DVB Logo
Home
မြန်မာသတင်း
တကိုယ်တော်ဆန္ဒပြသူ ကိုထင်ကျော် တရားစွဲခံရ
DVB
·
December 18, 2012
တကိုယ်တော်ဆန္ဒပြသူ ကိုထင်ကျော် တရားစွဲခံရ
Donate to DVB

လက်ပန်းတောင်းတောင် သပိတ်စခန်းတွေကို အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့မှုနဲ့ ပတ်သက်ပြီး ရန်ကုန်မှာ တကိုယ်တော် ဆန္ဒပြခဲ့တဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုထင်ကျော်ကို ဒီဇင်ဘာ ၁၇ ရက်နေ့ ညနေမှာ ကျောက်တံတားရဲစခန်းကနေ ခွင့်ပြုချက်မယူဘဲ ဆန္ဒပြမှု ပုဒ်မ ၁၈ နဲ့ အမှုဖွင့် တရားစွဲဆိုလိုက်ပါတယ်။

[caption id="attachment_21575" align="alignleft" width="300" caption="ကိုထင်ကျော်"][/caption]

ကိုထင်ကျော်ကတော့ ဒီလို တရားစွဲဆိုခံရပေမယ့် ရဲစခန်းက ခံဝန်လက်မှတ် ရေးထိုးခိုင်းတာကို လက်မခံခဲ့ဘဲ မန္တလေးတက်ပြီး တကိုယ်တော် ဆန္ဒပြတာ ဆက်လုပ်ဦးမယ်လို့ ပြောပါတယ်။

သူ့လိုပဲ ပုဒ်မ ၁၈နဲ့ တရားစွဲခံရပြီး မန္တလေး အိုးဘိုထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုသိန်းအောင်မြင့်နဲ့ ဗကသကျောင်းသားတွေကို ရုံးထုတ်မယ့် ဒီဇင်ဘာ ၂၀ ရက် နေ့မှာ ဆန္ဒပြမယ်လို့ သိရပါတယ်။

ကိုထင်ကျော်ဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြမှုနဲ့ ဖမ်းဆီး ထောင်ချခံရပြီး အခုနှစ်ဆန်းကမှ ပြန်လည် လွတ်မြောက်လာသူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013