရက် အင်တာနက် စာမျက်နှာတွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013