DVB Logo
Home
မြန်မာသတင်း
ဇန်န၀ါရီ ၉ ရက်မှာ လွှတ်တော်အစည်းအဝေးတွေပြန်စမည်
DVB
·
December 18, 2012
ဇန်န၀ါရီ ၉ ရက်မှာ လွှတ်တော်အစည်းအဝေးတွေပြန်စမည်
Donate to DVB

၂၀၁၃ ဇန်န၀ါရီလမှာ ပြန်လည်ခေါ်ယူကျင်းပမယ့် ပထမအကြိမ် ဆဋ္ဌမပုံမှန် လွှတ်တော် အစည်းအဝေးတွေမှာ ဥပဒေပေါင်းများစွာ ပြင်ဆင်ရေးဆွဲ ပြဋ္ဌာန်းဖို့ရှိတယ်လို့ ရန်ကုန်တိုင်း အလုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးခိုင်မောင်ရည်က ပြောပါတယ်။

လွှတ်တော်ကဖွဲ့စည်းပေးထားတဲ့ ရေးရာကော်မတီတွေအလိုက် ပြင်ဆင်ရေးဆွဲဖို့ တာဝန်ယူထားရတဲ့ ဥပဒေကြမ်းတွေကို အခုလကုန်အပြီး လွှတ်တော်ကိုတင်ကြရမှာ ဖြစ်ပါတယ်။ ပြင်ဆင်ရေးဆွဲထားတဲ့  ဥပဒေတွေကို လာမယ့်လွှတ်တော်ထဲ ဆွေးနွေးကြဖို့ရှိတယ်လို့ ဦးခိုင်မောင်ရည်က ပြောပါတယ်။

“ဆိုင်ရာဆိုင်ရာ ကော်မတီအလိုက် ဥပဒေတွေတင်ခိုင်းတဲ့အတွက် ဥပဒေပေါင်းများစွာ ရေးဆွဲဖို့၊ ဒီဇင်ဘာလကုန်မှာ အကုန်လုံးက ဥပဒေတွေ ရေးဆွဲပြီး လွှတ်တော်တွေကို တင်ရမှာဖြစ်တယ်၊ လွှတ်တော်စစချင်းမှာပဲ ဥပဒေတွေတခုပြီး တခု လုပ်သွားရမယ်လို့ ယူဆပါတယ်။”

ကျင်းပပြီး လွှတ်တော်တွေမှာ အများပြည်သူ့အတွက် အရေးကြီးတဲ့ ဥပဒေတွေ ပြဋ္ဌာန်းရေး ဦးစားပေးဆွေးနွေးတာမျိုး မတွေ့ရဘဲ ခုံရုံးလို ကိစ္စရပ်မျိုးနဲ့ အချိန်ကုန်နေတာပဲ တွေ့ရတယ် လို့ ဝေဖန်မှုတွေ ရှိနေတဲ့အပေါ် ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက “ပထမအစတုန်းကတော့ လူသစ်တွေ၊ လွှတ်တော်အသစ်တွေဖြစ်နေတော့ ကောင်းကောင်း မကျွမ်းကျင်သေးဘူးဖြစ်မှာပေါ့။ အခု နောက်ပိုင်းမှာတော့ တော်တော်လေးတော့ မြိုင်မြိုင် ဆိုင်ဆိုင် ဖြစ်လာတာ တွေ့ပါတယ်။ သူတို့ သိချင်တာတွေ မေးတာရှိတယ်။ ဥပဒေတွေ တင်တာရှိတယ်။ ဒါပေမယ့် လွှတ်တော်ကတော့ ဦးစားပေးတွေရှိမှာပေါ့။ ဦးစားပေးတွေရှိတော့ တချို့ဟာတွေ ပါမလာသေးတာ၊ ဆွေးနွေးခွင့်မရသေးတာ ရှိမယ်။ ဦးစားပေးရွေးတဲ့အခါမှာ ဒါက လွှတ်တော်မှာ မူတည်တာပေါ့။ လွှတ်တော်က ဘယ်အဆိုကို၊ ဘယ်ဥပဒေကို ဦးစားပေးလဲဆိုတာ တည်တယ်။ တကယ် အရေးကြီးတာကို ဦးစားပေးဖို့ လိုတယ်။”

ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်တို့ရဲ့ ပထမအကြိမ် ဆဋ္ဌမပုံမှန် အစည်းအဝေးတွေကို ၂၀၁၃ ဇန်န၀ါရီလ ၉ ရက်မှာ ပြန်လည်ကျင်းပမယ်လို့ ဒီဇင်ဘာ ၁၇ ရက်စွဲနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေက လက်မှတ်ရေးထိုး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013