Home
Lead Story
အပစ်ရပ်ကြေညာချက်လား စိန်ခေါ်သံလား
DVB
·
September 9, 2019
အပစ်ရပ်ကြေညာချက်လား စိန်ခေါ်သံလား    အပစ်ရပ်ကာလ ကြေညာချက်ကိုကြားရလေတိုင်း သေနတ်သံတွေစဲသွားလိမ့်မည်ဟု ရိုးသားစွာထင်မြင်ခဲ့ကြသည်။ သို့သော် သေနတ်သံ စဲမသွားခဲ့သည့်အပြင် ပို၍ဆူညံလာခဲ့သည်ကိုသာ မြင်တွေ့ခံစားခဲ့ရပေသည်။  ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်နေ့မှစ၍ ယနေ့အထိဆိုလျှင် တပ်မတော်ဘက်မှ တဖက်သတ်အပစ်ရပ်ခဲ့သည်မှာ ၂၀၁၉ ဩဂုတ် ၃၁ ရက်နေ့အထိ ၈ လတာကာလပင်ကြာမြင့်ခဲ့ပြီ။ ထို့နောက် စက်တင်ဘာ ၂၁ ရက်နေ့အထိ တလနီးပါး ထပ်မံတိုးချဲ့ခဲ့ပြန်သည်။ ၉ လနီးပါးအပစ်ရပ်ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ အမှန်တကယ်အပစ်ရပ်ခြင်းကား မရှိခဲ့ပါချေ။ အပစ်ရပ်နယ်မြေအဖြစ်မပါဝင်ခဲ့သော ရခိုင်စစ်မျက်နှာလည်း ရပ်ဆိုင််းမသွားခဲ့။ မြောက်ပိုင်းအဖွဲ့ တို့လည်း ရပ်ဆိုင်းမသွားနိုင်ခဲ့ပေ။    ဩဂတ် ၃၁ ရက်နေ့ ကျိုင်းတုံဆွေးနွေးပွဲအပြီး ထပ်မံကြေညာခဲ့သော်လည်း ဆွေးနွေးနေဆဲကာလအတွင်း၌ပင် စစ်ပွဲများဖြစ်ခဲ့သည်။ လက်နက်ကြီးထိမှန်၍ လူမမယ်ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၅ ဦး အသက်ဆုံးရှုံးခဲ့သည်ကိုတွေ့ရသည်။  တိုက်ပွဲများကြောင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်များတွင် တပ်မတော်အပါအဝင် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းကမျှ တာဝန်ခံမှုတာဝန်ယူမှုမရှိခဲ့ပါ။ “လုပ်ရဲ လျှင် ခံရဲရမည်” ဟုဆိုသော်လည်း ထိုကဲ့သို့သတ္တိမျိုး ရှိဟန်မတူကြ။ ပြည်သူတို့အနေဖြင့် ငြိမ်းချမ်းရေးအပေါ်တွင် ယုံကြည်မှုကျဆင်းခဲ့သည့်နည်းတူ အပစ်ရပ် ဆိုသော ဝေါဟာရပင်မယုံကြည်ချင်ကြတော့။ ဤမယုံကြည်မှုသည် လက်နက်ကိုင်အဖွဲ့တခုတည်းအပေါ်တွင်သာမဟုတ် မည်သည့်လက်နက်ကိုင်အဖွဲ့ကိုမျှ မယုံကြည်ရဲတော့ခြင်းပင်ဖြစ်သည်။ ပြည်သူ့အသက်အိုးအိမ်စည်စိမ်ကို ကာကွယ်နေပါသည်ဟု မည်မျှပင်အော်ဟစ်ပြောဆိုစည်းရုံးစေကာမူ လူထုယုံကြည်မှုကားပျက်ပြယ်သွားခဲ့ပြီဖြစ်သည်။ အရေးအကြောင်းဆိုလျှင် မည်သည့်လက်နက်ကိုင်အဖွဲ့ကို အားကိုရမှန်းပင်မသိတော့။ ဤသည်ကြောင့်လည်း လက်နက်ကိုင်အဖွဲ့များအားလုံးအပေါ်တွင် ပြည်သူလူထုယုံ ကြည်မှုမရှိတော့သည်ကို အထင်ကရမြင်တွေ့လာရပေသည်။ ထို့ကြောင့် ၎င်းတို့၏ အပစ်ရပ်ကြေညာချက်များအပေါ်တွင် စိန်ခေါ်ချက်တခုအဖြစ် ပြောင်းလဲမြင်ခဲ့ခြင်းပင်ဖြစ်ဟန်ရှိပါသည်။   ဤသို့သော အခြေအနေတွင် တပ်မတော်၏ကြေညာချက်များနည်းတူ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့မှလည်း တဖက်သတ်အပစ်ရပ်ကြေညာချက်တစောင် ထွက်ပေါ်လာခဲ့ပြန်သည်။ ၎င်းတို့၏ကြေညာချက်တွင် စက်တင်ဘာ ၉ ရက်မှ အောက်တိုဘာ ၈ ရက်နေ့အထိဖြစ်သည်။ အဓိကပါဝင်သည်မှာ အပိုဒ်(၂)တွင် “မိမိတို့အဖွဲ့မှလက်ဦးမှုယူ၍ စစ်တိုက်ခိုက်ခြင်းမပြုသော်လည်း မြန်မာစစ်တပ်မှ မိမိတို့အား စတင်တိုက်ခိုက်ခြင်း၊မိမိတို့ဒေသတွင်း စစ်ဆင်ရေးလှုပ်ရှားမှုများ လာရောက်ပြုလုပ်ခြင်း လက်နက်ကြီးအမြောက်အမြားစုပြုံပစ်ခတ်တိုက်ခိုက်ခြင်း၊ ပြုလုပ်မည်ဆိုပါက မိမိကိုယ်မိမိ ခုခံကာကွယ်သောအနေအထားမျိုးဖြင့် မည်သည့်နေရာ မည်သည့်အချိန်မဆိုတုံ့ပြန်သွားမည် ဖြစ်ကြောင်း” ကြေညာချက်တွင် ပါရှိသည်။ ယင်းကြေညာချက်အရကြည့်လျှင် နှစ်ဘက်သံသယတို့ ရှိနေဟန်ကို တွေ့နေရသည်။ တဖက်နှင့်တဖက် ယုံကြည်မှု တည်ဆောက်နိုင်ဟန်မရှိသေး။ ပိုဆိုးသည်မှာ တိကျသော နိုင်ငံရေး ပထဝီဝင်နယ်မြေ ပိုင်းခြားသတ်မှတ်မှုမရှိသေးခြင်းပင်။ ထိုအချက်အပေါ် အခွင့်အရေးတခုအဖြစ်အသုံးချ၍ တဖက်မှလည်း နယ်မြေကျော်လှုပ်ရှားမှုဟု စွပ်စွဲသကဲ့သို့ ကျန်တဖက်ကလည်း မိမိပိုင်နယ်အဖြစ် ဩဇာလွှမ်းမိုးချုပ်ကိုင်ရန်ကျိုးစားခဲ့ကြသည်။ ၎င်းအဖွဲ့နှစ် ခုတို့ ထိပ်တိုက်ရင်ဆိုင်မိလေတိုင်း ပြည်သူသည် မြေဇာပင်ဘဝရောက်စမြဲပင်။ လူထုအနေဖြင့် အပစ်ရပ်ကြေညာခြင်းသည်ပင် စစ်တိုက်ဖို့ စိမ်ခေါ်ချက်တခုလို နားလည်နေခဲ့ကြလေသည်။ ယခု နှစ်ဘက်စလုံးမှ အပစ်ရပ်ကြေညာချက်များ ထွက်ပေါ်လာခဲ့လေသည်။ ဤတကြိမ်တွင်လည်း ၎င်းတို့၏ ကြေညာချက်တို့သည် အမှန်တကယ်ပင် အပစ်ရပ်ခြင်းဖြစ်လေမလား စိမ်ခေါ်ချက်တခုဖြစ်လေမလားဆိုသည်ကိုတော့ ပြည်သူအများအနေဖြင့် ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေရဦးမည်သာဖြစ်ပေတော့သတည်း။
အပစ္ရပ္ေၾကညာခ်က္လား စိန္ခၚသံလား အပစ္ရပ္ကာလ ေၾကညာခ်က္ကိုၾကားရေလတိုင္း ေသနတ္သံေတြစဲသြားလိမ့္မည္ဟု ႐ိုးသားစြာထင္ျမင္ခဲ့ၾကသည္။ သို႔ေသာ္ ေသနတ္သံ စဲမသြားခဲ့သည့္အျပင္ ပို၍ဆူညံလာခဲ့သည္ကိုသာ ျမင္ေတြ႕ခံစားခဲ့ရေပသည္။ ၂၀၁၈ ဒီဇင္ဘာ ၂၁ ရက္ေန႔မွစ၍ ယေန႔အထိဆိုလွ်င္ တပ္မေတာ္ဘက္မွ တဖက္သတ္အပစ္ရပ္ခဲ့သည္မွာ ၂၀၁၉ ဩဂုတ္ ၃၁ ရက္ေန႔အထိ ၈ လတာကာလပင္ၾကာျမင့္ခဲ့ၿပီ။ ထို႔ေနာက္ စက္တင္ဘာ ၂၁ ရက္ေန႔အထိ တလနီးပါး ထပ္မံတိုးခ်ဲ႕ခဲ့ျပန္သည္။ ၉ လနီးပါးအပစ္ရပ္ေၾကညာခ်က္ကို ထုတ္ျပန္ခဲ့သည္။ အမွန္တကယ္အပစ္ရပ္ျခင္းကား မရွိခဲ့ပါေခ်။ အပစ္ရပ္နယ္ေျမအျဖစ္မပါဝင္ခဲ့ေသာ ရခိုင္စစ္မ်က္ႏွာလည္း ရပ္ဆိုင္္းမသြားခဲ့။ ေျမာက္ပိုင္းအဖြဲ႕ တို႔လည္း ရပ္ဆိုင္းမသြားႏိုင္ခဲ့ေပ။ ဩဂတ္ ၃၁ ရက္ေန႔ က်ိဳင္းတုံေဆြးေႏြးပြဲအၿပီး ထပ္မံေၾကညာခဲ့ေသာ္လည္း ေဆြးေႏြးေနဆဲကာလအတြင္း၌ပင္ စစ္ပြဲမ်ားျဖစ္ခဲ့သည္။ လက္နက္ႀကီးထိမွန္၍ လူမမယ္ကေလးငယ္ ၂ ဦးအပါအဝင္ ျပည္သူ ၅ ဦး အသက္ဆုံးရႈံးခဲ့သည္ကိုေတြ႕ရသည္။ တိုက္ပြဲမ်ားေၾကာင့္ ျပည္သူမ်ား ထိခိုက္ေသဆုံးခဲ့သည့္ ျဖစ္စဥ္မ်ားတြင္ တပ္မေတာ္အပါအဝင္ မည္သည့္လက္နက္ကိုင္အဖြဲ႕အစည္းကမွ် တာဝန္ခံမႈတာဝန္ယူမႈမရွိခဲ့ပါ။ “လုပ္ရဲ လွ်င္ ခံရဲရမည္” ဟုဆိုေသာ္လည္း ထိုကဲ့သို႔သတၱိမ်ိဳး ရွိဟန္မတူၾက။ ျပည္သူတို႔အေနျဖင့္ ၿငိမ္းခ်မ္းေရးအေပၚတြင္ ယုံၾကည္မႈက်ဆင္းခဲ့သည့္နည္းတူ အပစ္ရပ္ ဆိုေသာ ေဝါဟာရပင္မယုံၾကည္ခ်င္ၾကေတာ့။ ဤမယုံၾကည္မႈသည္ လက္နက္ကိုင္အဖြဲ႕တခုတည္းအေပၚတြင္သာမဟုတ္ မည္သည့္လက္နက္ကိုင္အဖြဲ႕ကိုမွ် မယုံၾကည္ရဲေတာ့ျခင္းပင္ျဖစ္သည္။ ျပည္သူ႔အသက္အိုးအိမ္စည္စိမ္ကို ကာကြယ္ေနပါသည္ဟု မည္မွ်ပင္ေအာ္ဟစ္ေျပာဆိုစည္း႐ုံးေစကာမူ လူထုယုံၾကည္မႈကားပ်က္ျပယ္သြားခဲ့ၿပီျဖစ္သည္။ အေရးအေၾကာင္းဆိုလွ်င္ မည္သည့္လက္နက္ကိုင္အဖြဲ႕ကို အားကိုရမွန္းပင္မသိေတာ့။ ဤသည္ေၾကာင့္လည္း လက္နက္ကိုင္အဖြဲ႕မ်ားအားလုံးအေပၚတြင္ ျပည္သူလူထုယုံ ၾကည္မႈမရွိေတာ့သည္ကို အထင္ကရျမင္ေတြ႕လာရေပသည္။ ထို႔ေၾကာင့္ ၎တို႔၏ အပစ္ရပ္ေၾကညာခ်က္မ်ားအေပၚတြင္ စိန္ေခၚခ်က္တခုအျဖစ္ ေျပာင္းလဲျမင္ခဲ့ျခင္းပင္ျဖစ္ဟန္ရွိပါသည္။ ဤသို႔ေသာ အေျခအေနတြင္ တပ္မေတာ္၏ေၾကညာခ်က္မ်ားနည္းတူ ေျမာက္ပိုင္းမဟာမိတ္သုံးဖြဲ႕မွလည္း တဖက္သတ္အပစ္ရပ္ေၾကညာခ်က္တေစာင္ ထြက္ေပၚလာခဲ့ျပန္သည္။ ၎တို႔၏ေၾကညာခ်က္တြင္ စက္တင္ဘာ ၉ ရက္မွ ေအာက္တိုဘာ ၈ ရက္ေန႔အထိျဖစ္သည္။ အဓိကပါဝင္သည္မွာ အပိုဒ္(၂)တြင္ “မိမိတို႔အဖြဲ႕မွလက္ဦးမႈယူ၍ စစ္တိုက္ခိုက္ျခင္းမျပဳေသာ္လည္း ျမန္မာစစ္တပ္မွ မိမိတို႔အား စတင္တိုက္ခိုက္ျခင္း၊မိမိတို႔ေဒသတြင္း စစ္ဆင္ေရးလႈပ္ရွားမႈမ်ား လာေရာက္ျပဳလုပ္ျခင္း လက္နက္ႀကီးအေျမာက္အျမားစုၿပဳံပစ္ခတ္တိုက္ခိုက္ျခင္း၊ ျပဳလုပ္မည္ဆိုပါက မိမိကိုယ္မိမိ ခုခံကာကြယ္ေသာအေနအထားမ်ိဳးျဖင့္ မည္သည့္ေနရာ မည္သည့္အခ်ိန္မဆိုတုံ႔ျပန္သြားမည္ ျဖစ္ေၾကာင္း” ေၾကညာခ်က္တြင္ ပါရွိသည္။ ယင္းေၾကညာခ်က္အရၾကည့္လွ်င္ ႏွစ္ဘက္သံသယတို႔ ရွိေနဟန္ကို ေတြ႕ေနရသည္။ တဖက္ႏွင့္တဖက္ ယုံၾကည္မႈ တည္ေဆာက္ႏိုင္ဟန္မရွိေသး။ ပိုဆိုးသည္မွာ တိက်ေသာ ႏိုင္ငံေရး ပထဝီဝင္နယ္ေျမ ပိုင္းျခားသတ္မွတ္မႈမရွိေသးျခင္းပင္။ ထိုအခ်က္အေပၚ အခြင့္အေရးတခုအျဖစ္အသုံးခ်၍ တဖက္မွလည္း နယ္ေျမေက်ာ္လႈပ္ရွားမႈဟု စြပ္စြဲသကဲ့သို႔ က်န္တဖက္ကလည္း မိမိပိုင္နယ္အျဖစ္ ဩဇာလႊမ္းမိုးခ်ဳပ္ကိုင္ရန္က်ိဳးစားခဲ့ၾကသည္။ ၎အဖြဲ႕ႏွစ္ ခုတို႔ ထိပ္တိုက္ရင္ဆိုင္မိေလတိုင္း ျပည္သူသည္မ ေျမဇာပင္ဘဝေရာက္စၿမဲပင္။ လူထုအေနျဖင့္ အပစ္ရပ္ေၾကညာျခင္းသည္ပင္ စစ္တိုက္ဖို႔ စိမ္ေခၚခ်က္တခုလို နားလည္ေနခဲ့ၾကေလသည္။ ယခု ႏွစ္ဘက္စလုံးမွ အပစ္ရပ္ေၾကညာခ်က္မ်ား ထြက္ေပၚလာခဲ့ေလသည္။ ဤတႀကိမ္တြင္လည္း ၎တို႔၏ ေၾကညာခ်က္တို႔သည္ အမွန္တကယ္ပင္ အပစ္ရပ္ျခင္းျဖစ္ေလမလား စိမ္ေခၚခ်က္တခုျဖစ္ေလမလားဆိုသည္ကို ေတာ့ ျပည္သူအမ်ားအေနျဖင့္ ရင္တထိတ္ထိတ္ျဖင့္ ေစာင့္ၾကည့္ေနရဦးမည္သာျဖစ္ေပေတာ့သတည္း။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024