DVB Logo
Home
မြန်မာသတင်း
NLD ပညာရေးရန်ပုံငွေအတွက် ပြည်တွင်းကုမ္ပဏီကြီးတွေ ငွေသိန်းထောင်ချီပေးအပ်
DVB
·
December 19, 2012
NLD ပညာရေးရန်ပုံငွေအတွက် ပြည်တွင်းကုမ္ပဏီကြီးတွေ ငွေသိန်းထောင်ချီပေးအပ်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်ကဆောင်ရွက်နေတဲ့ အခမဲ့ပညာဒါနကျောင်းများရန်ပုံငွေအတွက် ယခင် စစ်အစိုးရနဲ့နီးစပ်တဲ့ ပြည်တွင်း ကုမ္ပဏီကြီးတွေက ငွေသိန်းပေါင်းထောင်ချီ လှူဒါန်းခဲ့ကြပါတယ်။

ပြည်တွင်းကုမ္ပဏီကြီးတွေက အခုလို သိန်းရာထောင်ချီ လှူဒါန်းထားတဲ့ အကြောင်းကို ဒီဇင်ဘာ ၁၈ ရက်နေ့က တော်ဝင်နှင်းဆီမှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုလိုက်တာပါ။

[caption id="attachment_34538" align="alignleft" width="300" caption="(ဓာတ်ပုံ- ဒီဗွီဘီ)"][/caption]

ထည့်ဝင်ငွေပမာဏကတော့ SkyNet၊ Shwe FM  ၂ ခုပေါင်း သိန်းပေါင်း ၁၃၀ဝ ၊ Air Bagan နဲ့  AGD Bank ၂ ခုပေါင်း သိန်း ၇၀ဝနဲ့ Myanmar Distribution Group (MDG)  က သိန်း ၁၀ဝ၊ Excel ကုမ္ပဏီက ၂၅ သိန်း စသည်တို့ဖြစ်ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲကို ပြည်တွင်း ပြည်ပ မီဒီယာတွေ တက်ရောက်လာတာ တွေ့ရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက အဖွဲ့ဝင် ဦးတင်ဦးအပါအ၀င် ပညာရေးကွန်ယက် တာဝန်ရှိသူတွေက သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ပြန်လည် ဖြေကြားပေးခဲ့ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်အဖွဲ့က လာမယ့် ဒီဇင်ဘာလ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ  ပြည်သူ့ရင်ပြင်မှာ ရန်ပုံငွေဂီတဖျော်ဖြေပွဲနဲ့ ဈေးရောင်းပွဲတော် ကျင်းပဖို့ ရှိပြီး ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ အမှတ်တရပစ္စည်း ၂ ခုကို လည်း လေလံတင် ရောင်းချဖို့ရှိပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့ကလည်း မြန်မာကွန်ဗင်းရှင်း စင်တာမှာ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲနဲ့ ဈေးရောင်းပွဲတော် တခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပထမဆုံး ကျင်းပခဲ့ဖူးပြီး အဲ့ဒီပွဲတုန်းက ရန်ပုံငွေ သိန်း ၅၀၀ ကျော် ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013