ဟာရီကိန်းမုန်တိုင်းကြောင့် ဘဟားမားကျွန်းတွင် သေဆုံးသူ ၂၃ ဦးရှိပြီ

ဟာရီကိန်း ဒိုရီယမ်ကြောင့် ဘဟားမားကျွန်းနိုင်ငံမှာ သေဆုံးသူ ၂၃ ယောက်အထိ မြင့်တက်လာပြီး သေဆုံးသူ အရေအတွက် များနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးက ကြိုတင်ခန့်မှန်း ပါတယ်။ စက်တင်ဘာ ၅ ရက်နေ့ နိုင်ငံတကာအဖွဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ   အမေရိကန် စစ်ဘက်ဝန်ထမ်းတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။   အမေရိကန် ကမ်းခြေစောင့်တပ်နဲ့ နယ်စပ်ကာကွယ်ရေး ရဟတ်ယာဉ်နဲ့ ဒဏ်ရာစိုးရိမ်ရတဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ပို့ပေးခဲ့ပါတယ်။  တခြားနိုင်ငံတွေ၊ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေနဲ့  အပျော်စီး သင်္ဘောလိုင်းတွေကလည်း ဟာရီကိန်းဒဏ်သင့် ဘဟားမားပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးနေကြပါတယ်။  ဟာရီကိန်းဒဏ် အဆိုးရွားဆုံးခံရတဲ့ ဂရန်းဘဟားမားနဲ့ အက်ဘာကိုကျွန်းတွေက သောင်းချီတဲ့ပြည်သူတွေ ရေ၊ အစားအစာနဲ့ ဆေးဝါးအကူအညီ လိုအပ်နေပါတယ်။    ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း ထောက်ပို့စင်တာ နှစ်ခုအတွက် သိုလှောင်ရေးယူနစ်၊ မီးစက်တွေနဲ့  ယာယီရုံးတွေကို ပနားမားကနေ လေယာဉ်နဲ့ တင်ဆောင်ဖို့ စီစဉ်နေတယ်လို့ပြောပါတယ်။  ဒါ့အပြင် ကယ်ဆယ်ရေးဝန်ထမ်းတွေအတွက် ဂြိုဟ်တုသုံး ကိရိယာတွေနဲ့ အရန်သင့် စားနိုင်တဲ့ စားနပ်ရိက္ခာ မက်ထရစ် ၈ တန်ကို WFP က ဝယ်ယူထားတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 
ဟာရီကိန္းမုန္တိုင္းေၾကာင့္ ဘဟားမားကြၽန္းတြင္ ေသဆုံးသူ ၂၃ ဦးရွိၿပီ DVB ဟာရီကိန္း ဒိုရီယမ္ေၾကာင့္ ဘဟားမားကြၽန္းႏိုင္ငံမွာ ေသဆုံးသူ ၂၃ ေယာက္အထိ ျမင့္တက္လာၿပီး ေသဆုံးသူ အေရအတြက္ မ်ားႏိုင္တယ္လို႔ က်န္းမာေရးဝန္ႀကီးက ႀကိဳတင္ခန႔္မွန္း ပါတယ္။ စက္တင္ဘာ ၅ ရက္ေန႔ ႏိုင္ငံတကာအဖြဲ႕ ကယ္ဆယ္ေရးလုပ္ငန္းေတြမွာ အေမရိကန္ စစ္ဘက္ဝန္ထမ္းေတြ ပူးေပါင္းပါဝင္ခဲ့ပါတယ္။ အေမရိကန္ ကမ္းေျခေစာင့္တပ္နဲ႔ နယ္စပ္ကာကြယ္ေရး ရဟတ္ယာဥ္နဲ႔ ဒဏ္ရာစိုးရိမ္ရတဲ့ ေဒသခံေတြကို ေဘးလြတ္ရာ ပို႔ေပးခဲ့ပါတယ္။ တျခားႏိုင္ငံေတြ၊ ႏိုင္ငံတကာ အကူအညီေပးေရးအဖြဲ႕ေတြနဲ႔ အေပ်ာ္စီး သေဘၤာလိုင္းေတြကလည္း ဟာရီကိန္းဒဏ္သင့္ ဘဟားမားျပည္သူေတြအတြက္ လူသားခ်င္းစာနာမႈ အကူအညီေတြ ေပးေနၾကပါတယ္။ ဟာရီကိန္းဒဏ္ အဆိုး႐ြားဆုံးခံရတဲ့ ဂရန္းဘဟားမားနဲ႔ အက္ဘာကိုကြၽန္းေတြက ေသာင္းခ်ီတဲ့ျပည္သူေတြ ေရ၊ အစားအစာနဲ႔ ေဆးဝါးအကူအညီ လိုအပ္ေနပါတယ္။ ကမာၻစားနပ္ရိကၡာအစီအစဥ္ (WFP) ကလည္း ေထာက္ပို႔စင္တာ ႏွစ္ခုအတြက္ သိုေလွာင္ေရးယူနစ္၊ မီးစက္ေတြနဲ႔ ယာယီ႐ုံးေတြကို ပနားမားကေန ေလယာဥ္နဲ႔ တင္ေဆာင္ဖို႔ စီစဥ္ေနတယ္လို႔ေျပာပါတယ္။ ဒါ့အျပင္ ကယ္ဆယ္ေရးဝန္ထမ္းေတြအတြက္ ၿဂိဳဟ္တုသုံး ကိရိယာေတြနဲ႔ အရန္သင့္ စားႏိုင္တဲ့ စားနပ္ရိကၡာ မက္ထရစ္ ၈ တန္ကို WFP က ဝယ္ယူထားတယ္လို႔လည္း ႐ိုက္တာသတင္းမွာ ေဖာ္ျပပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up