စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဖလား ပြေးခုန်ပစ်ပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းမှာ ဝန်ကြီးချုပ်ဖလား အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။  ပြေးခုန်ပစ်အားကစားနည်း ၁၁ မျိုးကို တိုင်းအတွင်း မြို့နယ် ၃၇ မြို့နယ်က အသက် ၁၈ နှစ်အောက် ကစားသမား ကျား၊ မ ၃၅၅ ဦး ဝင်ရောက်ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။  ပြေးခုန်ပစ်ပြိုင်ပွဲကို စက်တင်ဘာလ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က "နိုင်ငံတော်အစိုးရအနေနဲ့ အားကစားကို အမျိုးသားရေး တာဝန်တရပ်အနေနဲ့ အဘက်ဘက်က အားပေးမြှင့်တင်နေပြီး တမျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးနဲ့ မြန်မာ့အားကစား အဆင့်အတန်း မြင့်မားလာစေရေးအတွက် မူဝါဒချမှတ်ပြီး အားကစားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ ဒီပြိုင်ပွဲကနေ ပြေးခုန်ပစ် စံချိန်ကောင်းတွေ ရရှိအောင် ကြိုးစားယှဉ်ပြိုင်ကြပါ။ ဘောင်ထဲကနေ တရားမျှတအောင် ယှဉ်ပြိုင်ကြပါ။ အားကစားနဲ့ နိုင်ငံ့ဂုဏ်ဆောင်ကစားသမားတွေဖြစ်အောင် ကြိုးစားပေးကြပါ။"လို့အဖွင့်မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။  ၂၀၁၈ ခုနှစ် တိုင်းနဲ့ ပြည်နယ် အားကစားပြိုင်ပွဲမှာ စစ်ကိုင်းတိုင်းအနေနဲ့ U-18 နှင့် U-25 ပြေးခုန်ပစ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး U-25 အသင်းကတော့ အမျိုးသား တံခွန်စိုက် ဆုဖလားရရှိခဲ့ပါသေးတယ်။  စစ်ကိုင်းတိုင်းကနေ နိုင်ငံ့ဂုဏ်ဆောင် ပြေးခုန်ပစ်အားကစားသမားတွေကိုလည်း အများကြီး မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ~~~~~~~~~~~~~~~~~~~~~ Zawgyi_version စစ္ကိုင္းတိုင္း ဝန္ႀကီးခ်ဳပ္ဖလား ေျပးခုန္ပစ္ၿပိဳင္ပြဲ က်င္းပ စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕၊ ျပည္သူ႔အားကစားကြင္းမွာ ဝန္ႀကီးခ်ဳပ္ဖလား အသက္ ၁၈ ႏွစ္ေအာက္ ေျပးခုန္ပစ္ၿပိဳင္ပြဲကို စက္တင္ဘာ ၃ ရက္ေန႔ ညေနပိုင္းက ျပဳလုပ္ခဲ့ပါတယ္။ ေျပးခုန္ပစ္အားကစားနည္း ၁၁ မ်ိဳးကို တိုင္းအတြင္း ၿမိဳ႕နယ္ ၃၇ ၿမိဳ႕နယ္က အသက္ ၁၈ ႏွစ္ေအာက္ ကစားသမား က်ား၊ မ ၃၅၅ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ေနၾကတာျဖစ္ပါတယ္။ ေျပးခုန္ပစ္ၿပိဳင္ပြဲကို စက္တင္ဘာလ ၃ ရက္ေန႔ကေန ၅ ရက္ေန႔အထိ က်င္းပသြားမွာျဖစ္ၿပီး ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ တက္ေရာက္ဖြင့္လွစ္ေပးခဲ့ပါတယ္။ ဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏိုင္က "ႏိုင္ငံေတာ္အစိုးရအေနနဲ႔ အားကစားကို အမ်ိဳးသားေရး တာဝန္တရပ္အေနနဲ႔ အဘက္ဘက္က အားေပးျမႇင့္တင္ေနၿပီး တမ်ိဳးသားလုံး က်န္းမာႀကံ့ခိုင္ေစေရးနဲ႔ ျမန္မာ့အားကစား အဆင့္အတန္း ျမင့္မားလာေစေရးအတြက္ မူဝါဒခ်မွတ္ၿပီး အားကစားဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းေတြကို စနစ္တက် အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနပါတယ္။ ဒီၿပိဳင္ပြဲကေန ေျပးခုန္ပစ္ စံခ်ိန္ေကာင္းေတြ ရရွိေအာင္ ႀကိဳးစားယွဥ္ၿပိဳင္ၾကပါ။ ေဘာင္ထဲကေန တရားမွ်တေအာင္ ယွဥ္ၿပိဳင္ၾကပါ။ အားကစားနဲ႔ ႏိုင္ငံ့ဂုဏ္ေဆာင္ကစားသမားေတြျဖစ္ေအာင္ ႀကိဳးစားေပးၾကပါ။"လို႔အဖြင့္မိန႔္ခြန္းမွာ ေျပာဆိုခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္ တိုင္းနဲ႔ ျပည္နယ္ အားကစားၿပိဳင္ပြဲမွာ စစ္ကိုင္းတိုင္းအေနနဲ႔ U-18 ႏွင့္ U-25 ေျပးခုန္ပစ္ၿပိဳင္ပြဲေတြမွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး U-25 အသင္းကေတာ့ အမ်ိဳးသား တံခြန္စိုက္ ဆုဖလားရရွိခဲ့ပါေသးတယ္။ စစ္ကိုင္းတိုင္းကေန ႏိုင္ငံ့ဂုဏ္ေဆာင္ ေျပးခုန္ပစ္အားကစားသမားေတြကိုလည္း အမ်ားႀကီး ေမြးထုတ္ေပးႏိုင္ခဲ့ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up