ဗင်းနစ်ရုပ်ရှင်ပွဲတော်တွင် ‘Joker’  ဇာတ်ကားက အမြင့်ဆုံး ရွှေခြင်္သေ့ဆု ဆွတ်ခူး

Photo : REUTERS/Piroschka van de Wouw
အီတလီနိုင်ငံ ဗင်းနစ်မြို့မှာ စက်တင်ဘာ ၇ ရက်နေ့က ကျင်းပတဲ့ ၇၆ ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ‘Joker’  ရုပ်ရှင်ဇာတ်ကားက အမြင့်ဆုံးဆုဖြစ်တဲ့ ရွှေခြင်္သေ့ဆုကို ဆွတ်ခူးရရှိသွားပါတယ်။ လူ့အသိုင်းအဝိုင်းက လျစ်လျူရှုခံခဲ့ရတဲ့ ဟာသ သရုပ်ဆောင်တယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲကို ရိုက်ကူးထားတာတဲ့ ‘Joker’ ရုပ်ရှင်ဇာတ်ကားကို  အမေရိကန် ဒါရိုက်တာ တော့ဒ်ဖီးလစ် ရိုက်ကူးထားပြီး အမေရိကန် ရုပ်ရှင်မင်းသား ဝါ့ခင်းဖီးနစ်က သရုပ်ဆောင်ထားတာပါ။  ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ မင်းသား ဝါ့ခင်းဖီးနစ်ဟာ အကောင်းဆုံးမင်းသားဆု မဆွတ်ခူးနိုင်ပေမယ့် အထီးကျန်ဆန်ပြီး စိတ်အားငယ်သူ အဖြစ်ကနေ ယုံကြည်ချက် ပြင်းထန်တဲ့ ဗီလိန်တယောက်အဖြစ် သူ့ရဲ့သရုပ်ဆောင်မှုကိုတော့ ဝေဖန်သူတွေကတောင်  ချီးမွမ်းခဲ့ကြတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။  ‘Joker’ ရုပ်ရှင်ဇာတ်ကားကို အောက်တိုဘာ ၄ ရက်နေ့က အမေရိကန်နိုင်ငံမှာ စတင် ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီပွဲတေ်ာမှာ ဒါရိုက်တာ ပိုလန်စကီရဲ့ "An Officer and a Spy" ရုပ်ရှင် ဇာတ်ကားက အံ့အားသင့်ဖွယ် ဒုတိယ ငွေခြင်္သေ့ဆုကို ရခဲ့ပါတယ်။ #MeToo  လှုပ်ရှားမှု ကာလအတွင်း ပြိုင်ပွဲဝင် တန်းစီဇယား ၂၁ ယောက်မှာ   အမျိုးသမီး ဒါရိုက်တာ ၂ ယောက်သာပါဝင်ပြိး ပိုလန်စကီရဲ့ ရုပ်ရှင်ထည့်သွင်းထားတာကြောင့်  ပွဲတော် စီစဉ်သူတွေဟာ ဝေဖန်မှုတွေ ကြုံတွေ့ခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်တုန်းက ၁၃ နှစ်အရွယ် မိန်းကလေးတဦးကို တရားမဝင် လိင်ဆက်ဆံမှုမှာ အပြစ်ရှိကြောင်း ထွက်ဆိုပြီးနောက် ဒါရိုက်တာ ပိုလန်စကီဟာ အမေရိကကနေ ထွက်ပြေးခဲ့ပါတယ်။ သူဟာ အခု ဗင်းနစ်ရုပ်ရှင်ပွဲတော်ကို တက်ရောက်ခဲ့ခြင်း မရှိဘဲ သူ့ကိုယ်စား ဇနီးဖြစ်သူက ငွေခြင်္သေ့ဆုကို လက်ခံခဲ့တယ်လို့  ရိုက်တာသတင်းက ဆိုပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဗင္းနစ္႐ုပ္ရွင္ပြဲေတာ္တြင္ ‘Joker’  ဇာတ္ကားက အျမင့္ဆုံး ေ႐ႊျခေသၤ့ဆု ဆြတ္ခူး အီတလီႏိုင္ငံ ဗင္းနစ္ၿမိဳ႕မွာ စက္တင္ဘာ ၇ ရက္ေန႔က က်င္းပတဲ့ ၇၆ ႀကိမ္ေျမာက္ ဗင္းနစ္႐ုပ္ရွင္ပြဲေတာ္မွာ ‘Joker’  ႐ုပ္ရွင္ဇာတ္ကားက အျမင့္ဆုံးဆုျဖစ္တဲ့ ေ႐ႊျခေသၤ့ဆုကို ဆြတ္ခူးရရွိသြားပါတယ္။ လူ႔အသိုင္းအဝိုင္းက လ်စ္လ်ဴရႈခံခဲ့ရတဲ့ ဟာသသ႐ုပ္ေဆာင္တေယာက္ရဲ႕ စိတ္ပိုင္းဆိုင္ရာ အေျပာင္းအလဲကို ႐ိုက္ကူးထားတာတဲ့ ‘Joker’ ႐ုပ္ရွင္ဇာတ္ကားကို  အေမရိကန္ ဒါ႐ိုက္တာ ေတာ့ဒ္ဖီးလစ္ ႐ိုက္ကူးထားၿပီး အေမရိကန္ ႐ုပ္ရွင္မင္းသား ဝါ့ခင္းဖီးနစ္က သ႐ုပ္ေဆာင္ထားတာပါ။ ဗင္းနစ္႐ုပ္ရွင္ပြဲေတာ္မွာ မင္းသား ဝါ့ခင္းဖီးနစ္ဟာ အေကာင္းဆုံးမင္းသားဆု မဆြတ္ခူးႏိုင္ေပမယ့္ အထီးက်န္ဆန္ၿပီး စိတ္အားငယ္သူ အျဖစ္ကေန ယုံၾကည္ခ်က္ ျပင္းထန္တဲ့ ဗီလိန္တေယာက္အျဖစ္ သူ႔ရဲ႕သ႐ုပ္ေဆာင္မႈကိုေတာ့ ေဝဖန္သူေတြကေတာင္  ခ်ီးမြမ္းခဲ့ၾကတယ္လို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။ ‘Joker’ ႐ုပ္ရွင္ဇာတ္ကားကို ေအာက္တိုဘာ ၄ ရက္ေန႔က အေမရိကန္ႏိုင္ငံမွာ စတင္ ႐ုံတင္ျပသသြားမွာ ျဖစ္ပါတယ္။ ဒီပြဲေတ္ာမွာ ဒါ႐ိုက္တာ ပိုလန္စကီရဲ႕ "An Officer and a Spy" ႐ုပ္ရွင္ ဇာတ္ကားက အံ့အားသင့္ဖြယ္ ဒုတိယ ေငြျခေသၤ့ဆုကို ရခဲ့ပါတယ္။ #MeToo  လႈပ္ရွားမႈ ကာလအတြင္း ၿပိဳင္ပြဲဝင္ တန္းစီဇယား ၂၁ ေယာက္မွာ   အမ်ိဳးသမီး ဒါ႐ိုက္တာ ၂ ေယာက္သာပါဝင္ၿပိး ပိုလန္စကီရဲ႕ ႐ုပ္ရွင္ထည့္သြင္းထားတာေၾကာင့္  ပြဲေတာ္ စီစဥ္သူေတြဟာ ေဝဖန္မႈေတြ ႀကဳံေတြ႕ခဲ့ပါတယ္။ ၁၉၇၇ ခုႏွစ္တုန္းက ၁၃ ႏွစ္အ႐ြယ္ မိန္းကေလးတဦးကို တရားမဝင္ လိင္ဆက္ဆံမႈမွာ အျပစ္ရွိေၾကာင္း ထြက္ဆိုၿပီးေနာက္ ဒါ႐ိုက္တာ ပိုလန္စကီဟာ အေမရိကကေန ထြက္ေျပးခဲ့ပါတယ္။ သူဟာ အခု ဗင္းနစ္႐ုပ္ရွင္ပြဲေတာ္ကို တက္ေရာက္ခဲ့ျခင္း မရွိဘဲ သူ႔ကိုယ္စား ဇနီးျဖစ္သူက ေငြျခေသၤ့ဆုကို လက္ခံခဲ့တယ္လို႔  ႐ိုက္တာသတင္းက ဆိုပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up