Home
ဆောင်းပါး
ခါးနာလွန်းနေတယ် ဘယ်လိုလုပ်ရမလဲ
DVB
·
September 7, 2019

ခါးနာတဲ့ပြဿနာဟာ အသက်အရွယ်မရွေး လူတိုင်းနီးပါး ကြံူတွေ့ရတတ်တဲ့ပြဿနာတစ်ခုပါ။ အလေးအပင်မလိုက်လို့ ဖြစ်စေ၊ လေ့ကျင့်ခန်းလုပ်တာ ပြင်းထန်သွားလို့ဖြစ်စေ ဒီ ခါးနာတဲ့ ပြဿနာကိုခံစားရမှာပါ။ ဒီတော့အခန့်မသင့်လို့ ကိုယ်ကလည်း ခါးနေတယ်ဆိုရင်ဆိုရင် သက်သာအောင်ဘယ်လိုလုပ်ကြမလဲ။

အိပ္တဲ့ ပံုစံကို သတိထားပါ။

ခါးနာနေတော့ ထိုင်လို့အဆင်မပြေ။ အဲတော့ လှဲအိပ်။ လှဲအိပ်တော့ ခါးပိုနာနဲ့ သံသရာလည်နေတတ်ပါတယ်။ ဒါပေမယ့် မအိပ်လို့ကလည်း မရဘူးလေ။ ဒီတော့  ဘေးစောင်းလှဲအိပ်ပြီး ဒူးခေါင်းကြားထဲ ခေါင်းအုံးလေးညှပ်ထားပါ။ ပက်လက်အိပ်မယ်ဆိုရင်တော့ ဒူးခေါင်းအောက် ခေါင်းအုံးခံထားတဲ့ အနေအထားမျိုးနဲ့ အိပ်စက်ပါ။ ဒါဆိုရင် ခါးနာတဲ့ဝေဒနာလည်း သက်သာသွားသလို နောက်ထပ်ခါးနာမယ့် အဖြစ်တွေကို ကြိုတင်ကာကွယ်ပြီးသားလည်းဖြစ်မှာပါ။

ထိုင်တဲ့အချိန်ကလည်းအရေးကြီးပါတယ်။

ခါးကိုဆန့်ထားပြီး မတ်မတ်အနေအထားနဲ့ မထိုင်ဘဲ ပျင်းရိပျင်းတွဲနဲ့ လျှောထိုင်ရင် ခါးပိုနာပါလိမ့်မယ်။ ဒီတော့ ခါးကိုမတ်မတ်ဆန့် နောက်ကျောထိုင်ခုံကိုမီတဲ့ အနေအထားနဲ့ထိုင်ပါ။ ထိုင်ခုံနဲ့ခါးကြားထဲ ခေါင်အုံးးလေးခံထားပြီ းထိုင်လို့လည်း ရပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ။

လေ့ကျင့်ခန်းလုပ်လိုက်တာကြောင့် တင်းနေတဲ့ ကြွက်သားတွေ ပြေလျော့သွားသလို ညက်နေတဲ့ အကြောတွေလည်း လွတ်သွားနိုင်ပါတယ် ။ဒါပေမယ့် လေ့ကျင့်ခန်း ပြင်းထန်ရင် ခါးပိုနာသွားတတ်တာကိုတော့ သတိထားစေချင်ပါတယ်။

တစ်ချိန်လုံးချည်း အိပ်ရာပေါ် လှဲမနေပါနဲ့။

ခါးနာတဲ့အခါ အိပ်ရာပေါ် လှဲအိပ်နေရတာ သက်သာသယောင်ရှိပေယ့် လှဲနေတဲ့အနေအထားက ခါးကို ပိုပြီး အားပြုသလိုဖြစ်သွားတာကြောင့် တစ်ချိန်လုံး အိပ်ရာပေါ်မှာလှဲနေမယ့်အစား ရေကူးတာ၊ လမ်းလျှောက်တာ ။ယောဂ ကစားတာတို့ လုပ်ပေးပါ။

နာနေတဲ့နေရာကို ရေခဲကပ်ပါ။ ရေနွေးကပ်ပါ။

နာပြီးရောင်နေတဲ့ ခါးနေရာကို အရောင်ကျအောင်လို့ ရေခဲကပ်တာ ( ဒါမှမဟုတ် )ရေနွေးအိတ်ကပ်ပေးတာမျိုးလုပ်ပေးလို့ရပါတယ်။

နှိပ်နယ်ပေးလို့လည်းရပါတယ်။

တင်းနေတဲ့ ၾကြက္သားတွေ ပြေလျော့သွားစေဖို့၊ ညှပ်နေတဲ့အကြောတွေ လွတ်သွားစေဖို့ ခါးကို နှိပ်ပေးလို့ရပါတယ်။ တစ်ခုရှိတာက အကြောပိုင်းဆိုင်ရာ တကယ်လို ကျွမ်းကျင်တဲ့ ဆရာနဲ့ နှိပ်ဖြစ်ဖို့လိုပါတယ်။

ဆေးသောက်လို့ရပါတယ်။

ခါးနာတာကိ ုသက်သာစေဖို့ အကိုက်အခဲပျောက်ဆေးတွေ ဆရာဝန်နဲပတိုင်ပင်ပြီး ဝယ်သောက်လို့ရပါတယ်။ ဒါပေမယ့် ဆေးတစ်ခုတည်းကိ ုအားကိုးလို့တော့ မရပါဘူး။ အကိုက်အခဲပျောက်ဆေးတွေ စွဲသောက်တာများရင် အစာအိမ်ရောဂါတွေ ဖြစ်တတ်သေးတာကြောင့်ပါ။ ဒါ့ကြောင့် ဆေးလေးလည်းသောက် လေ့ကျင့်ခန်းလေးလည်း လုပ်ပါ။

ခါးဆစ်ရိုးထဲ ဆေးရည်ထိုးလို့ရပါတယ်။

ဒါကလည်း အသုံးများတဲ့ ဆေးနည်းတစ်ခုပါ။ ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းတွေ သက်သာစေဖို့ ခ ါးဆစ်ရိုးထဲ စတီးရွိုက် ဆေးတစ်မျိုးထိုးသွင်းတဲ့နည်းပါ။ ဒါကိုတော့ ကိုယ့်ခါးနာတဲ့ ပြင်းထန်ခြင်းပေါ်မှာမူတည်ပြီး ဆရာဝန်က ထိုးသင့်မထိုးသင့် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ခွဲစိတ်ခြင်း။

ခါးဆစ်ရိုးကျွံပြီး အကြောပေါ် သွားဖိနေတဲ့ ခါးနာတဲ့ ပြဿနာမျိုးတွေမှာဆိုရင် တော့ ကျွံနေတဲ့ ခါးဆစ်ရိုးကို ပြန်ပြုပြင်ဖို့ ခွဲစိတ်မှုတွေ လုပ်ရတတ်ပါတယ်။

ဒါတွေကတော့ ခါးနာတာကို သက်သာစေဖို့အတွက် လုပ်လို့ရတဲ့နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်တာအကောင်းဆုံး ဖြစ်တာကြောင့် ပုံစံတကျ ထိုင်တာ ၊အိပ်စက်တာ ၊နည်းလမ်းမှန်မှန် အလေးအပင်မတာ၊ လေ့ကျင့်ခန်း မှန်မှန်လုပ်တာတွေနဲ့ ခါးနာတာကို ကြိုတင်ကာကွယ်လို့ရပါတယ် ။ ။

ရေးသားသူ Dr. Thin Yadanar @ Frances ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version

ခါးနာလြန္းေနတယ္ ဘယ္လိုလုပ္ရမလဲ။

ခါးနာတဲ့ျပႆနာဟာ အသက္အရြယ္မေရြး လူတုိင္းနီးပါး ၾကံဴေတြ႕ရတတ္တဲ့ျပႆနာတစ္ခုပါ။ အေလးအပင္မလုိက္လို႕ ျဖစ္ေစ၊ ေလ့က်င့္ခန္းလုပ္တာ ျပင္းထန္သြားလို႕ျဖစ္ေစ ဒီ ခါးနာတဲ့ ျပႆနာကိုခံစားရမွာပါ။ ဒီေတာ ့အခန္႔မသင့္လို႔ ကိုယ္ကလည္း ခါးေနတယ္ဆိုရင္ဆိုရင္ သက္သာေအာင္ဘယ္လိုလုပ္ၾကမလဲ။

အိပ္တဲ့ ပံုစံကို သတိထားပါ။

ခါးနာေနေတာ့ ထိုင္လို႕အဆင္မေျပ။ အဲေတာ့ လွဲအိပ္။ လွဲအိပ္ေတာ့ ခါးပိုနာနဲ႔ သံသရာလည္ေနတတ္ပါတယ္။ ဒါေပမယ့္ မအိပ္လို႕ကလည္း မရဘူးေလ။ ဒိီေတာ့  ေဘးေစာင္းလဲွအိပ္ျပီး ဒူးေခါင္းၾကားထဲ ေခါင္းအံုးေလးညွပ္ထားပါ။ ပက္လက္အိပ္မယ္ဆိုရင္ေတာ့ ဒူးေခါင္းေအာက္ ေခါင္းအံုးခံထားတဲ့ အေနအထားမ်ိဳးနဲ႔ အိပ္စက္ပါ။ ဒါဆုိရင္ ခါးနာတဲ့ေဝဒနာလည္း သက္သာသြားသလို ေနာက္ထပ္ခါးနာမယ့္ အျဖစ္ေတြကို ၾကိဳတင္ကာကြယ္ျပီးသားလည္းျဖစ္မွာပါ။

ထုိင္တဲ့အခ်ိန္ကလည္းအေရးၾကီးပါတယ္။

ခါးကိုဆန္႕ထားျပီး မတ္မတ္အေနအထားနဲ႔ မထုိင္ဘဲ ပ်င္းရိပ်င္းတြဲနဲ႔ ေလွ်ာထုိင္ရင္ ခါးပိုနာပါလိမ့္မယ္။ ဒီေတာ့ ခါးကိုမတ္မတ္ဆန္႕ ေနာက္ေက်ာထိုင္ခံုကိုမီတဲ့ အေနအထားနဲ႔ထုိင္ပါ။ ထုိင္ခံုနဲ႔ခါးၾကားထဲ ေခါင္အံုးးေလးခံထားျပီ းထုိင္လို႕လည္း ရပါတယ္။

ေလ့က်င့္ခန္းလုပ္ပါ။

ေလ့က်င့္ခန္းလုပ္လုိက္တာေၾကာင့္ တင္းေနတဲ့ ၾကြက္သားေတြ ေျပေလ်ာ့သြားသလို ညက္ေနတဲ့ အေၾကာေတြလည္း လြတ္သြားႏုိင္ပါတယ္ ။ဒါေပမယ့္ ေလ့က်င့္ခန္း ျပင္းထန္ရင္ ခါးပိုနာသြားတတ္တာကိုေတာ့ သတိထားေစခ်င္ပါတယ္။

တစ္ခ်ိန္လံုးခ်ည္း အိပ္ရာေပၚ လွဲမေနပါနဲ႔။

ခါးနာတဲ့အခါ အိပ္ရာေပၚ လွဲအိပ္ေနရတာ သက္သာသေယာင္ရွိေပယ့္ လွဲေနတဲ့အေနအထားက ခါးကို ပိုျပီး အားျပဳသလိုျဖစ္သြားတာေၾကာင့္ တစ္ခ်ိန္လံုး အိပ္ရာေပၚမွာလဲွေနမယ့္အစား ေရကူးတာ၊ လမ္းေလွ်ာက္တာ ။ေယာဂ ကစားတာတို႕ လုပ္ေပးပါ။

နာေနတဲ့ေနရာကို ေရခဲကပ္ပါ။ ေရေႏြးကပ္ပါ။

နာျပီးေရာင္ေနတဲ့ ခါးေနရာကို အေရာင္က်ေအာင္လို႕ ေရခဲကပ္တာ ( ဒါမွမဟုတ္ )ေရေႏြးအိတ္ကပ္ေပးတာမိ်ဳးလုပ္ေပးလို႕ရပါတယ္။

ႏွိပ္နယ္ေပးလို႕လည္းရပါတယ္။

တင္းေနတဲ့ ၾကြက္သားေတြ ေျပေလ်ာ့သြားေစဖို႕၊ ညွပ္ေနတဲ ့အေၾကာေတြ လြတ္သြားေစဖို႕ ခါးကို ႏွိပ္ေပးလို႕ရပါတယ္။ တစ္ခုရွိတာက အေၾကာပိုင္းဆုိင္ရာ တကယ္လို ကၽြမ္းက်င္တဲ့ ဆရာနဲ႔ ႏွိပ္ျဖစ္ဖုိ႕လိုပါတယ္။

ေဆးေသာက္လို႕ရပါတယ္။

ခါးနာတာကိ ုသက္သာေစဖို႕ အကိုက္အခဲေပ်ာက္ေဆးေတြ ဆရာဝန္နဲပတုိင္ပင္ျပီး ဝယ္ေသာက္လို႕ရပါတယ္။ ဒါေပမယ့္ ေဆးတစ္ခုတည္းကိ ုအားကိုးလို႕ေတာ့ မရပါဘူး။ အကိုက္အခဲေပ်ာက္ေဆးေတြ စြဲေသာက္တာမ်ားရင္ အစာအိမ္ေရာဂါေတြ ျဖစ္တတ္ေသးတာေၾကာင့္ပါ။ ဒါ့ေၾကာင့္ ေဆးေလးလည္းေသာက္ ေလ့က်င့္ခန္းေလးလည္း လုပ္ပါ။

ခါးဆစ္ရိုးထဲ ေဆးရည္ထိုးလို႕ရပါတယ္။

ဒါကလည္း အသံုးမ်ားတဲ့ ေဆးနည္းတစ္ခုပါ။ ေရာင္ရမ္းျခင္းနဲ႔ နာက်င္ျခင္းေတြ သက္သာေစဖို႕ ခ ါးဆစ္ရိုးထဲ စတီးရြိဳက္ ေဆးတစ္မ်ိဳးထိုးသြင္းတဲ့နည္းပါ။ ဒါကိုေတာ့ ကိုယ့္ခါးနာတဲ့ ျပင္းထန္ျခင္းေပၚမွာမူတည္ျပီး ဆရာဝန္က ထိုးသင့္မထိုးသင့္ ဆံုးျဖတ္မွာ ျဖစ္ပါတယ္။

ခြဲစိတ္ျခင္း။

ခါးဆစ္ရိုးကၽြံျပီး အေၾကာေပၚ သြားဖိေနတဲ့ ခါးနာတဲ့ ျပႆနာမ်ိဳးေတြမွာဆိုရင္ ေတာ့ ကၽြံေနတဲ့ ခါးဆစ္ရိုးကို ျပန္ျပဳျပင္ဖုိ႔ ခြဲစိတ္မႈေတြ လုပ္ရတတ္ပါတယ္။ ဒါေတြကေတာ့ ခါးနာတာကို သက္သာေစဖိုိ႕အတြက္ လုပ္လို႕ရတဲ ့နည္းလမ္းေတြပဲ ျဖစ္ပါတယ္။ ဘာပဲ ျဖစ္ျဖစ္ မျဖစ္ခင္တည္းက ၾကိဳတင္ကာကြယ္တာအေကာင္းဆံုး ျဖစ္တာေၾကာင့္ ပံုစံတက် ထုိင္တာ ၊အိပ္စက္တာ ၊နည္းလမ္းမွန္မွန္ အေလးအပင္မတာ၊ ေလ့က်င့္ခန္း မွန္မွန္လုပ္တာေတြနဲ႔ ခါးနာတာကို ၾကိဳတင္ကာကြယ္လို႕ရပါတယ္ ။ ။ ေရးသားသူ Dr. Thin Yadanar @ Frances ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024