DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) မြန်မာပြည် လေ့လာရေး ခရီးစဉ်ပြီးဆုံး
DVB
·
December 18, 2012
အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) မြန်မာပြည် လေ့လာရေး ခရီးစဉ်ပြီးဆုံး
Donate to DVB

ပြည်ပအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တပတ်ကြာ မြန်မာနိုင်ငံတွင်း လေ့လာရေးခရီးကို အဆုံးသတ်လိုက်ပြီဖြစ်ပြီး ခရီးစဉ်အတွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အမျိုးသမီးတွေ ပါဝင်နိုင်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ အမျိုးသမီးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး  ဒေါ်တင်တင်ညိုက ပြောပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ်ကနေ ၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ ရန်ကုန်မြို့မှာ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး  လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်များအပေါ် အမြင်သဘောထားနဲ့ နိုင်ငံရေးရပ်တည်ချက်တွေ၊ ဆွေးနွေးခဲ့ကြတယ်လို့  ဒေါ်တင်တင်ညိုက ပြောပါတယ်။

[caption id="attachment_34499" align="alignleft" width="300" caption="ရန်ကုန် ဗဟန်းမြို့နယ် ရွှေရသာစားသောက်ဆိုင်တွင် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၏ ပြည်တွင်းခရီးစဉ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်"][/caption]

ဒီဇင်ဘာ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ  ၁ ပတ်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း အမျိုးသမီးတွေ ရောင်းစားခံနေရတာတွေနဲ့ အကြမ်းဖက်ခံနေရတာတွေကို တွေ့ရှိခဲ့ရပြီး အကူအညီပေးဖို့ လိုအပ်နေသေးတယ်လို့လည်း ဆိုပါတယ်။

တွေ့ဆုံခဲ့တဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီအဖွဲ့အစည်းတွေက အမျိုးသမီးတွေကို နိုင်ငံရေး၊ ပြုပြင်ပြောင်းလဲရေးနဲ့ ဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်စေလိုတဲ့ ဆန္ဒ သဘောထားရှိနေတာ တွေ့ရတဲ့အတွက် ကျေနပ်အားရဖြစ်မိတယ်လို့ ခရီးစဉ်အပြီးမှာ ထုတ်ပြန်တဲ့  အမျိုးသမီးအဖွဲ့ချုပ် ကြေညာချက်မှာ ဖော်ပြပါတယ်။

တိုင်းရင်းသားဒေသတချို့မှာ လက်ရှိဖြစ်နေတဲ့  စစ်ပွဲတွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေနဲ့ အကြီးစား ဖွံ့ဖြိုးရေးစီမံကိန်းတွေကြောင့် ပြည်သူတွေအပေါ် ထိခိုက်နစ်နာမှုများ ရှိနေဆဲဖြစ်ပြီး ဆက်လက် ဖြစ်ပေါ်နေမယ်ဆိုပါက အပစ်အခတ်ရပ်စဲရေးမှ တဆင့်  စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးနဲ့ ငြိမ်းချမ်းရေးတို့ကို တက်လှမ်းနိုင်ဖို့ အဟန့်အတား ဖြစ်မှာကို စိုးရိမ်ပူပန်တယ်လို့လည်း ဆိုပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အနေနဲ့ကတော့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး မရှိသရွေ့ ပြည်တွင်းမှာ တရားဝင်မှတ်ပုံတင်ပြီး လုပ်ဆောင်ဖို့မရှိသေးဘဲ ပြည်ပမှာပဲ အခြေစိုက် လုပ်ဆောင်သွားမယ်လို့ ဒေါ်တင်တင်ညိုက ပြောပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ကို ပြည်ပမှာ ဖွဲ့စည်းထားတဲ့ မြန်မာအပါအ၀င် တိုင်းရင်းသား အမျိုးသမီးအဖွဲ့အစည်း ၁၂ ဖွဲ့နဲ့ ၁၉၉၉ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး  အစိုးရသစ် လက်ထက်မှာ မြန်မာနိုင်ငံကို ပထမဆုံးသွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013