DVB Logo
Home
မြန်မာသတင်း
ပြည်သူကိုတိုက်ခိုက်သည့် လက်နက်ကိုင်အဖွဲ့များအား နိုင်ငံတကာစစ်ခုံရုံးရောက်အောင်လုပ်မည်  
DVB
·
September 2, 2019
ပြည်သူကိုတိုက်ခိုက်သည့် လက်နက်ကိုင်အဖွဲ့များအား နိုင်ငံတကာစစ်ခုံရုံးရောက်အောင်လုပ်မည်  
Donate to DVB

အပြစ်မဲ့ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်တဲ့ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကိုမဆို နိုင်ငံတကာစစ်ခုံရုံးကိုရောက်အောင် နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က ထုတ်ပြန်ပါတယ်။

လက်နက်ကိုင်အချင်းချင်း တိုက်ခိုက်တာမဟုတ်ဘဲ အပြစ်မဲ့ပြည်သူတွေကို ဦးတည် တိုက်ခိုက်တာဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ရုံမက အပြည်ပြည်ဆိုင်ရာ စစ်ဥပဒေကိုလည်း ထိပါး စော်ကားရာရောက်ပြီး ဒီလုပ်ရပ်ကို လုံးဝ ကန့်ကွက်ရှုတ်ချတယ်လို့ မနေ့က ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။

ကိုးကန့်၊ တအာင်းနဲ့ ရခိုင်မဟာမိတ်အဖွဲ့တွေနဲ့ တပ်မတော်အကြား ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်နေရာမှာ  သြဂုတ် ၃၁ ရက်က ကွတ်ခိုင်မြို့နဲ့ မြို့ဝန်းကျင်မှာ တိုက်ခိုက်တာတွေရှိခဲ့ပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ မော်ဟစ်ရွာမှာ ရွာသား ၅ ယောက် သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၄ လအရွယ်၊ ၉ နှစ်အရွယ်နဲ့ ၁၄ နှစ်အရွယ်ကလေးတို့ ပါဝင်ပြီး  ၃ ယောက်က ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် သြဂုတ် ၁၇ ရက်က လားရှိုးလူမှုကူညီရေးအသင်းဥက္ကဋ္ဌ၊ ၁၈ ရက်က လားရှိုးမြို့နယ် ကုန်းဆာရွာသားတယောက်၊ ၂၆ ရက်က ပန်ဆေးရွာသားတယောက်တို့ လက်နက်ထိမှန်ပေါက်ကွဲလို့ သေဆုံးခဲ့ပါသေးတယ်။

နှစ်ဖက်တပ်တွေအနေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးထားတဲ့ မြန်မာ့ဥပဒေ၊ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာပေးဖို့လည်း အဖွဲ့အစည်း ၃၀ လောက်ပူးပေါင်းထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က တောင်းဆိုထားပါတယ်။




ျပည္သူကိုတိုက္ခိုက္သည့္ လက္နက္ကိုင္အဖြဲ႕မ်ားအား ႏိုင္ငံတကာစစ္ခုံ႐ုံးေရာက္ေအာင္လုပ္မည္
ေနာ္ႏိုရင္း

အျပစ္မဲ့ျပည္သူေတြကို ရည္႐ြယ္ခ်က္ရွိရွိ ဦးတည္တိုက္ခိုက္တဲ့ ဘယ္လက္နက္ကိုင္ အဖြဲ႕အစည္းကိုမဆို ႏိုင္ငံတကာစစ္ခုံ႐ုံးကိုေရာက္ေအာင္ ႏိုင္ငံတကာနဲ႔ ပူးေပါင္း ေဆာင္႐ြက္သြားမယ္လို႔ ကခ်င္ ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ (KBC) က ထုတ္ျပန္ပါတယ္။

လက္နက္ကိုင္အခ်င္းခ်င္း တိုက္ခိုက္တာမဟုတ္ဘဲ အျပစ္မဲ့ျပည္သူေတြကို ဦးတည္ တိုက္ခိုက္တာဟာ လူမဆန္တဲ့လုပ္ရပ္ျဖစ္႐ုံမက အျပည္ျပည္ဆိုင္ရာ စစ္ဥပေဒကိုလည္း ထိပါး ေစာ္ကားရာေရာက္ၿပီး ဒီလုပ္ရပ္ကို လုံးဝ ကန႔္ကြက္ရႈတ္ခ်တယ္လို႔ မေန႔က ရက္စြဲနဲ႔ ထုတ္ျပန္လိုက္တာပါ။

ကိုးကန႔္၊ တအာင္းနဲ႔ ရခိုင္မဟာမိတ္အဖြဲ႕ေတြနဲ႔ တပ္မေတာ္အၾကား ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာ တိုက္ပြဲေတြ ျဖစ္ေနရာမွာ ၾသဂုတ္ ၃၁ ရက္က ကြတ္ခိုင္ၿမိဳ႕နဲ႔ ၿမိဳ႕ဝန္းက်င္မွာ တိုက္ခိုက္တာေတြရွိခဲ့ၿပီး လက္နက္ႀကီးက်ေရာက္ေပါက္ကြဲလို႔ ေမာ္ဟစ္႐ြာမွာ ႐ြာသား ၅ ေယာက္ ေသဆုံးခဲ့ပါတယ္။

ေသဆုံးသူေတြထဲမွာ အသက္ ၄ လအ႐ြယ္၊ ၉ ႏွစ္အ႐ြယ္နဲ႔ ၁၄ ႏွစ္အ႐ြယ္ကေလးတို႔ ပါဝင္ၿပီး ၃ ေယာက္က ဒဏ္ရာရခဲ့ပါတယ္။

ဒါ့အျပင္ ၾသဂုတ္ ၁၇ ရက္က လားရႈိးလူမႈကူညီေရးအသင္းဥကၠ႒၊ ၁၈ ရက္က လားရႈိးၿမိဳ႕နယ္ ကုန္းဆာ႐ြာသားတေယာက္၊ ၂၆ ရက္က ပန္ေဆး႐ြာသားတေယာက္တို႔ လက္နက္ထိမွန္ေပါက္ကြဲလို႔ ေသဆုံးခဲ့ပါေသးတယ္။

ႏွစ္ဖက္တပ္ေတြအေနနဲ႔ အရပ္သားေတြကို အကာအကြယ္ေပးထားတဲ့ ျမန္မာ့ဥပေဒ၊ ႏိုင္ငံတကာဥပေဒေတြကို ေလးစားလိုက္နာေပးဖို႔လည္း အဖြဲ႕အစည္း ၃၀ ေလာက္ပူးေပါင္းထားတဲ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း လူသားခ်င္းစာနာေထာက္ထားမႈ ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕က ေတာင္းဆိုထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013