ဩစတြေးလျ လေယာဉ်မှူး သတိလစ်သွား၍ သင်တန်းသားက အရေးပေါ် လေယာဉ်ဆင်းသက်ခဲ့

သြစတြေးလျနိုင်ငံအနောက်ပိုင်း ပါ့သ်မြို့ ဂျန်ဒါကော့တ်လေဆိပ်မှာ လေယာဉ်မှူး သင်တန်းသားတယောက်ကို လေကြောင်းထိန်းချုပ်ရေးဌာနက အရေးပေါ်လေယာဉ် ဆင်းသက်နိုင်အောင် လမ်းညွှန်ပေးခဲ့ရပါတယ်။ သြဂုတ် ၃၁ ရက်က လေယာဉ်ပျံတက်ပြီး ၁ နာရီအကြာ လေယာဉ်ပျံသန်းနေတုန်း လေယာဉ်မောင်းသင်တန်း နည်းပြ သတိလစ်သွားတဲ့အတွက် သင်တန်းသား မက်စ်ဆီလ်ဗက်စ်စတာဟာ လေကြောင်း ထိန်းချုပ်ရေးဌာနကို ဆက်သွယ်ခဲ့တယ်လို့ သြစတြေးလျ ရုပ်သံ ကော်ပိုရေးရှင်း ABC က ပြောပါတယ်။ သင်တန်းသား ဆီလ်ဗက်စတာဟာ အရင်က တခါမှ သူကိုယ်တိုင် လေယာဉ်မောင်းပြီး ကွင်းထဲကို မဆင်းဖူးလို့ လေကြောင်းထိန်းသိမ်းသူက လေယာဉ် မြေပေါ်ရောက်တဲ့အထိ ဆီလ်ဗက်စတာကို လမ်းညွှန်ပေးခဲ့ရပါတယ်။  ဆီလ်ဗက်စ်တာဟာ ၂ ကြိမ်၊ ၃ ကြိမ်သာ လေယာဉ်မောင်းဖူးသေးပေမယ့် အံ့သြချီးကျူးလောက်တယ်လို့ အဲရ် သြစတြေးလျ အင်တာနေရှင်နယ် လေကြောင်းလိုင်းရဲ့ ပိုင်ရှင် ချပ်ခ် မက်အယ်လ်ဝီးက ပြောခဲ့ပါတယ်။ ~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဩစေၾတးလ် ေလယာဥ္မႉး သတိလစ္သြား၍ သင္တန္းသားက အေရးေပၚ ေလယာဥ္ဆင္းသက္ခဲ့ ၾသစေၾတးလ်ႏိုင္ငံအေနာက္ပိုင္း ပါ့သ္ၿမိဳ႕ ဂ်န္ဒါေကာ့တ္ေလဆိပ္မွာ ေလယာဥ္မႉး သင္တန္းသားတေယာက္ကို ေလေၾကာင္းထိန္းခ်ဳပ္ေရးဌာနက အေရးေပၚေလယာဥ္ ဆင္းသက္ႏိုင္ေအာင္ လမ္းၫႊန္ေပးခဲ့ရပါတယ္။ ၾသဂုတ္ ၃၁ ရက္က ေလယာဥ္ပ်ံတက္ၿပီး ၁ နာရီအၾကာ ေလယာဥ္ပ်ံသန္းေနတုန္း ေလယာဥ္ေမာင္းသင္တန္း နည္းျပ သတိလစ္သြားတဲ့အတြက္ သင္တန္းသား မက္စ္ဆီလ္ဗက္စ္စတာဟာ ေလေၾကာင္း ထိန္းခ်ဳပ္ေရးဌာနကို ဆက္သြယ္ခဲ့တယ္လို႔ ၾသစေၾတးလ် ႐ုပ္သံ ေကာ္ပိုေရးရွင္း ABC က ေျပာပါတယ္။ သင္တန္းသား ဆီလ္ဗက္စတာဟာ အရင္က တခါမွ သူကိုယ္တိုင္ ေလယာဥ္ေမာင္းၿပီး ကြင္းထဲကို မဆင္းဖူးလို႔ ေလေၾကာင္းထိန္းသိမ္းသူက ေလယာဥ္ ေျမေပၚေရာက္တဲ့အထိ ဆီလ္ဗက္စတာကို လမ္းၫႊန္ေပးခဲ့ရပါတယ္။ ဆီလ္ဗက္စ္တာဟာ ၂ ႀကိမ္၊ ၃ ႀကိမ္သာ ေလယာဥ္ေမာင္းဖူးေသးေပမယ့္ အံ့ၾသခ်ီးက်ဴးေလာက္တယ္လို႔ အဲရ္ ၾသစေၾတးလ် အင္တာေနရွင္နယ္ ေလေၾကာင္းလိုင္းရဲ႕ ပိုင္ရွင္ ခ်ပ္ခ္ မက္အယ္လ္ဝီးက ေျပာခဲ့ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up