DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တက္ကသိုလ်ဆရာများအဖွဲ့က ခေါင်းဆောင်တချို့နယ်ပြောင်းရွှေ့ခံရ
DVB
·
December 19, 2012
ရန်ကုန်တက္ကသိုလ်ဆရာများအဖွဲ့က ခေါင်းဆောင်တချို့နယ်ပြောင်းရွှေ့ခံရ
Donate to DVB

ရန်ကုန်တက္ကသိုလ်ဆရာများအသင်းက အမှုဆောင်ခေါင်းဆောင် ၄ ဦးကို နယ်တက္ကသိုလ်တွေကို ပြောင်းရွှေ့ခံရတယ်လို့ ပြောင်းရွှေ့ခံရသူတွေက ပြောပါတယ်။

ဒီအပြောင်းအရွှေ့ဟာ လွန်ခဲ့တဲ့လက မန္တလေးတက္ကသိုလ်ဆရာများအဖွဲ့က ခေါင်းဆောင်တွေကို အလားတူ နယ်တွေကို ပြောင်းရွှေ့ခဲ့ပြီးနောက် အစိုးရဘက်က ဒုတိယမြောက် လုပ်ဆောင်ချက် ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ဆရာများအသင်းရဲ့ ဥက္ကဋ္ဌ ဦးဥက္ကာမြကို ဗန်းမော်တက္ကသိုလ်၊ ဒေါ်စိန်မိမိကို ထားဝယ်တက္ကသိုလ်၊ ဒေါက်တာကျော်သန်းမိုးကို စစ်တွေတက္ကသိုလ်၊ ဦးဇော်မျိုးထွန်းကို တောင်ငူတက္ကသိုလ် စသဖြင့် အသီးသီးပြောင်းရွှေ့ခံရတယ်လို့ ကာယကံရှင် ဒေါက်တာကျော်သန်းမိုးက ဒီဗွီဘီကို ပြောပါတယ်။

အမှုဆောင်တချို့ နယ်တက္ကသိုလ်တွေကို ပြောင်းရွှေ့ခံရပေမယ့် ရန်ကုန်တက္ကသိုလ်ဆရာများအသင်းက ဆက်ရှိနေပြီး ခေါင်းဆောင်သစ်တွေ ရွေးချယ်သွားဖို့ရှိတယ်လို့ ဒေါက်တာ ကျော်သန်းမိုးက ပြောပါတယ်။

“ရန်ကုန်တက္ကသိုလ်အဖွဲ့ကတော့ ဆက်လုပ်မှာပေါ့။ သူတို့ အီးစီအဖွဲ့ ပြန်ရွေးကောက်မှာပေါ့။ စစ်တွေကတော့ အသစ်လုပ်မှာပါ၊ ကျနော်နဲ့ မန္တလေးဥက္ကဋ္ဌ ဦးသက်လွင်။”

နိုဝင်ဘာလတုန်းက မန္တလေးတက္ကသိုလ်ဆရာများအဖွဲ့က ဥက္ကဋ္ဌ ဒေါက်တာသက်လွင်ကို စစ်တွေတက္ကသိုလ်၊ အတွင်းရေးမှူး ဦးသုတကို ကျိုင်းတုံတက္ကသိုလ်၊ ဒေါ်အေးအေးသန်းကို ရေနံချောင်းဒီဂရီကောလိပ်၊ ဦးနိုင်မင်းထွန်းကို မြစ်ကြီးနားတက္ကသိုလ်၊ ဒေါ်မိမိအောင်နဲ့ ဒေါ်ခင်လှိုင်မြင့်တို့ ၂ ဦးကို ပင်လုံတက္ကသိုလ်ကို နိုဝင်ဘာလအတွင်းက ပြောင်းရွှေ့ခံထားရတာပါ။

၂ လအတွင်း ဆက်တိုက်ဆိုသလို တက္ကသိုလ်အသင်းအပင်းအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ နယ်ပြောင်းရွှေ့ခံရတဲ့အကြောင်းရင်းကိုတော့ မသိရပါဘူး။

မြန်မာနိုင်ငံမှာ  သမ္မတဦးသိန်းစိန် အစိုးရသစ်တက်လာပြီး အသင်းအပင်းတွေဖွဲ့စည်းခွင့်ပြုတဲ့ ဥပဒေထွက်လာပြီးနောက်မှာ အလုပ်သမား အဖွဲ့အစည်းတွေ၊ ကျောင်းသားအဖွဲ့အစည်းတွေ ပေါ်ပေါက် လာခဲ့ရာမှ အစိုးရ တက္ကသိုလ်ဆရာ၊ ဆရာမများ အဖွဲ့အနေနဲ့ ရန်ကုန်တက္ကသိုလ်ဆရာများအသင်းဟာ ပထမဦးဆုံးအဖြစ် အလုပ်သမားအဖွဲ့ ဖွဲ့ခွင့် ခွင့်ပြုချက်ရခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013