ရီးရဲလ် ဂျာစီ ဝတ်ဆင်ပါက ပွဲတိုင်း အနိုင်ရလဒ်ယူရမည့် တာဝန်ရှိဟု ကတ်စမဲရိုးပြော

1.6K
ရီးရဲလ်မက်ဒရစ်ဂျာစီကို ဝတ်ဆင်ရင် ပွဲတိုင်းကို အနိုင်ရလဒ် ရယူရမယ့် တာဝန်ရှိတယ်လို့ ကွင်းလယ်လူ ကတ်စမဲရိုးက ပြောကြားလိုက်ပါတယ်။
ရီးရဲလ်အသင်းဟာ ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ ဗီလာရီးရဲလ်အသင်းနဲ့ လာလီဂါပွဲစဉ်မှာ ၂ ဂိုးစီ သရေကျခဲ့ပါတယ်။
အဖွင့်ပွဲစဉ်တုန်းက ဗယ်လာဒိုးလစ်နဲ့ သရေကျပြီးနောက် ဒုတိယမြောက် သရေပွဲဖြစ်ခဲ့ပြီး အဆင့် ၅ အထိ ကျဆင်းသွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ပွဲတိုင်းကို အနိုင်ကစားဖို့ တာဝန်ရှိပြီး သရေရလဒ်အပေါ်မှာ စိတ်ပျက်မိကြောင်း ကတ်စမဲရိုးက ပြောပါတယ်။
တိုက်စစ်ပိုင်းက ဂိုးတွေ သွင်းယူနိုင်ဖို့ လိုအပ်သလို ခံစစ်ပိုင်းကလည်း အခုထက် ပိုကောင်းဖို့လိုပြီး အရာရာတိုင်းမှာ ခြေစွမ်းညံ့ဖျင်းခဲ့တယ်လို့ ကတ်စမဲရိုးက ဝန်ခံခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ လာလီဂါ ၃ ပွဲမှာ ၁ ပွဲပဲ အနိုင်ရခဲ့တာကြောင့် နည်းပြ ဇီဒန်းနဲ့ ကစားသမားတွေအပေါ်မှာလည်း ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ရီးရဲလ္ ဂ်ာစီ ဝတ္ဆင္ပါက ပြဲတိုင္း အႏိုင္ရလဒ္ယူရမည့္ တာဝန္ရွိဟု ကတ္စမဲ႐ိုးေျပာ
ရီးရဲလ္မက္ဒရစ္ဂ်ာစီကို ဝတ္ဆင္ရင္ ပြဲတိုင္းကို အႏိုင္ရလဒ္ ရယူရမယ့္ တာဝန္ရွိတယ္လို႔ ကြင္းလယ္လူ ကတ္စမဲ႐ိုးက ေျပာၾကားလိုက္ပါတယ္။
ရီးရဲလ္အသင္းဟာ ဒီေန႔မနက္ပိုင္းက ကစားခဲ့တဲ့ ဗီလာရီးရဲလ္အသင္းနဲ႔ လာလီဂါပြဲစဥ္မွာ ၂ ဂိုးစီ သေရက်ခဲ့ပါတယ္။
အဖြင့္ပြဲစဥ္တုန္းက ဗယ္လာဒိုးလစ္နဲ႔ သေရက်ၿပီးေနာက္ ဒုတိယေျမာက္ သေရပြဲျဖစ္ခဲ့ၿပီး အဆင့္ ၅ အထိ က်ဆင္းသြားခဲ့ပါတယ္။
ရီးရဲလ္မက္ဒရစ္အသင္းဟာ ပြဲတိုင္းကို အႏိုင္ကစားဖို႔ တာဝန္ရွိၿပီး သေရရလဒ္အေပၚမွာ စိတ္ပ်က္မိေၾကာင္း ကတ္စမဲ႐ိုးက ေျပာပါတယ္။
တိုက္စစ္ပိုင္းက ဂိုးေတြ သြင္းယူႏိုင္ဖို႔ လိုအပ္သလို ခံစစ္ပိုင္းကလည္း အခုထက္ ပိုေကာင္းဖို႔လိုၿပီး အရာရာတိုင္းမွာ ေျခစြမ္းညံ့ဖ်င္းခဲ့တယ္လို႔ ကတ္စမဲ႐ိုးက ဝန္ခံခဲ့ပါတယ္။
ရီးရဲလ္မက္ဒရစ္အသင္းဟာ လာလီဂါ ၃ ပြဲမွာ ၁ ပြဲပဲ အႏိုင္ရခဲ့တာေၾကာင့္ နည္းျပ ဇီဒန္းနဲ႔ ကစားသမားေတြအေပၚမွာလည္း ေဝဖန္မႈေတြ ရွိလာခဲ့ပါတယ္။