DVB Logo
Home
သတင်းတို
အိပ်ခ်ျအာဒီပီ တရားဝင် မှတ်ပုံတင်မည်
DVB
·
December 18, 2012
အိပ်ခ်ျအာဒီပီ တရားဝင် မှတ်ပုံတင်မည်
Donate to DVB

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ရက် (အိပ်ခ်ျအာဒီပီ) ကို လာမယ့် ၂၀၁၃ ဇန်န၀ါရီ လဆန်းပိုင်းမှာ တရားဝင် မှတ်ပုံတင်သွားမယ်လို့ အဖွဲ့တည်ထောင်သူ ဦးမြင့်အေးက ပြောပါတယ်။

မှတ်ပုံတင် လက်ခံတာ၊ လက်မခံတာဟာ အစိုးရဘက်က အပိုင်းဖြစ်ပြီး သူတို့ အဖွဲ့အနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တည်တည်တံ့တံ့နဲ့ လုပ်ကိုင်ချင်တဲ့အတွက် ခုလို ဆုံးဖြတ်ရတာလို့ သူက ရှင်းပြပါတယ်။

[caption id="attachment_31246" align="alignleft" width="300" caption="အိပ်ခ်ျအာရ်ဒီပီ ကွန်ရက်ခေါင်းဆောင် ဦးမြင့်အေး"][/caption]

ဦးမြင့်အေးခေါင်းဆောင်တဲ့ အိပ်ခ်ျအာဒီပီအဖွဲ့ဟာ လူ့အခွင့်အရေးပညာပေး လုပ်ငန်းတွေကို နယ်လှည့်ဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

အရင် စစ်အစိုးရလက်ထက်မှာ အဖွဲ့ဝင်တွေ ဖမ်းဆီးထောင်ချခံရ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။ အဖွဲ့ခေါင်းဆောင် ဦးမြင့်အေး ကိုယ်တိုင်လည်း  ထောင် ၈ ကြိမ် ကျခဲ့ဖူးပါတယ်။ နောက်ဆုံးအကြိမ်မှာတော့ ဖောက်ခွဲရေးအမှုနဲ့ လုပ်ကြံဖန်တီး၊ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံခဲ့ရာက ပြီးခဲ့တဲ့ နိုဝင်ဘာလ အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည် လာရောက် လည်ပတ်တဲ့နေ့မှာမှ ပြန်လည် လွတ်မြောက်ခဲ့သူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013