DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးတည်ဆောက်ချိန် အကြမ်းဖက်မှု ရှမ်းအမျိုးသမီးအဖွဲ့ စိတ်ပျက်
DVB
·
December 19, 2012
ငြိမ်းချမ်းရေးတည်ဆောက်ချိန် အကြမ်းဖက်မှု ရှမ်းအမျိုးသမီးအဖွဲ့ စိတ်ပျက်
Donate to DVB

ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရအကြား ငြိမ်းချမ်းရေးတည်ဆောက်နေချိန်မှာ ရှမ်းပြည်နယ်အတွင်း အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အပေါ် စိတ်ပျက်မိတယ်လို့ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) က ပြောကြားလိုက်ပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြည်သူတွေ လွတ်လွတ်လပ်လပ် ပါဝင်နိုင်ဖို့နဲ့ အစိုးရဘက်က တိုင်းရင်းသား နယ်မြေတွေမှာ စစ်အင်အားတိုးချဲ့နေတာရပ်ဖို့ အရေးတကြီး လိုနေပြီဆိုတာကို SWAN အဖွဲ့က မြန်မာနိုင်ငံခရီးစဉ်အပြီး ထုတ်ပြန် ကြေညာခဲ့တာပါ။

[caption id="attachment_34531" align="alignright" width="300" caption="သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဓာတ်ပုံ- ဒီဗွီဘီ)"][/caption]

ရှမ်းပြည်နယ်တွင်းက လူထုနဲ့ တွေ့ဆုံရာမှာ ငြိမ်းချမ်းရေး တည်ဆောက်မှုကာလ အတွင်း ဆက်တိုက်ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ကြရတဲ့ အကြောင်း ပြောပြကြတယ်လို့ (SWAN) အဖွဲ့တာဝန်ရှိသူတွေက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ရှမ်းအမျိုးသမီးအဖွဲ့က ယိင်းဟန်ဖ က “လားရှိုးမှာ သွားရောက်တွေ့ဆုံတဲ့အခါမှာလည်း ပြည်သူတွေ စိုးရိမ်ပူပန်တဲ့အကြောင်းတွေ၊ အန္တရာယ်ဖြစ်မယ့်အကြောင်းတွေ၊ လယ်တွေဆိုရင်လည်း တရုတ်ကုမ္ပဏီတွေက အတင်းအဓမ္မ လာဝယ်တဲ့ အကြောင်းတွေ၊ ဈေးပေါပေါနဲ့လာဝယ်တာရော၊ တချို့နေရာတွေဆို အလကား သိမ်းသွားတဲ့အကြောင်းတွေ. စိုးရိမ်မှုတွေ ပြောပြကြတယ်။ နောက် မူးယစ်ဆေးဝါးပြဿနာ၊ မြောက်ဘက်မှာ ဆိုရင် ကချင်ဧရိယာနဲ့ နည်းနည်း နီးတယ်လေ။ ကချင်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်တုန်းပဲ။ ရှမ်းပြည်ဘက်မှာ စစ်ပြေးဒုက္ခသည်တွေ အများကြီး ပြေးလာကြတာလည်း ရှိတယ်။ သူတို့ ကျန်းမာရေး၊ စားဝတ်နေရေး၊ လုံခြုံရေးတွေကအစ စိုးရိမ်တဲ့ အကြောင်းတွေ တင်ပြတယ်။” လို့ ပြောပါတယ်။

လယ်မြေသိမ်းပိုက်ခံရမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကြောင့် ထိခိုက်ပျက်စီးမှုတွေ၊ အပစ်အခတ်ရပ်စဲရေး သဘောတူထားပေမယ့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားပြီး လူအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အစိုးရသစ်လက်ထက်မှာလည်း ဆက်လက် ကြုံတွေ့နေရတယ်ဆိုတာ  ဒေသခံတွေက ပြောပြကြတယ်လို့ လည်း ဆိုပါတယ်။

ဒါ့အပြင် ရွှေ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ဒေသခံတွေအကြား စိုးရိမ်မှုတွေနဲ့ ဆန့်ကျင်မှုတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

“သီပေါမြို့နယ် ဘော်ကြိုက ဆားဓာတ်ရှိတဲ့ နယ်မြေဖြစ်တယ်။ ဆားဓာတ်ရှိတော့ သံဆိုလည်း သံချေးတက်မယ်။ အိမ်ဆိုလည်း ပြိုဖို့လွယ်တယ်။ အခု ဂတ်စ်နဲ့ရေနံပိုက်လိုင်းလုပ်ပြီဆိုတော့ မြေက ဆားပါဝင်တဲ့မြေဖြစ်တော့ မြေက အဲပိုက်လိုင်းကို သံချေးတက်စေမယ်။ အဲသံချေးက ကြာလာရင် ပေါက်ကွဲသွားမယ်။ ပြည်သူတွေက အန္တရာယ်ဖြစ်မှာ စိုးရိမ်ကြတယ်။ အန္တရာယ်မဖြစ်အောင်၊ ပိုက်လိုင်းရပ်တန့်အောင် ဆုတောင်းပွဲလုပ်ကြတယ်။”

ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) ဟာ စစ် အစိုးရလက်ထက်က တပ်မတော်သားတွေက ဒေသခံတွေအပေါ် ကျုးလွန်မှုတွေကို မှတ်တမ်းပြုစုထားတဲ့ “အဓမ္မပြုကျင့်ခွင့်လိုင်စင်” အစီရင်ခံစာကို ဖြန့်ချိခဲ့တဲ့ အမျိုးသမီးအဖွဲ့ တခုဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013