ဒုတိယကမ္ဘာစစ် နှစ် ၈ဝ ပြည့်အခမ်းအနား ဂျာမနီ၊ အမေရိကန် အပါအဝင် နိုင်ငံခေါင်းဆောင်များ တက်ရောက်

ဂျာမန်အဓိပတိ အိန်ဂျလာမာကယ်၊ အမေရိကန် ဒုသမ္မတ မိုက်ခ်ပန့်စ်နဲ့ ဒေသတွင်း ခေါင်းဆောင်တွေဟာ ပိုလန်နိုင်ငံထဲမှာ ကျင်းပတဲ့ ဒုတိယကမ္ဘာစစ် စတင်ခဲ့တာ နှစ် ၈ဝ ပြည့် နှစ်ပတ်လည်နေ့ကို စက်တင်ဘာ ၁ ရက်နေ့က တက်ရောက်ပါတယ်။ ပဋိပက္ခဟာ ခုထိ နိုင်ငံရေး ကိစ္စအနေနဲ့ ရှိနေဆဲပါ။ နိုင်ငံတွင်း ဂျူးလူမျိုး ၃ သန်းထဲက အများစု အပါအဝင် နိုင်ငံ လူဦးရေရဲ့ ၅ ပုံ ၁ ပုံ သေဆုံးခဲ့ပါတယ်။ စစ်ပွဲအပြီး မြို့တော် ဝါဆောဟာ အပျက်အစီးပုံထဲကနေ ပြန်ရုန်းထခဲ့ရပေမယ့် ပိုလန်ကတော့ ဆိုဗီယက် လွှမ်းမိုးမှုအောက်မှာ ၁၉၈၉ ခုနှစ်ထိ နေခဲ့ရတာပါ။ ဟာရီကိန်းမုန်တိုင်း ဒိုရီယံကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စီစဉ်ထားပြီးသား ခရီးကို ဖျက်သိမ်းခဲ့ပါတယ်။ ဒါကြောင့် အမေရိကန် ဒုသမ္မတနဲ့ ဂျာမန် အဓိပတိတို့က စစ်ပွဲမှာ ပါဝင်သူတွေကို ဂုဏ်ပြုဖို့ ပိုလန်ကို တနင်္ဂနွေနေ့က ရောက်လာပါတယ်။ ပိုလန်ဟာ ဥရောပမှာ အမေရိကန်နဲ့ အနီးကပ်ဆုံး မဟာမိတ်နိုင်ငံတွေထဲက တနိုင်ငံပါ။ ထရမ့်ရဲ့ ခရီးစဉ် ဖျက်သိမ်းခဲ့ပေမယ့် မကြာခင်မှာ နောက်ခရီးစဉ်တခုကို ပြန်စီစဉ်နိုင်တယ်လို့ အမေရိကန်နဲ့ ပိုလန်အရာရှိတွေက ပြောခဲ့ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဒုတိယကမာၻစစ္ ႏွစ္ ၈ဝ ျပည့္အခမ္းအနား ဂ်ာမနီ၊ အေမရိကန္ အပါအဝင္ ႏိုင္ငံေခါင္းေဆာင္မ်ား တက္ေရာက္ ဂ်ာမန္အဓိပတိ အိန္ဂ်လာမာကယ္၊ အေမရိကန္ ဒုသမၼတ မိုက္ခ္ပန႔္စ္နဲ႔ ေဒသတြင္း ေခါင္းေဆာင္ေတြဟာ ပိုလန္ႏိုင္ငံထဲမွာ က်င္းပတဲ့ ဒုတိယကမာၻစစ္ စတင္ခဲ့တာ ႏွစ္ ၈ဝ ျပည့္ ႏွစ္ပတ္လည္ေန႔ကို စက္တင္ဘာ ၁ ရက္ေန႔က တက္ေရာက္ပါတယ္။ ပဋိပကၡဟာ ခုထိ ႏိုင္ငံေရး ကိစၥအေနနဲ႔ ရွိေနဆဲပါ။ ႏိုင္ငံတြင္း ဂ်ဴးလူမ်ိဳး ၃ သန္းထဲက အမ်ားစု အပါအဝင္ ႏိုင္ငံ လူဦးေရရဲ႕ ၅ ပုံ ၁ ပုံ ေသဆုံးခဲ့ပါတယ္။ စစ္ပြဲအၿပီး ၿမိဳ႕ေတာ္ ဝါေဆာဟာ အပ်က္အစီးပုံထဲကေန ျပန္႐ုန္းထခဲ့ရေပမယ့္ ပိုလန္ကေတာ့ ဆိုဗီယက္ လႊမ္းမိုးမႈေအာက္မွာ ၁၉၈၉ ခုႏွစ္ထိ ေနခဲ့ရတာပါ။ ဟာရီကိန္းမုန္တိုင္း ဒိုရီယံေၾကာင့္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က စီစဥ္ထားၿပီးသား ခရီးကို ဖ်က္သိမ္းခဲ့ပါတယ္။ ဒါေၾကာင့္ အေမရိကန္ ဒုသမၼတနဲ႔ ဂ်ာမန္ အဓိပတိတို႔က စစ္ပြဲမွာ ပါဝင္သူေတြကို ဂုဏ္ျပဳဖို႔ ပိုလန္ကို တနဂၤေႏြေန႔က ေရာက္လာပါတယ္။ ပိုလန္ဟာ ဥေရာပမွာ အေမရိကန္နဲ႔ အနီးကပ္ဆုံး မဟာမိတ္ႏိုင္ငံေတြထဲက တႏိုင္ငံပါ။ ထရမ့္ရဲ႕ ခရီးစဥ္ ဖ်က္သိမ္းခဲ့ေပမယ့္ မၾကာခင္မွာ ေနာက္ခရီးစဥ္တခုကို ျပန္စီစဥ္ႏိုင္တယ္လို႔ အေမရိကန္နဲ႔ ပိုလန္အရာရွိေတြက ေျပာခဲ့ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up