မြန်မာ့လက်ရွေးစင်အသင်း ခြေစွမ်းပိုကောင်းလာဟု မွန်ဂိုလီယားနည်းပြပြော

Photo : Myanmar National Team
မြန်မာ့လက်ရွေးစင်အသင်းဟာ အရင်ကထက်ပိုပြီး ခြေစွမ်းကောင်းမွန်လာတာကြောင့် ခက်ခက်ခဲခဲကစားရမှာ ဖြစ်တယ်လို့ မွန်ဂိုလီးယားနည်းပြ မိုက်ကယ်ဝှစ်က ပြောပါတယ်။ မြန်မာနဲ့ မွန်ဂိုလီးယားအသင်းတို့ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် စက်တင်ဘာ ၅ ရက် ညနေ ၃ နာရီခွဲအချိန်မှာ မွန်ဂိုလီးယားနိုင်ငံမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ အရင်နည်းပြဟောင်း ဂတ်ဆီဇီလက်ထက် မြန်မာလူငယ် ကစားသမားတွေဟာ လက်ရှိ အချိန်မှာတော့ အတွေ့အကြုံရော ခြေစွမ်းပါ တိုးတက်လာတာကြောင့် အိမ်ကွင်းပွဲစဉ် ဖြစ်ပေမယ့်လည်း ခက်ခဲမှာဖြစ်တယ်လို့ မွန်ဂိုလီးယား နည်းပြက ပြောပါတယ်။ မြန်မာနည်းပြ ရာဂျူလိုဗစ်ကတော့ အရင်ကနဲ့ ကွာခြားသွားပြီ ဖြစ်လို့  အနိုင်ရအောင် ကစားသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ မြန်မာအသင်းခေါင်းဆောင် ဂိုးသမား ကျော်ဇင်ထက်ကလည်း  ပြိုင်ဘက်ကို လေးလေးစားစားနဲ့ အာရုံစိုက် ကစားပြီး အဖွင့်ပွဲစဉ်မှာ နိုင်ပွဲရအောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။  ~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ျမန္မာ့လက္ေ႐ြးစင္အသင္း ေျခစြမ္းပိုေကာင္းလာဟု မြန္ဂိုလီယားနည္းျပေျပာ ျမန္မာ့လက္ေ႐ြးစင္အသင္းဟာ အရင္ကထက္ပိုၿပီး ေျခစြမ္းေကာင္းမြန္လာတာေၾကာင့္ ခက္ခက္ခဲခဲကစားရမွာ ျဖစ္တယ္လို႔ မြန္ဂိုလီးယားနည္းျပ မိုက္ကယ္ဝွစ္က ေျပာပါတယ္။ ျမန္မာနဲ႔ မြန္ဂိုလီးယားအသင္းတို႔ဟာ ကမာၻ႔ဖလားေျခစစ္ပြဲ အုပ္စုအဖြင့္ပြဲစဥ္အျဖစ္ စက္တင္ဘာ ၅ ရက္ ညေန ၃ နာရီခြဲအခ်ိန္မွာ မြန္ဂိုလီးယားႏိုင္ငံမွာ ယွဥ္ၿပိဳင္ၾကမွာ ျဖစ္ပါတယ္။ အရင္နည္းျပေဟာင္း ဂတ္ဆီဇီလက္ထက္ ျမန္မာလူငယ္ ကစားသမားေတြဟာ လက္ရွိ အခ်ိန္မွာေတာ့ အေတြ႕အႀကဳံေရာ ေျခစြမ္းပါ တိုးတက္လာတာေၾကာင့္ အိမ္ကြင္းပြဲစဥ္ ျဖစ္ေပမယ့္လည္း ခက္ခဲမွာျဖစ္တယ္လို႔ မြန္ဂိုလီးယား နည္းျပက ေျပာပါတယ္။ ျမန္မာနည္းျပ ရာဂ်ဴလိုဗစ္ကေတာ့ အရင္ကနဲ႔ ကြာျခားသြားၿပီ ျဖစ္လို႔  အႏိုင္ရေအာင္ ကစားသြားမွာ ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ျမန္မာအသင္းေခါင္းေဆာင္ ဂိုးသမား ေက်ာ္ဇင္ထက္ကလည္း  ၿပိဳင္ဘက္ကို ေလးေလးစားစားနဲ႔ အာ႐ုံစိုက္ ကစားၿပီး အဖြင့္ပြဲစဥ္မွာ ႏိုင္ပြဲရေအာင္ ႀကိဳးပမ္းသြားမွာျဖစ္ေၾကာင္း ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up