DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်စခန်းတွင် မိုဘိုင်းဖုန်းဝန်ဆောင်မှု ရပ်ဆိုင်းရန် ဘင်္ဂလားဒေ့ရှ်အာဏာပိုင် ညွှန်ကြား
DVB
·
September 3, 2019
ဒုက္ခသည်စခန်းတွင် မိုဘိုင်းဖုန်းဝန်ဆောင်မှု ရပ်ဆိုင်းရန် ဘင်္ဂလားဒေ့ရှ်အာဏာပိုင် ညွှန်ကြား
Donate to DVB

ကော့ခ်ဘဇား ဒုက္ခသည်စခန်းတွေထဲမှာ မိုဘိုင်းဖုန်းဝန်ဆောင်မှုပေးနေတာကို ၇ ရက်အတွင်း ရပ်ဆိုင်းဖို့ တယ်လီဖုန်းအော်ပရေတာတွေကို ဘင်္ဂလားဒေ့ရှ် ဆက်သွယ်ရေးဆိုင်ရာ ထိန်းညှိရေးကော်မရှင် (BTRC)က ညွှန်ကြားလိုက်တယ်လို့ bdnews24 က ဒီနေ့ ရေးသားထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူလူထု ဘေးကင်းလုံခြုံရေးအတွက်  ဒုက္ခသည်တွေမိုဘိုင်းဖုန်းအသုံးပြုတာကို ရပ်ဆိုင်းထားမှာဖြစ်ကြောင်း BTRC လက်ထောက်ညွှန်ကြားရေးမှူးက ပြောပါတယ်။

"ရိုဟင်ဂျာဒုက္ခသည် အသိုင်းအဝန်းဟာ မိုဘိုင်းဖုန်း SIMs/RIMs တွေကို ပမာဏ အတော်များများအသုံးပြုနေကြတယ်ဆိုတာကို ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေဆီ သွားရောက်ခဲ့တဲ့ ကော်မတီတွေ၊ သတင်းစာတွေ၊ မီဒီယာတွေ၊ တရားဥပဒေ စိုးမိုးရေးတာဝန်ရှိသူတွေနဲ့ ထောက်လှမ်းရေးအေဂျင်စီတွေထံက သတင်းတွေရရှိခဲ့တယ်၊ ဒီအခြေအနေမှာ ရိုဟင်ဂျာ အသိုင်းအဝန်းမှာ ဘယ်လို SIM ကတ်မျိုးမှ မရောင်းချဖို့၊ SIM ကတ်သုံးစွဲတာတွေရပ်ဖို့နဲ့ ရိုဟင်ဂျာ အသိုင်းအဝန်းကို မိုဘိုင်းဖုန်းနဲ့ပတ်သက်တာတွေ ထောက်ပံ့ပေးတာတွေ မလုပ်ဖို့ လာမယ့် တပတ်အတွင်း လုပ်ဆောင်ဖို့ တောင်းဆိုခဲ့တယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တယ်လီဖုန်းဆက်သွယ်ရေးဝန်ဆောင်မှု အော်ပရေတာတွေဟာ BTRC ရဲ့ လိုအပ်သလို အခါအားလျှော်စွာ ထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာခြင်းဖြင့် ပူးပေါင်းဆောက်ရွက်  ရလေ့ရှိတာဖြစ်ပါတယ်။

အခုညွှန်ကြားချက်မှာ ဘိုင်အိုမက်ထရစ်နည်းပညာနဲ့ အတည်ပြုပြီးတဲ့ အမျိုးသားစိစစ်ရေး အချက်အလက်တင်ပြသူတွေကိုသာ မိုဘိုင်းဆင်းမ်ကတ် အသက်ဝင် အသုံးပြုခွင့်ရစေမယ်လို့ ဆိုလိုတာဖြစ်ကြောင်း မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများ အစည်းအရုံး အထွေထွေ အတွင်းရေးမှူးက ရှင်းပြထားပါတယ်။

ဆင်းမ် ကတ်တခုဟာ အမျိုးသားစိစစ်ရေးအချက်အလက် တိကျပြည့်စုံစွာ မှတ်ပုံတင်ပြီးမှသာ အသုံးပြုရမယ်လို့ အခုညွှန်ကြားချက်က ဆိုလိုတာဖြစ်ပြီး ဘိုင်အိုမက်ထရစ် နည်းပညာနဲ့ တဦးချင်းစီ အတည်ပြုပြီးတဲ့ အမျိုးသားစိစစ်ရေး အထောက်အထား မတင်ပြ နိုင်သရွေ့ ဆင်းမ်ကတ်အသစ်တခု မရနိုင်ကြောင်း မိုဘိုင်းဆက်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးနှင့် စည်းကမ်းထိန်းညှိရေး အရာရှိချုပ်က ပြောပါတယ်။

ကောင်းကောင်း၊ သတင်း- ဓာတ်ပုံ-BD News24




ဒုကၡသည္စခန္းတြင္ မိုဘိုင္းဖုန္းဝန္ေဆာင္မႈ ရပ္ဆိုင္းရန္ ဘဂၤလားေဒ့ရွ္အာဏာပိုင္ ၫႊန္ၾကား
ေကာင္းေကာင္း

ေကာ့ခ္ဘဇား ဒုကၡသည္စခန္းေတြထဲမွာ မိုဘိုင္းဖုန္းဝန္ေဆာင္မႈေပးေနတာကို ၇ ရက္အတြင္း ရပ္ဆိုင္းဖို႔ တယ္လီဖုန္းေအာ္ပေရတာေတြကို ဘဂၤလားေဒ့ရွ္ ဆက္သြယ္ေရးဆိုင္ရာ ထိန္းညႇိေရးေကာ္မရွင္ (BTRC)က ၫႊန္ၾကားလိုက္တယ္လို႔ bdnews24 က ဒီေန႔ ေရးသားထားပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ အမ်ိဳးသားလုံၿခဳံေရး၊ တရားဥပေဒစိုးမိုးေရးနဲ႔ ျပည္သူလူထု ေဘးကင္းလုံၿခဳံေရးအတြက္ ဒုကၡသည္ေတြမိုဘိုင္းဖုန္းအသုံးျပဳတာကို ရပ္ဆိုင္းထားမွာျဖစ္ေၾကာင္း BTRC လက္ေထာက္ၫႊန္ၾကားေရးမႉးက ေျပာပါတယ္။

"႐ိုဟင္ဂ်ာဒုကၡသည္ အသိုင္းအဝန္းဟာ မိုဘိုင္းဖုန္း SIMs/RIMs ေတြကို ပမာဏ အေတာ္မ်ားမ်ားအသုံးျပဳေနၾကတယ္ဆိုတာကို ႐ိုဟင္ဂ်ာ ဒုကၡသည္စခန္းေတြဆီ သြားေရာက္ခဲ့တဲ့ ေကာ္မတီေတြ၊ သတင္းစာေတြ၊ မီဒီယာေတြ၊ တရားဥပေဒ စိုးမိုးေရးတာဝန္ရွိသူေတြနဲ႔ ေထာက္လွမ္းေရးေအဂ်င္စီေတြထံက သတင္းေတြရရွိခဲ့တယ္၊ ဒီအေျခအေနမွာ ႐ိုဟင္ဂ်ာ အသိုင္းအဝန္းမွာ ဘယ္လို SIM ကတ္မ်ိဳးမွ မေရာင္းခ်ဖို႔၊ SIM ကတ္သုံးစြဲတာေတြရပ္ဖို႔နဲ႔ ႐ိုဟင္ဂ်ာ အသိုင္းအဝန္းကို မိုဘိုင္းဖုန္းနဲ႔ပတ္သက္တာေတြ ေထာက္ပံ့ေပးတာေတြ မလုပ္ဖို႔ လာမယ့္ တပတ္အတြင္း လုပ္ေဆာင္ဖို႔ ေတာင္းဆိုခဲ့တယ္။”

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ တယ္လီဖုန္းဆက္သြယ္ေရးဝန္ေဆာင္မႈ ေအာ္ပေရတာေတြဟာ BTRC ရဲ႕ လိုအပ္သလို အခါအားေလွ်ာ္စြာ ထုတ္ျပန္တဲ့ ၫႊန္ၾကားခ်က္ေတြအတိုင္း လိုက္နာျခင္းျဖင့္ ပူးေပါင္းေဆာက္႐ြက္ ရေလ့ရွိတာျဖစ္ပါတယ္။

အခုၫႊန္ၾကားခ်က္မွာ ဘိုင္အိုမက္ထရစ္နည္းပညာနဲ႔ အတည္ျပဳၿပီးတဲ့ အမ်ိဳးသားစိစစ္ေရး အခ်က္အလက္တင္ျပသူေတြကိုသာ မိုဘိုင္းဆင္းမ္ကတ္ အသက္ဝင္ အသုံးျပဳခြင့္ရေစမယ္လို႔ ဆိုလိုတာျဖစ္ေၾကာင္း မိုဘိုင္းဆက္သြယ္ေရးေအာ္ပေရတာမ်ား အစည္းအ႐ုံး အေထြေထြ အတြင္းေရးမႉးက ရွင္းျပထားပါတယ္။

ဆင္းမ္ ကတ္တခုဟာ အမ်ိဳးသားစိစစ္ေရးအခ်က္အလက္ တိက်ျပည့္စုံစြာ မွတ္ပုံတင္ၿပီးမွသာ အသုံးျပဳရမယ္လို႔ အခုၫႊန္ၾကားခ်က္က ဆိုလိုတာျဖစ္ၿပီး ဘိုင္အိုမက္ထရစ္ နည္းပညာနဲ႔ တဦးခ်င္းစီ အတည္ျပဳၿပီးတဲ့ အမ်ိဳးသားစိစစ္ေရး အေထာက္အထား မတင္ျပ ႏိုင္သေ႐ြ႕ ဆင္းမ္ကတ္အသစ္တခု မရႏိုင္ေၾကာင္း မိုဘိုင္းဆက္သြယ္မႈ ပူးေပါင္းေဆာင္႐ြက္ေရးႏွင့္ စည္းကမ္းထိန္းညႇိေရး အရာရွိခ်ဳပ္က ေျပာပါတယ္။
ေကာင္းေကာင္း၊ သတင္း- ဓာတ္ပုံ-BD News24

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013