ကမ်းလှမ်းမှုများ ရှိခဲ့ပေမယ့် အကုန်လုံးကို ပယ်ချခဲ့ဟု ပိုချက်တီနိုပြော

ပြီးခဲ့တဲ့နှစ်တွေအတွင်း ကမ်းလှမ်းမှုများစွာရှိခဲ့ပေမယ့် အားလုံးကို ပယ်ချခဲ့တယ်လို့ တော့တင်ဟမ်မန်နေဂျာ ပိုချက်တီနိုက ပြောပါတယ်။ အာဂျင်တီးနားနိုင်ငံသား ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ ရာသီတွေအတွင်းက ဥရောပအသင်းကြီးတွေရဲ့ ပစ်မှတ် နည်းပြတဦးဖြစ်ခဲ့ပြီး စပါးအသင်းကနေ ထွက်ခွာတော့မယ်လို့လည်း မကြာခဏ သတင်းထွက်ပေါ်ခဲ့ဖူးသူ ဖြစ်ပါတယ်။  သူဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ စပါးအသင်းကနေ ထွက်ခွာပြီလို့ သတင်းကြီးခဲ့ဖူးပြီး အခုတကြိမ်မှာလည်း အာဆင်နယ်နဲ့ ကန်မယ့် လန်ဒန်ဒါဘီအပြီးမှာ အသင်းကနေ ထွက်တော့မယ်လို့ သတင်းတွေ ပေါ်လာပြန်ပါတယ်။  ဒါပေမဲ့ ဒါဟာ အဓိပ္ပာယ်မရှိတဲ့ သတင်းတွေလို့ ပိုချက်တီနိုက ငြင်းပါတယ်။  “ပြီးခဲ့တဲ့ ငါးနှစ်လောက်အတွင်းမှာ ကျနော့်ဆီကို ကမ်းလှမ်းမှုတွေ အများကြီး ရောက်လာပါတယ်။ ဒါတွေထဲက တချို့ကို စပါးဥက္ကဋ္ဌ လီဗိုင်း သိပေမယ့် အကုန်လုံးကိုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါဟာ ကျနော် အပါအဝင် မန်နေဂျာတွေ ကြုံတွေ့ရတဲ့ အခြေအနေ ဖြစ်တာကြောင့် ကျနော့်အတွက်တော့ မထူးဆန်းပါဘူး” “ကျနော်တို့အသင်းပေါ်မှာ ထားတဲ့ သဘောထားကို လီဗိုင်း သိပါတယ်။ ဒါက ကြီးမားပါတယ်။ ပြီးတော့ ဒီသဘောထားက သာမန်ထက် ပိုပါတယ်။ ခင်ဗျားအနေနဲ့ ဂွါဒီယိုလာပဲ ဖြစ်ဖြစ်၊ ကလော့ပ်ပဲဖြစ်ဖြစ် တခြားဥရောပ ထိပ်တန်းနည်းပြတွေကိုပဲ ဖြစ်ဖြစ် မေးကြည့်လိုက်ပါ။ သူတို့လည်း တခြားအသင်းကနေ ကမ်းလှမ်းမှုတွေ ရရှိခဲ့မှာပါ” လို့ ပိုချက်တီနိုက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။  ပိုချက်တီနိုဟာ ပရီးမီးယားလိဂ် အလယ်အလတ် အသင်းတသင်းဖြစ်တဲ့ စပါးအသင်းကို ပြီးခဲ့တဲ့နှစ်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်အောင် ဦးဆောင်နိုင်ခဲ့သူ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတွေရဲ့ ပစ်မှတ် ဖြစ်ခဲ့ဖူးတယ်လို့လည်း သတင်းတွေ ပေါ်ထွက်ခဲ့ဖူးသူပါ။ ~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ကမ္းလွမ္းမႈမ်ား ရွိခဲ့ေပမယ့္ အကုန္လုံးကို ပယ္ခ်ခဲ့ဟု ပိုခ်က္တီႏိုေျပာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ကမ္းလွမ္းမႈမ်ားစြာရွိခဲ့ေပမယ့္ အားလုံးကို ပယ္ခ်ခဲ့တယ္လို႔ ေတာ့တင္ဟမ္မန္ေနဂ်ာ ပိုခ်က္တီႏိုက ေျပာပါတယ္။ အာဂ်င္တီးနားႏိုင္ငံသား ပိုခ်က္တီႏိုဟာ ၿပီးခဲ့တဲ့ ရာသီေတြအတြင္းက ဥေရာပအသင္းႀကီးေတြရဲ႕ ပစ္မွတ္ နည္းျပတဦးျဖစ္ခဲ့ၿပီး စပါးအသင္းကေန ထြက္ခြာေတာ့မယ္လို႔လည္း မၾကာခဏ သတင္းထြက္ေပၚခဲ့ဖူးသူ ျဖစ္ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအၿပီးမွာ စပါးအသင္းကေန ထြက္ခြာၿပီလို႔ သတင္းႀကီးခဲ့ဖူးၿပီး အခုတႀကိမ္မွာလည္း အာဆင္နယ္နဲ႔ ကန္မယ့္ လန္ဒန္ဒါဘီအၿပီးမွာ အသင္းကေန ထြက္ေတာ့မယ္လို႔ သတင္းေတြ ေပၚလာျပန္ပါတယ္။ ဒါေပမဲ့ ဒါဟာ အဓိပၸာယ္မရွိတဲ့ သတင္းေတြလို႔ ပိုခ်က္တီႏိုက ျငင္းပါတယ္။ “ၿပီးခဲ့တဲ့ ငါးႏွစ္ေလာက္အတြင္းမွာ က်ေနာ့္ဆီကို ကမ္းလွမ္းမႈေတြ အမ်ားႀကီး ေရာက္လာပါတယ္။ ဒါေတြထဲက တခ်ိဳ႕ကို စပါးဥကၠ႒ လီဗိုင္း သိေပမယ့္ အကုန္လုံးကိုေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ ဒါဟာ က်ေနာ္ အပါအဝင္ မန္ေနဂ်ာေတြ ႀကဳံေတြ႕ရတဲ့ အေျခအေန ျဖစ္တာေၾကာင့္ က်ေနာ့္အတြက္ေတာ့ မထူးဆန္းပါဘူး” “က်ေနာ္တို႔အသင္းေပၚမွာ ထားတဲ့ သေဘာထားကို လီဗိုင္း သိပါတယ္။ ဒါက ႀကီးမားပါတယ္။ ၿပီးေတာ့ ဒီသေဘာထားက သာမန္ထက္ ပိုပါတယ္။ ခင္ဗ်ားအေနနဲ႔ ဂြါဒီယိုလာပဲ ျဖစ္ျဖစ္၊ ကေလာ့ပ္ပဲျဖစ္ျဖစ္ တျခားဥေရာပ ထိပ္တန္းနည္းျပေတြကိုပဲ ျဖစ္ျဖစ္ ေမးၾကည့္လိုက္ပါ။ သူတို႔လည္း တျခားအသင္းကေန ကမ္းလွမ္းမႈေတြ ရရွိခဲ့မွာပါ” လို႔ ပိုခ်က္တီႏိုက သတင္းေထာက္ေတြကို ေျပာဆိုခဲ့ပါတယ္။ ပိုခ်က္တီႏိုဟာ ပရီးမီးယားလိဂ္ အလယ္အလတ္ အသင္းတသင္းျဖစ္တဲ့ စပါးအသင္းကို ၿပီးခဲ့တဲ့ႏွစ္မွာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္ေအာင္ ဦးေဆာင္ႏိုင္ခဲ့သူ ျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္နဲ႔ မန္ခ်က္စတာ ယူႏိုက္တက္အသင္းေတြရဲ႕ ပစ္မွတ္ ျဖစ္ခဲ့ဖူးတယ္လို႔လည္း သတင္းေတြ ေပၚထြက္ခဲ့ဖူးသူပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up