Home
မြန်မာသတင်း
တက္ကသိုလ်များတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အားပေးမြှင့်တင်ရန် ပညာရေးဝန်ကြီး တိုက်တွန်း
Aung Ko Latt
·
September 2, 2019
တက္ကသိုလ်တွေအားလုံးမှာ တိုင်းရင်းသား စာပေနဲ့ ယဉ်ကျေးမှုကို အားပေးမြှင့်တင်ဖို့ လိုအပ်နေတယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားလိုက်ပါတယ်။ အမျိုးသားပညာရေးမူဝါဒကော်မရှင် ပါမောက္ခချုပ်များကော်မတီရဲ့ ၁ နှစ်ကျော်ကာလ အတွင်း အတွေ့အကြုံရှင်းလင်းပွဲကို စက်တင်ဘာ ၁ ရက်နေ့က မုံရွာတက္ကသိုလ်မှာ ကျင်းပရာမှာ ပညာရေးဝန်ကြီးက တက်ရောက် ပြောကြားသွားတာပါ။ ဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက "တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှာ မတူကွဲပြားတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ အတူတူ နေထိုင်ပြီးတော့ တိုင်းရင်းသား တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ ပညာသင်ယူနေတဲ့ တက္ကသိုလ်တွေဖြစ်တဲ့အတွက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုတွေက အားပေးမြှင့်တင်ဖို့အတွက် အရေးကြီးပါတယ်။ ကျနော်တို့ရဲ့ အခြေခံမူဝါဒဖြစ်တဲ့ မည်သည့်ခွဲခြားမှုမျှမရှိ။ မည်သူတဦးတယောက်ကိုမျှ မချန်တဲ့အတွက်ကြောင့်မို့ ကျနော်တို့တွေရဲ့ မူဝါဒကတော့ ဘက်မလိုက်ဘူး။ အမျှတဆုံးဖြစ်အောင် အားလုံးကို ပံ့ပိုးဖြည့်ဆည်းပေးပြီးတော့မှ ဒီတက္ကသိုလ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ဖို့ဆိုတဲ့အခါ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုတွေက အားပေးမြှင့်တင်ဖို့လို့အတွက် အရေးကြီးတယ်လို့ ပြောချင်ပါတယ်။"လို့ ပြောဆိုခဲ့တာပါ။ မုံရွာတက္ကသိုလ်မှာတော့ ချင်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီတွေကို ဖွဲ့စည်းထားပြီး အခုနှစ် မတ်လအတွင်းက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာရောက်ဖွင့်လှစ်ပေး ခဲ့ပါတယ်။ ဒါ့အပြင် တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာများသမဂ္ဂနဲ့ ကျောင်းသားများ သမဂ္ဂတွေကိုလည်း အားပေးရမယ်လို့ ဝန်ကြီးက ပြောဆိုခဲ့ပါသေးတယ်။ "တက္ကသိုလ်ကို ဘယ်လောက်ချစ်တယ်ပြောပြော အနှစ် ၄၀ ထက်ပိုပြီးတော့ တာဝန် ထမ်းဆောင်ဖို့ မလွယ်ပါဘူး။ သို့သော် ဒီတက္ကသိုလ်တွေဆိုတာကတော့ မြန်မာနိုင်ငံတည်သရွေ့၊ ကမ္ဘာတည်သရွေ့ အများက လေးစားတန်ဖိုးထားရတဲ့ တက္ကသိုလ်တွေဖြစ်အောင် လုပ်ဖို့လို့အတွက် အားလုံးမှာ တာဝန်ရှိပါတယ်။ ဒီတိုင်းပဲခံယူပြီးတော့ ဆရာသမဂ္ဂတွေ၊ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းခြင်းကို အားပေးပြီးတော့ စုပေါင်းအင်အားနဲ့ တက္ကသိုလ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ဖွဲ့စည်းတာကို အားပေးခြင်းဖြစ်တယ်ဆိုတာကို ဒီနေရာမှာ အလေးအနက် တင်ပြလိုပါတယ်။"လို့  ဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။ ပညာရေးကောလိပ်အားလုံးကိုလည်း လာမယ့် ၂၀၁၉ ဒီဇင်ဘာလက စတင်ကာ ဒီဂရီကောလိပ်အဖြစ် သင်ရိုးညွှန်းတမ်းအသစ်တွေနဲ့ ပြောင်းလဲပေးသွားမယ်လို့ ဆိုပါတယ်။ ပါမောက္ခချုပ်များကော်မတီရဲ့ အတွေ့အကြုံရှင်းလင်းပွဲကို တက္ကသိုလ်ကောလိပ် ဒီဂရီကောလိပ် စုစုပေါင်း ၂၄ ခုက ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးတွေ၊ ပါမောက္ခတွေ၊ ဆရာသမဂ္ဂ၊ ကျောင်းသားသမဂ္ဂတွေ တက်ရောက်ခဲ့ကြပါတယ်။
တကၠသိုလ္မ်ားတြင္ တိုင္းရင္းသားစာေပႏွင့္ ယဥ္ေက်းမႈ အားေပးျမႇင့္တင္ရန္ ပညာေရးဝန္ႀကီး တိုက္တြန္း ေအာင္ကိုလတ္ တကၠသိုလ္ေတြအားလုံးမွာ တိုင္းရင္းသား စာေပနဲ႔ ယဥ္ေက်းမႈကို အားေပးျမႇင့္တင္ဖို႔ လိုအပ္ေနတယ္လို႔ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက ေျပာၾကားလိုက္ပါတယ္။ အမ်ိဳးသားပညာေရးမူဝါဒေကာ္မရွင္ ပါေမာကၡခ်ဳပ္မ်ားေကာ္မတီရဲ႕ ၁ ႏွစ္ေက်ာ္ကာလ အတြင္း အေတြ႕အႀကဳံရွင္းလင္းပြဲကို စက္တင္ဘာ ၁ ရက္ေန႔က မုံ႐ြာတကၠသိုလ္မွာ က်င္းပရာမွာ ပညာေရးဝန္ႀကီးက တက္ေရာက္ ေျပာၾကားသြားတာပါ။ ဝန္ႀကီးေဒါက္တာမ်ိဳးသိမ္းႀကီးက "တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးမွာ မတူကြဲျပားတဲ့ တိုင္းရင္းသား လူမ်ိဳးေပါင္းစုံ အတူတူ ေနထိုင္ၿပီးေတာ့ တိုင္းရင္းသား တကၠသိုလ္ေက်ာင္းသားေက်ာင္းသူေတြ ပညာသင္ယူေနတဲ့ တကၠသိုလ္ေတြျဖစ္တဲ့အတြက္ တိုင္းရင္းသားစာေပႏွင့္ ယဥ္ေက်းမႈေတြက အားေပးျမႇင့္တင္ဖို႔အတြက္ အေရးႀကီးပါတယ္။ က်ေနာ္တို႔ရဲ႕ အေျခခံမူဝါဒျဖစ္တဲ့ မည္သည့္ခြဲျခားမႈမွ်မရွိ။ မည္သူတဦးတေယာက္ကိုမွ် မခ်န္တဲ့အတြက္ေၾကာင့္မို႔ က်ေနာ္တို႔ေတြရဲ႕ မူဝါဒကေတာ့ ဘက္မလိုက္ဘူး။ အမွ်တဆုံးျဖစ္ေအာင္ အားလုံးကို ပံ့ပိုးျဖည့္ဆည္းေပးၿပီးေတာ့မွ ဒီတကၠသိုလ္ေတြရဲ႕ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ေဆာင္႐ြက္ဖို႔ဆိုတဲ့အခါ တိုင္းရင္းသားစာေပႏွင့္ ယဥ္ေက်းမႈေတြက အားေပးျမႇင့္တင္ဖို႔လို႔အတြက္ အေရးႀကီးတယ္လို႔ ေျပာခ်င္ပါတယ္။"လို႔ ေျပာဆိုခဲ့တာပါ။ မုံ႐ြာတကၠသိုလ္မွာေတာ့ ခ်င္းတိုင္းရင္းသား စာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီ၊ ရွမ္းတိုင္းရင္းသားစာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီေတြကို ဖြဲ႕စည္းထားၿပီး အခုႏွစ္ မတ္လအတြင္းက ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ လာေရာက္ဖြင့္လွစ္ေပး ခဲ့ပါတယ္။ ဒါ့အျပင္ တကၠသိုလ္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဆရာမ်ားသမဂၢနဲ႔ ေက်ာင္းသားမ်ား သမဂၢေတြကိုလည္း အားေပးရမယ္လို႔ ဝန္ႀကီးက ေျပာဆိုခဲ့ပါေသးတယ္။ "တကၠသိုလ္ကို ဘယ္ေလာက္ခ်စ္တယ္ေျပာေျပာ အႏွစ္ ၄၀ ထက္ပိုၿပီးေတာ့ တာဝန္ ထမ္းေဆာင္ဖို႔ မလြယ္ပါဘူး။ သို႔ေသာ္ ဒီတကၠသိုလ္ေတြဆိုတာကေတာ့ ျမန္မာႏိုင္ငံတည္သေ႐ြ႕၊ ကမာၻတည္သေ႐ြ႕ အမ်ားက ေလးစားတန္ဖိုးထားရတဲ့ တကၠသိုလ္ေတြျဖစ္ေအာင္ လုပ္ဖို႔လို႔အတြက္ အားလုံးမွာ တာဝန္ရွိပါတယ္။ ဒီတိုင္းပဲခံယူၿပီးေတာ့ ဆရာသမဂၢေတြ၊ ေက်ာင္းသားသမဂၢေတြ ဖြဲ႕စည္းျခင္းကို အားေပးၿပီးေတာ့ စုေပါင္းအင္အားနဲ႔ တကၠသိုလ္ေတြရဲ႕ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ပူးေပါင္းေဆာင္႐ြက္ဖို႔ ဖြဲ႕စည္းတာကို အားေပးျခင္းျဖစ္တယ္ဆိုတာကို ဒီေနရာမွာ အေလးအနက္ တင္ျပလိုပါတယ္။"လို႔ ဝန္ႀကီးေဒါက္တာမ်ိဳးသိမ္းႀကီးက ေျပာပါတယ္။ ပညာေရးေကာလိပ္အားလုံးကိုလည္း လာမယ့္ ၂၀၁၉ ဒီဇင္ဘာလက စတင္ကာ ဒီဂရီေကာလိပ္အျဖစ္ သင္႐ိုးၫႊန္းတမ္းအသစ္ေတြနဲ႔ ေျပာင္းလဲေပးသြားမယ္လို႔ ဆိုပါတယ္။ ပါေမာကၡခ်ဳပ္မ်ားေကာ္မတီရဲ႕ အေတြ႕အႀကဳံရွင္းလင္းပြဲကို တကၠသိုလ္ေကာလိပ္ ဒီဂရီေကာလိပ္ စုစုေပါင္း ၂၄ ခုက ပါေမာကၡခ်ဳပ္၊ ဒုတိယပါေမာကၡခ်ဳပ္ႏွင့္ ေက်ာင္းအုပ္ႀကီးေတြ၊ ပါေမာကၡေတြ၊ ဆရာသမဂၢ၊ ေက်ာင္းသားသမဂၢေတြ တက္ေရာက္ခဲ့ၾကပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024