အမေရိကန် ဆယ်ကျော်သက်လူငယ်  မိသားစုဝင် ၅ ဦးကို ပစ်သတ်

ဆယ်ကျော်သက် လူငယ်တယောက်က မိသားစုဝင် ၅ ယောက်ကို  ပစ်သတ်တဲ့ ဖြစ်ရပ်တခု အမေရိကန်နိုင်ငံ အလာဘားမားပြည်နယ်မှာ စက်တင်ဘာလ ၂ ရက်နေ့ညက ဖြစ်ပွားခဲ့ပါတယ်။ အဲခ်မွန့်မြို့ နေအိမ်မှာ ၁၄ နှစ်အရွယ် လူငယ်တယောက်က မိသားစုဝင်တွေကို ပစ်သတ်ပြီး ပစ္စတိုသေနတ်ကို လွှင့်ပစ်ကာ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။  ပစ်သတ်ခံရသူတွေဟာ ပြစ်မှုကျူးလွန်သူ လူငယ်ရဲ့ ဖခင်၊ မိထွေး၊ ညီငယ် ၊ ညီမငယ်နဲ့  ၆ လသားအရွယ် ညီငယ်ဖြစ်တယ်လို့ လိုင်းမ်စတုန်းမြို့နယ် ရဲတပ်ဖွဲ့ ပြန်ကြားရေး အရာရှိက ပြောပါတယ်။ ပြစ်မှုကျူးလွန်သူ လူငယ်ကို ကလေး လူသတ်မှု  ၅ မှုနဲ့ စွဲချက်တင်ထားပြီး လူငယ် ထိန်းသိမ်းရေစခန်းမှာ ထားရှိတယ်လို့ အဆိုပါအရာရှိက ပြောပါတယ်။ ဒါပေမဲ့ သူဟာ လူကြီး လူသတ်မှု အများအပြားနဲ့ သေဒဏ်ကျခံနိုင်တဲ့ လူသတ်မှု စွဲချက်ကို ရင်ဆိုင်ရနိုင်တယ်လို့  ရဲအရာရှိက ပြောပါတယ်။ ပြစ်မှုကျူးလွန်ရာမှာ သုံးတဲ့ သေနတ်ကို သူ ဘယ်က ရခဲ့လဲဆိုတာကို သဲသဲကွဲကွဲ မသိရပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် တရက်ကလည်း တက္ကဆက်ပြည်နယ်မှာ သေနတ်ပစ်ခတ်မှုကြောင့် လူ ၇ ယောက် သေဆုံးပြီး လမ်းလျှောက်တတ်စ ကလေးငယ် အပါအဝင် ၂၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။ သေနတ်ကိုင်ဆောင်မှုနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံတဝန်း ဆွေးနွေးငြင်းခုံမှုတွေ ပြန်ပေါ်ပေါက်ချိန်မှာ သေနတ်ဝယ်သူတွေရဲ့ နောက်ကြောင်းရာဇဝင် စစ်ဆေးတာက သေနတ်ကိုင် အကြမ်းဖက်မှုတွေကို ကြိုတင်တားဆီးနိုင်မှာ မဟုတ်ဘူးလို့ သမ္မတ ဒေါ်နယ်ထရမ့်က  ပြောကြားခဲ့ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အေမရိကန္ ဆယ္ေက်ာ္သက္လူငယ္ မိသားစုဝင္ ၅ ဦးကို ပစ္သတ္ ဆယ္ေက်ာ္သက္ လူငယ္တေယာက္က မိသားစုဝင္ ၅ ေယာက္ကို  ပစ္သတ္တဲ့ ျဖစ္ရပ္တခု အေမရိကန္ႏိုင္ငံ အလာဘားမားျပည္နယ္မွာ စက္တင္ဘာလ ၂ ရက္ေန႔ညက ျဖစ္ပြားခဲ့ပါတယ္။ အဲခ္မြန႔္ၿမိဳ႕ ေနအိမ္မွာ ၁၄ ႏွစ္အ႐ြယ္ လူငယ္တေယာက္က မိသားစုဝင္ေတြကို ပစ္သတ္ၿပီး ပစၥတိုေသနတ္ကို လႊင့္ပစ္ကာ ရဲတပ္ဖြဲ႕ကို အေၾကာင္းၾကားခဲ့ပါတယ္။ ပစ္သတ္ခံရသူေတြဟာ ျပစ္မႈက်ဴးလြန္သူ လူငယ္ရဲ႕ ဖခင္၊ မိေထြး၊ ညီငယ္ ၊ ညီမငယ္နဲ႔  ၆ လသားအ႐ြယ္ ညီငယ္ျဖစ္တယ္လို႔ လိုင္းမ္စတုန္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ ျပန္ၾကားေရး အရာရွိက ေျပာပါတယ္။ ျပစ္မႈက်ဴးလြန္သူ လူငယ္ကို ကေလး လူသတ္မႈ  ၅ မႈနဲ႔ စြဲခ်က္တင္ထားၿပီး လူငယ္ ထိန္းသိမ္းေရစခန္းမွာ ထားရွိတယ္လို႔ အဆိုပါအရာရွိက ေျပာပါတယ္။ ဒါေပမဲ့ သူဟာ လူႀကီး လူသတ္မႈ အမ်ားအျပားနဲ႔ ေသဒဏ္က်ခံႏိုင္တဲ့ လူသတ္မႈ စြဲခ်က္ကို ရင္ဆိုင္ရႏိုင္တယ္လို႔  ရဲအရာရွိက ေျပာပါတယ္။ ျပစ္မႈက်ဴးလြန္ရာမွာ သုံးတဲ့ ေသနတ္ကို သူ ဘယ္က ရခဲ့လဲဆိုတာကို သဲသဲကြဲကြဲ မသိရပါဘူး။ ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္ တရက္ကလည္း တကၠဆက္ျပည္နယ္မွာ ေသနတ္ပစ္ခတ္မႈေၾကာင့္ လူ ၇ ေယာက္ ေသဆုံးၿပီး လမ္းေလွ်ာက္တတ္စ ကေလးငယ္ အပါအဝင္ ၂၂ ေယာက္ ဒဏ္ရာရခဲ့ပါတယ္။ ေသနတ္ကိုင္ေဆာင္မႈနဲ႔ ပတ္သက္လို႔ အေမရိကန္ႏိုင္ငံတဝန္း ေဆြးေႏြးျငင္းခုံမႈေတြ ျပန္ေပၚေပါက္ခ်ိန္မွာ ေသနတ္ဝယ္သူေတြရဲ႕ ေနာက္ေၾကာင္းရာဇဝင္ စစ္ေဆးတာက ေသနတ္ကိုင္ အၾကမ္းဖက္မႈေတြကို ႀကိဳတင္တားဆီးႏိုင္မွာ မဟုတ္ဘူးလို႔ သမၼတ ေဒၚနယ္ထရမ့္က  ေျပာၾကားခဲ့ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up