ကျီးကန်းများ၏ ပစ်မှတ်ထား တိုက်ခိုက်ခြင်းခံနေရသည့် အိန္ဒိယအမျိုးသား (ရုပ်သံ)

အိန္ဒိယနိုင်ငံက အမျိုးသားတဦးဟာ ကျီးကန်းတွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်တာကို ခံခဲ့ရတယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။  ထူးခြားတာက ကျီးကန်းတွေဟာ သူတယောက်တည်းကိုပဲ တိုက်ခိုက်တာပါ။ ရှီဗာ ကီဝတ်လို့ ခေါ်တဲ့ အမျိုးသားဟာ အိန္ဒိယနိုင်ငံ မဟာပရာဒတ်ရှ်ပြည်နယ် ဆူမီလာကျေးရွာမှာ နေထိုင်သူဖြစ်ပြီး ကျီးကန်းတွေနဲ့ သူနဲ့ကြားက ပတ်သက်မှုဟာ ပြီးခဲ့တဲ့သုံးနှစ်က စတင်ခဲ့ပါတယ်။ ဒါဟာ နားလည်မှုလွဲခြင်းလို့လည်း ကီဝတ်က ပြောပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ကီဝတ်ဟာ သံဆူကြိုးမှာ ညိနေတဲ့ ကျီးကန်းပေါက်တကောင်ကို ကယ်တင်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဒီကျီးကန်းပေါက်လေးဟာ သူ့လက်ပေါ်မှာတင် သေဆုံးခဲ့ပါတယ်။ ဒါကို တခြားကျီးကန်းတွေက မြင်တွေ့သွားခဲ့ပုံရပြီး အဲဒီနေ့ကစလို့ အပြင်ထွက်တိုင်း သူ့ကို လာရောက်ထိုးဆိတ်တိုက်ခိုက်ကြပါတယ်။  ကျီးကန်တွေဟာ ကီဝတ် အပြင်ထွက်တိုင်း လာရောက်တိုက်ခိုက်ကြတာဖြစ်ပြီး တခါတလေမှာ တကောင်တည်း ဖြစ်ပေမယ့် တခါတလေဆိုရင် အုပ်စုလိုက်ကြီး လာရောက်တိုက်ခိုက်ကြတယ်လို့ ကီဝတ်က ပြောပါတယ်။ ဒါ့ကြောင့် သူဟာ အပြင်ထွက်တိုင်း တုတ်တချောင်းကို ဆောင်သွားရလေ့ရှိပြီး အဲဒီလိုလုပ်မှသာ အငြိုးကြီးတဲ့ ကျီးကန်းတွေရဲ့ဒဏ်က သက်သာရာရပါတယ်။ “ကျီးကန်းပေါက်လေးဟာ ကျနော့်လက်ထဲမှာ သေဆုံးသွားခဲ့တာပါ။ ကျနော် သူတို့ကို ရှင်းပြလို့ရရင် ကျနော်က သူတို့ အကောင်ပေါက်လေးကို သတ်ခဲ့တာ မဟုတ်ဘဲနဲ့ ကယ်တင်ဖို့ ကြိုးစားခဲ့တာလို့ ရှင်းပြချင်ပါတယ်” လို့ ကီဝတ်က ပြောပါတယ်။ ကီဝတ်ဟာ ကျီးကန်းတွေရဲ့ တိုက်ခိုက်မှုကို အစကတော့ သဘောမပေါက်ခဲ့ပါဘူး။ သူက ဒါကို သာမန်ဖြစ်စဉ်တခုလိုပဲ သဘောထားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒီငှက်တွေရဲ့ တိုက်ခိုက်မှုဟာ ပြင်းထန်လာခဲ့ပါတယ်။  သူ့မိသားစုဝင်တွေ၊ ကျေးရွာသားတွေက ကျီးကန်းတွေရဲ့ တိုက်ခိုက်မှုကို လာရောက် စမ်းသပ်ခဲ့ပေမယ့် ကျီးကန်းတွေဟာ ကီဝတ်ကိုသာ သီးသန့်ပစ်မှတ်ထားတာဖြစ်ပြီး “သူတို့ဟာ ရုပ်ရှင်ရုံက တိုက်လေယာဉ်တွေလိုပဲ၊ ကီဝတ်ကို တိုက်ခိုက်ကြပါတယ်” လို့လည်း ဆူမီလာ ဒေသခံတွေက ပြောပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version က်ီးကန္းမ်ား၏ ပစ္မွတ္ထား တိုက္ခိုက္ျခင္းခံေနရသည့္ အိႏၵိယအမ်ိဳးသား (႐ုပ္သံ) အိႏၵိယႏိုင္ငံက အမ်ိဳးသားတဦးဟာ က်ီးကန္းေတြရဲ႕ ပစ္မွတ္ထား တိုက္ခိုက္တာကို ခံခဲ့ရတယ္လို႔ OC သတင္းမွာ ေဖာ္ျပပါတယ္။ ထူးျခားတာက က်ီးကန္းေတြဟာ သူတေယာက္တည္းကိုပဲ တိုက္ခိုက္တာပါ။ ရွီဗာ ကီဝတ္လို႔ ေခၚတဲ့ အမ်ိဳးသားဟာ အိႏၵိယႏိုင္ငံ မဟာပရာဒတ္ရွ္ျပည္နယ္ ဆူမီလာေက်း႐ြာမွာ ေနထိုင္သူျဖစ္ၿပီး က်ီးကန္းေတြနဲ႔ သူနဲ႔ၾကားက ပတ္သက္မႈဟာ ၿပီးခဲ့တဲ့သုံးႏွစ္က စတင္ခဲ့ပါတယ္။ ဒါဟာ နားလည္မႈလြဲျခင္းလို႔လည္း ကီဝတ္က ေျပာပါတယ္။ လြန္ခဲ့တဲ့ သုံးႏွစ္တုန္းက ကီဝတ္ဟာ သံဆူႀကိဳးမွာ ညိေနတဲ့ က်ီးကန္းေပါက္တေကာင္ကို ကယ္တင္ဖို႔ ႀကိဳးစားခဲ့ဖူးပါတယ္။ ကံမေကာင္းစြာနဲ႔ပဲ ဒီက်ီးကန္းေပါက္ေလးဟာ သူ႔လက္ေပၚမွာတင္ ေသဆုံးခဲ့ပါတယ္။ ဒါကို တျခားက်ီးကန္းေတြက ျမင္ေတြ႕သြားခဲ့ပုံရၿပီး အဲဒီေန႔ကစလို႔ အျပင္ထြက္တိုင္း သူ႔ကို လာေရာက္ထိုးဆိတ္တိုက္ခိုက္ၾကပါတယ္။ က်ီးကန္ေတြဟာ ကီဝတ္ အျပင္ထြက္တိုင္း လာေရာက္တိုက္ခိုက္ၾကတာျဖစ္ၿပီး တခါတေလမွာ တေကာင္တည္း ျဖစ္ေပမယ့္ တခါတေလဆိုရင္ အုပ္စုလိုက္ႀကီး လာေရာက္တိုက္ခိုက္ၾကတယ္လို႔ ကီဝတ္က ေျပာပါတယ္။ ဒါ့ေၾကာင့္ သူဟာ အျပင္ထြက္တိုင္း တုတ္တေခ်ာင္းကို ေဆာင္သြားရေလ့ရွိၿပီး အဲဒီလိုလုပ္မွသာ အၿငိဳးႀကီးတဲ့ က်ီးကန္းေတြရဲ႕ဒဏ္က သက္သာရာရပါတယ္။ “က်ီးကန္းေပါက္ေလးဟာ က်ေနာ့္လက္ထဲမွာ ေသဆုံးသြားခဲ့တာပါ။ က်ေနာ္ သူတို႔ကို ရွင္းျပလို႔ရရင္ က်ေနာ္က သူတို႔ အေကာင္ေပါက္ေလးကို သတ္ခဲ့တာ မဟုတ္ဘဲနဲ႔ ကယ္တင္ဖို႔ ႀကိဳးစားခဲ့တာလို႔ ရွင္းျပခ်င္ပါတယ္” လို႔ ကီဝတ္က ေျပာပါတယ္။ ကီဝတ္ဟာ က်ီးကန္းေတြရဲ႕ တိုက္ခိုက္မႈကို အစကေတာ့ သေဘာမေပါက္ခဲ့ပါဘူး။ သူက ဒါကို သာမန္ျဖစ္စဥ္တခုလိုပဲ သေဘာထားခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ဒီငွက္ေတြရဲ႕ တိုက္ခိုက္မႈဟာ ျပင္းထန္လာခဲ့ပါတယ္။ သူ႔မိသားစုဝင္ေတြ၊ ေက်း႐ြာသားေတြက က်ီးကန္းေတြရဲ႕ တိုက္ခိုက္မႈကို လာေရာက္ စမ္းသပ္ခဲ့ေပမယ့္ က်ီးကန္းေတြဟာ ကီဝတ္ကိုသာ သီးသန႔္ပစ္မွတ္ထားတာျဖစ္ၿပီး “သူတို႔ဟာ ႐ုပ္ရွင္႐ုံက တိုက္ေလယာဥ္ေတြလိုပဲ၊ ကီဝတ္ကို တိုက္ခိုက္ၾကပါတယ္” လို႔လည္း ဆူမီလာ ေဒသခံေတြက ေျပာပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up