DVB Logo
Home
မြန်မာသတင်း
ဒါရိုက်တာ ဝိုင်း ရိုက်ကူးပြီး မြင့်မြတ်နှင့် ဝတ်မှုန်ရွှေရည် ပါဝင်သည့် ‘ခရေ’ ရုပ်ရှင်(နမူနာ)
DVB
·
September 3, 2019
ဒါရိုက်တာ ဝိုင်း ရိုက်ကူးပြီး မြင့်မြတ်နှင့် ဝတ်မှုန်ရွှေရည် ပါဝင်သည့် ‘ခရေ’ ရုပ်ရှင်(နမူနာ)
Donate to DVB

မြန်မာ အချစ်ဒရာမာရုပ်ရှင်ကားတကားဖြစ်တဲ့ ‘ခရေ’ ရုပ်ရှင်ကို လာမယ့် စက်တင်ဘာလ ၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ နဂါးမင်း ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး မြားစစ်သည်ရဲ့ ဝတ္ထုကို ဒါရိုက်တာ ဝိုင်းက ကိုယ်တိုင်ဇာတ်ညွှန်းခွဲပြီး ကိုယ်တိုင်ပဲ ပုံဖော် ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။

အချစ်ဒရာမာဇာတ်လမ်းတပုဒ်အနေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ ဒီကားထဲမှာတော့ ငယ်သူငယ်ချင်း ၂ ယောက်ရဲ့ သံယောဇဉ်နှောင်ကြိုးတွေကြား သူတို့တွေ အသက်တွေ ကြီးလာကြချိန်မှာ ရင်ဆိုင်ကြရမယ့် အပြောင်းအလဲတွေ၊ အချိုးအကွေ့ အလှည့်အပြောင်းတွေနဲ့ အတူ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ ပရိသတ်ကြိုက် သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြ တဲ့ မြင့်မြတ်၊ ဆန်းထွဋ်နဲ့ ဝတ်မှုန်ရွှေရည်တို့က ခေါင်းဆောင် ပါဝင်ထားကြပြီး သူတို့နဲ့အတူ တခြား သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ခရေ ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့က ရန် ကုန်မြို့၊ သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားကို တချိန်ကတော့ ဟိန်းဝေယံ၊ မိုးဟေကိုတို့နဲ့ ခရေပုံပြင် အမည်နဲ့ ဗွီဒီယိုအနေနဲ့ ရိုက်ကူးခဲ့ဖူးတာမို့ ခုရုပ်ရှင်အနေနဲ့ ပုံဖော်ဖန်တီးမှုမှာရော ဘယ်လို အပြောင်းအလဲတွေနဲ့ ရိုက်ကူးထားမလဲဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဒါ႐ိုက္တာ ဝိုင္း ႐ိုက္ကူးၿပီး ျမင့္ျမတ္ႏွင့္ ဝတ္မႈန္ေ႐ႊရည္ ပါဝင္သည့္ ‘ခေရ’ ႐ုပ္ရွင္(နမူနာ)

ျမန္မာ အခ်စ္ဒရာမာ႐ုပ္ရွင္ကားတကားျဖစ္တဲ့ ‘ခေရ’ ႐ုပ္ရွင္ကို လာမယ့္ စက္တင္ဘာလ ၅ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။

ဒီကားကိုေတာ့ နဂါးမင္း ႐ုပ္ရွင္ထုတ္လုပ္ေရးက တင္ဆက္လိုက္တာျဖစ္ၿပီး ျမားစစ္သည္ရဲ႕ ဝတၳဳကို ဒါ႐ိုက္တာ ဝိုင္းက ကိုယ္တိုင္ဇာတ္ၫႊန္းခြဲၿပီး ကိုယ္တိုင္ပဲ ပုံေဖာ္ ႐ိုက္ကူးထားခဲ့တာ ျဖစ္ပါတယ္။

အခ်စ္ဒရာမာဇာတ္လမ္းတပုဒ္အေနနဲ႔ ပုံေဖာ္႐ိုက္ကူးထားတဲ့ ဒီကားထဲမွာေတာ့ ငယ္သူငယ္ခ်င္း ၂ ေယာက္ရဲ႕ သံေယာဇဥ္ေႏွာင္ႀကိဳးေတြၾကား သူတို႔ေတြ အသက္ေတြ ႀကီးလာၾကခ်ိန္မွာ ရင္ဆိုင္ၾကရမယ့္ အေျပာင္းအလဲေတြ၊ အခ်ိဳးအေကြ႕ အလွည့္အေျပာင္းေတြနဲ႔ အတူ ပရိသတ္ေတြက ရႈစားၾကရမွာ ျဖစ္ပါတယ္။

ဒီကားထဲမွာေတာ့ ပရိသတ္ႀကိဳက္ သ႐ုပ္ေဆာင္ မင္းသားမင္းသမီးေတြ ျဖစ္ၾက တဲ့ ျမင့္ျမတ္၊ ဆန္းထြဋ္နဲ႔ ဝတ္မႈန္ေ႐ႊရည္တို႔က ေခါင္းေဆာင္ ပါဝင္ထားၾကၿပီး သူတို႔နဲ႔အတူ တျခား သ႐ုပ္ေဆာင္ေတြလည္း အမ်ားႀကီး ပါဝင္ထားၾကတာ ျဖစ္ပါတယ္။

ခေရ ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၂၁ ရက္ေန႔က ရန္ ကုန္ၿမိဳ႕၊ သမၼတ ႐ုပ္ရွင္႐ုံမွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

ဒီ႐ုပ္ရွင္ကားကို တခ်ိန္ကေတာ့ ဟိန္းေဝယံ၊ မိုးေဟကိုတို႔နဲ႔ ခေရပုံျပင္ အမည္နဲ႔ ဗြီဒီယိုအေနနဲ႔ ႐ိုက္ကူးခဲ့ဖူးတာမို႔ ခု႐ုပ္ရွင္အေနနဲ႔ ပုံေဖာ္ဖန္တီးမႈမွာေရာ ဘယ္လို အေျပာင္းအလဲေတြနဲ႔ ႐ိုက္ကူးထားမလဲဆိုတာကိုေတာ့ မၾကာခင္မွာ ရႈစားၾကရေတာ့မွာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013