Home
မြန်မာသတင်း
မြန်မာ-ကိုရီးယားနိုင်ငံ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး အမ်အိုယူ ၆ ခု လက်မှတ်ရေးထိုး
DVB
·
September 4, 2019
70538729_902055946835696_6445023126899130368_o
69858484_902056110169013_6006279148027248640_o
69714610_902055893502368_2372116476304818176_o
69640661_902055870169037_5455106467377971200_o
69601652_902055976835693_8827881148907520000_o
69501940_902056040169020_849633436971827200_o
69403084_902055920169032_7091903243864768512_o
69394316_902055993502358_2454133283458383872_o
တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံ စီးပွားရေး၊ ပညာရေးနဲ့ ဆက်သွယ်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ ၆ ခု သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ စက်တင်ဘာ ၃ ရက် ညနေက  နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုရီးယားသမ္မတ မစ္စတာ မွန်ဂျေအင်းတို့  သီးသန့်တွေ့ဆုံပြီးနောက်မှာ နှစ်နိုင်ငံ အစိုးရတာဝန်ရှိသူတွေက လက်မှတ်ရေးထိုး ခဲ့ကြတာပါ။ အမ်အိုယူ စာချုပ်တွေကတော့ ၂၀၁၈ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ချေးငွေဆိုင်ရာမူဘောင်သဘောတူညီချက်၊  ကုန်သွယ်ရေးနှင့် စက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် ပိုမိုလွယ်ကူချောမွေ့စေရန်အတွက် ရန်ကုန်မြို့တွင် သတင်းအချက်အလက်စင်တာတစ်ခု တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ သင်္ဘောလိုင်း၊ သင်္ဘောကျင်း အဆင့်မြှင့်တင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဆိပ်ကမ်းတည်ဆောက်ရေးနှင့် စီမံခန့်ခွဲရေးကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်မှုနားလည်မှု စာချွန်လွှာ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာနဲ့  ၊ထွန်းသစ်စလုပ်ငန်းများနှင့် တီထွင် ဆန်းသစ်ခြင်းနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတို့ဖြစ်ကြပါတယ်။ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲမှာတော့ နှစ်နိုင်ငံပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု ပိုမိုတိုးမြှင့်ရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အခြေခံအဆောက်အဦ၊ စွမ်းအင်၊ ငွေကြေးနဲ့ ဘဏ္ဍာရေးကဏ္ဍတွေ  ပိုမိုပူးပေါင်းဆောင်ရွက်သွားဖို့ကိစ္စတွေ ဆွေးနွေးခဲ့ကြ ပါတယ်။ ဒါ့အပြင် ဘူဆန်မြို့မှာ ကျင်းပမယ့် အာဆီယံ-ကိုရီးယား ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံက နိုင်ငံတော်အဆင့် ပါဝင်တက်ရောက်ရေး၊ ဘူဆန်မြို့ရှိ အာဆီယံယဉ်ကျေးမှု စင်တာမှာ ပုဂံယဉ်ကျေးမှုနဲ့ သဘာဝ ရှုခင်းတွေကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ ပုံဖော်ပြသရေး၊ ကိုရီးယား-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်း(KMIC) ထူထောင်ရေးနဲ့ ကိုရီးယားနိုင်ငံကို မြန်မာအလုပ်သမားတွေတိုးမြှင့်ခေါ်ယူရေးစတဲ့ကိစ္စတွေဆွေးနွေးခဲ့ကြပါတယ်။ ကိုရီးယားသမ္မတနိုင်ငံကနေ  မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနအတွက် ကျောင်းကား အစီး (၆၀) ကိုလည်း  ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ဆွေးနွေးပွဲအပြီး ကျင်းပတဲ့ နှစ်နိုင်ငံ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုရီးယား ခရီးသွားတွေ ပိုမိုဝင်ရောက်လာတဲ့အတွက် ဗီဇာကင်းလွတ်ခွင့် သက်တမ်း တစ်နှစ် ထပ်မံတိုးမြှင့်ပေးလိုက်တဲ့အကြောင်း ကိုရီးယားသမ္မတနိုင်ငံရဲ့ ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်နေမှုကို ကြိုဆိုထောက်ခံကြောင်းနဲ့  ပညာရေးဝန်ကြီးဌာနသို့ ကျောင်းကား အစီး ၆၀ ပေးအပ်လှူဒါန်းမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ သမ္မတ မွန်ဂျေအင်းကလည်း  ကိုရီးယားနဲ့ မြန်မာနိုင်ငံတို့ ဒီမိုကရေစီကြိုးပမ်းဆောင်ရွက်တဲ့ သမိုင်းကြောင်းတူညီမှုရှိတဲ့အကြောင်း၊ ကိုရီးယားစစ်ပွဲအပြီး မြန်မာနိုင်ငံက ဆန်ကူညီပေးအပ်ခဲ့မှုအပေါ် ကျေးဇူတင်တဲ့အကြောင်းပြောသွားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးသွားမယ့် အခြေအနေတွေ၊ နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရေးကိစ္စတွေနဲ့ ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်းမှာ ကိုရီးယားစီးပွားရေးလုပ်ငန်းတွေ ပိုမိုရင်းနှီး မြှုပ်နှံလာစေဖို့ တိုက်တွန်းပေးသွားမယ်လို့ ပြောသွားပါတယ်။ တောင်ကိုရီးယား သမ္မတဟာ ဒီနေ့မနက် ရန်ကုန်မှာ ကိုရီယား စက်မှုဇုန်ဖွင့်ပွဲ အခမ်းအနားနဲ့ မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို တက်ရောက်ဖို့ရှိသလို ရွှေတိဂုံဘုရားနဲ့ အာဇာနည်ဗိမာန်တွေကိုလည်း သွားရောက် ဖို့ရှိနေပါတယ်။ အာဆီယံ ၃ နိုင်ငံကို ခရီးလှည့်နေတဲ့ သမ္မတမွန်းနဲ့ ဇနီးဖြစ်သူတို့ဟာ  ထိုင်းနိုင်ငံကနေတဆင့် မြန်မာနိုင်ငံကို စက်တင်ဘာ ၃ ရက်မနက်က အထူးလေယာဉ်နဲ့ ရောက်ရှိလာတာ ဖြစ်ပြီး စက်တင်ဘာ ၅ ရက်မနက်မှာ  ရန်ကုန်ကနေ လာအိုနိုင်ငံကို ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။  တောင်ကိုရီးယား သမ္မတရဲ့ ခရီးစဉ်မှာ တောင်ကိုရီးယားနိုင်ငံက ထင်ရှားတဲ့ ဘဏ်လုပ်ငန်းရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်နဲ့ သတင်းမီဒီယာသမားတွေ အများအပြား လိုက်ပါလာကြတာ ဖြစ်ပါတယ်။
ျမန္မာ-ကိုရီးယားႏိုင္ငံ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္ေရး အမ္အိုယူ ၆ ခု လက္မွတ္ေရးထိုး DVB ေတာင္ကိုရီးယားသမၼတ မြန္ေဂ်အင္းရဲ႕ ျမန္မာႏိုင္ငံခရီးစဥ္အတြင္းမွာ ႏွစ္ႏိုင္ငံ စီးပြားေရး၊ ပညာေရးနဲ႔ ဆက္သြယ္ေရးဆိုင္ရာ နားလည္မႈ စာခြၽန္လႊာ ၆ ခု သေဘာတူ လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။ စက္တင္ဘာ ၃ ရက္ ညေနက ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္သမၼတအိမ္ေတာ္မွာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ကိုရီးယားသမၼတ မစၥတာ မြန္ေဂ်အင္းတို႔ သီးသန႔္ေတြ႕ဆုံၿပီးေနာက္မွာ ႏွစ္ႏိုင္ငံ အစိုးရတာဝန္ရွိသူေတြက လက္မွတ္ေရးထိုး ခဲ့ၾကတာပါ။ အမ္အိုယူ စာခ်ဳပ္ေတြကေတာ့ ၂၀၁၈ခုႏွစ္မွ ၂၀၂၂ ခုႏွစ္အထိ စီးပြားေရးဖြံ႕ၿဖိဳး တိုးတက္ေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈအတြက္ ေခ်းေငြဆိုင္ရာမူေဘာင္သေဘာတူညီခ်က္၊ ကုန္သြယ္ေရးႏွင့္ စက္မႈဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး နားလည္မႈစာခြၽန္လႊာ၊ ကိုရီးယားႏိုင္ငံမွ ျမန္မာႏိုင္ငံတြင္ လာေရာက္ ရင္းႏွီးျမႇဳပ္ႏွံမႈ ျပဳလုပ္ရာတြင္ ပိုမိုလြယ္ကူေခ်ာေမြ႕ေစရန္အတြက္ ရန္ကုန္ၿမိဳ႕တြင္ သတင္းအခ်က္အလက္စင္တာတစ္ခု တည္ေထာင္ေရးဆိုင္ရာ နားလည္မႈစာခြၽန္လႊာ၊ သေဘၤာလိုင္း၊ သေဘၤာက်င္း အဆင့္ျမႇင့္တင္ေရး၊ ေထာက္ပံ့ပို႔ေဆာင္ေရး၊ ဆိပ္ကမ္းတည္ေဆာက္ေရးႏွင့္ စီမံခန႔္ခြဲေရးကိစၥရပ္မ်ားတြင္ ပူးေပါင္း ေဆာင္႐ြက္မႈနားလည္မႈ စာခြၽန္လႊာ၊ သိပၸံႏွင့္ နည္းပညာဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးနားလည္မႈစာခြၽန္လႊာနဲ႔ ၊ထြန္းသစ္စလုပ္ငန္းမ်ားႏွင့္ တီထြင္ ဆန္းသစ္ျခင္းနယ္ပယ္တြင္ ပူးေပါင္းေဆာင္႐ြက္ေရး နားလည္မႈစာခြၽန္လႊာတို႔ျဖစ္ၾကပါတယ္။ ႏွစ္ႏိုင္ငံေတြ႕ဆုံေဆြးေႏြးပြဲမွာေတာ့ ႏွစ္ႏိုင္ငံျပည္သူအခ်င္းခ်င္း ထိေတြ႕ဆက္ဆံမႈ ပိုမိုတိုးျမႇင့္ေရး၊ ယဥ္ေက်းမႈ၊ ပညာေရး၊ ကုန္သြယ္ေရး၊ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ အေျခခံအေဆာက္အဦ၊ စြမ္းအင္၊ ေငြေၾကးနဲ႔ ဘ႑ာေရးက႑ေတြ ပိုမိုပူးေပါင္းေဆာင္႐ြက္သြားဖို႔ကိစၥေတြ ေဆြးေႏြးခဲ့ၾက ပါတယ္။ ဒါ့အျပင္ ဘူဆန္ၿမိဳ႕မွာ က်င္းပမယ့္ အာဆီယံ-ကိုရီးယား ထိပ္သီးအစည္းအေဝးမွာ ျမန္မာႏိုင္ငံက ႏိုင္ငံေတာ္အဆင့္ ပါဝင္တက္ေရာက္ေရး၊ ဘူဆန္ၿမိဳ႕ရွိ အာဆီယံယဥ္ေက်းမႈ စင္တာမွာ ပုဂံယဥ္ေက်းမႈနဲ႔ သဘာဝ ရႈခင္းေတြကို ဒစ္ဂ်စ္တယ္နည္းပညာနဲ႔ ပုံေဖာ္ျပသေရး၊ ကိုရီးယား-ျမန္မာ စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈ စက္မႈဇုန္စီမံကိန္း(KMIC) ထူေထာင္ေရးနဲ႔ ကိုရီးယားႏိုင္ငံကို ျမန္မာအလုပ္သမားေတြတိုးျမႇင့္ေခၚယူေရးစတဲ့ကိစၥေတြေဆြးေႏြးခဲ့ၾကပါတယ္။ ကိုရီးယားသမၼတႏိုင္ငံကေန ျမန္မာႏိုင္ငံ ပညာေရးဝန္ႀကီးဌာနအတြက္ ေက်ာင္းကား အစီး (၆၀) ကိုလည္း ေပးအပ္လႉဒါန္းခဲ့ပါတယ္။ ေဆြးေႏြးပြဲအၿပီး က်င္းပတဲ့ ႏွစ္ႏိုင္ငံ ပူးတြဲသတင္းစာရွင္းလင္းပြဲမွာေတာ့ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ကိုရီးယား ခရီးသြားေတြ ပိုမိုဝင္ေရာက္လာတဲ့အတြက္ ဗီဇာကင္းလြတ္ခြင့္ သက္တမ္း တစ္ႏွစ္ ထပ္မံတိုးျမႇင့္ေပးလိုက္တဲ့အေၾကာင္း ကိုရီးယားသမၼတႏိုင္ငံရဲ႕ ကိုရီးယားကြၽန္းဆြယ္ၿငိမ္းခ်မ္းေရး ႀကိဳးပမ္းေဆာင္႐ြက္ေနမႈကို ႀကိဳဆိုေထာက္ခံေၾကာင္းနဲ႔ ပညာေရးဝန္ႀကီးဌာနသို႔ ေက်ာင္းကား အစီး ၆၀ ေပးအပ္လႉဒါန္းမႈအတြက္ ေက်းဇူးတင္ရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။ သမၼတ မြန္ေဂ်အင္းကလည္း ကိုရီးယားနဲ႔ ျမန္မာႏိုင္ငံတို႔ ဒီမိုကေရစီႀကိဳးပမ္းေဆာင္႐ြက္တဲ့ သမိုင္းေၾကာင္းတူညီမႈရွိတဲ့အေၾကာင္း၊ ကိုရီးယားစစ္ပြဲအၿပီး ျမန္မာႏိုင္ငံက ဆန္ကူညီေပးအပ္ခဲ့မႈအေပၚ ေက်းဇူတင္တဲ့အေၾကာင္းေျပာသြားပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံရဲ႕ အေျခခံအေဆာက္အအုံေတြ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ကူညီေပးသြားမယ့္ အေျခအေနေတြ၊ ႏွစ္ႏိုင္ငံကုန္သြယ္မႈတိုးျမႇင့္ေရးကိစၥေတြနဲ႔ ကိုရီးယား-ျမန္မာ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ စက္မႈဇုန္စီမံကိန္းမွာ ကိုရီးယားစီးပြားေရးလုပ္ငန္းေတြ ပိုမိုရင္းႏွီး ျမႇဳပ္ႏွံလာေစဖို႔ တိုက္တြန္းေပးသြားမယ္လို႔ ေျပာသြားပါတယ္။ ေတာင္ကိုရီးယား သမၼတဟာ ဒီေန႔မနက္ ရန္ကုန္မွာ ကိုရီယား စက္မႈဇုန္ဖြင့္ပြဲ အခမ္းအနားနဲ႔ ျမန္မာ-ကိုရီးယား စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈဖိုရမ္ကို တက္ေရာက္ဖို႔ရွိသလို ေ႐ႊတိဂုံဘုရားနဲ႔ အာဇာနည္ဗိမာန္ေတြကိုလည္း သြားေရာက္ ဖို႔ရွိေနပါတယ္။ အာဆီယံ ၃ ႏိုင္ငံကို ခရီးလွည့္ေနတဲ့ သမၼတမြန္းနဲ႔ ဇနီးျဖစ္သူတို႔ဟာ ထိုင္းႏိုင္ငံကေနတဆင့္ ျမန္မာႏိုင္ငံကို စက္တင္ဘာ ၃ ရက္မနက္က အထူးေလယာဥ္နဲ႔ ေရာက္ရွိလာတာ ျဖစ္ၿပီး စက္တင္ဘာ ၅ ရက္မနက္မွာ ရန္ကုန္ကေန လာအိုႏိုင္ငံကို ဆက္လက္သြားေရာက္မွာ ျဖစ္ပါတယ္။ ေတာင္ကိုရီးယား သမၼတရဲ႕ ခရီးစဥ္မွာ ေတာင္ကိုရီးယားႏိုင္ငံက ထင္ရွားတဲ့ ဘဏ္လုပ္ငန္းရွင္ေတြ၊ စီးပြားေရး လုပ္ငန္းရွင္နဲ႔ သတင္းမီဒီယာသမားေတြ အမ်ားအျပား လိုက္ပါလာၾကတာ ျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024