YouTube တွင် စိန်ရှာသည့် ဗွီဒီယိုကြည့်ပြီး စိန်တပွင့်ရှာတွေ့ခဲ့သူ

YouTube မှာ စိန်ဘယ်လိုရှာရသလဲဆိုတာကို ဖွင့်ကြည့်ခဲ့တဲ့ အမျိုးသမီးတဦးဟာ အမှန်တကယ်လည်း စိန်တပွင့်ကို ရှာတွေ့သွားခဲ့တယ်လို့ ဩဂုတ် ၂၄ ရက်နေ့ insideedition သတင်းမှာ ဖော်ပြပါတယ်။ ဒီလို ထူးထူးဆန်းဆန်းဖြစ်စဉ်ဟာ အမေရိကန်နိုင်ငံ အာကန်းနက်စ်ပြည်က Crater of Diamonds State Park မှာ ဖြစ်ပွားခဲ့တာပါ။ မီရန်ဒါ ဟိုးလင်းရှိတ်လို့ ခေါ်တဲ့ အမျိုးသမီးတဦးဟာ စိန်တပွင့်ကို ရှာတွေ့ဖို့ အမြဲတမ်း စိတ်အားထက်သန်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူမဟာ ဘယ်လို ရှာရမလဲဆိုတာတော့ မသိခဲ့ပါဘူး။ ဒါကြောင့် သူမဟာ YouTube မှာ ဝင်ရောက်ကြည့်ရှုခဲ့ပြီး အဲဒီနောက်မှာတော့ တန်ဖိုးရှိတဲ့ စိန်တပွင့်ကို အမှန်တကယ် ရှာတွေ့သွားခဲ့ပါတယ်။ “ကျမ YouTube ကို ဖွင့်ကြည့်ပြီးတဲ့နောက်မှာတော့ ကလေးတွေဘက်ကို တချက် လှည့်ကြည့်မိပါတယ်။ အဲဒီနောက် ကျမအောက်ကို ငုံ့ကြည့်လိုက်တော့ တခြား ကျောက်တုံးတွေနဲ့ ရောနှောနေတဲ့ အရာတခုကို အမှတ်မထင် တွေ့ခဲ့ရပါတယ်” လို့ အသက် ၂၇ နှစ်အရွယ် ဟိုးလင်းရှိတ်က ပြောပါတယ်။ “ကျမဘေးကို လက်နဲ့ ရှင်းလိုက်ပြီး အဲဒီအရာလေးကို ကောက်ယူကြည့်လိုက်မိတယ်။ အဲဒီနောက်မှာတော့ ဟိုဘက်မှာရှိတဲ့ ကျမ အမေကို အကျယ်ကြီး အော်ခေါ်မိတော့တာပဲ” လို့လည်း ဝမ်းသာလုံးဆို့နေတဲ့ ဟိုးလင်းရှိတ်က ပြောပါတယ်။ အမှန်တကယ်လည်း သူမ ရှာတွေ့ခဲ့တဲ့အရာက တန်ဖိုးရှိတဲ့ စိန်တပွင့် ဖြစ်လို့နေပါတယ်။ ဒီစိန်ဟာ အဝါရောင်ဖြစ်ပြီး ၃ ဒသမ ၇၂ ကာရက် ရှိပါတယ်။ အခုချိန်မှာတော့ ဒီစိန်ကို ဘာလုပ်မရမလဲ မသိသေးဘူးလို့ ဟိုးလင်းရှိတ်က ပြောပြီး စိန်ကို အပိုင်းပိုင်းလေးတွေ ခွဲကာ သူမရဲ့ကလေးတွေကို ဝတ်ဆင်ပေးဖို့ စဉ်းစားနေတယ်လို့လည်း သူမက ပြောပါတယ်။ ဟိုးလင်းရှိတ် ရှာတွေ့ခဲ့တဲ့ စိန်ဟာ Crater of Diamonds State Park မှာ တွေ့ခဲ့ရသမျှ ဒုတိယအကြီးမားဆုံးစိန် ဖြစ်ပြီး သူ့မတိုင်ခင် ၂၀၁၇ ခုနှစ်မှာလည်း ဆယ်ကျော်သက်တဦးဟာ ၇ ဒသမ ၄၄ ကာရက်ရှိတဲ့ စိန်တပွင့်ကို ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။  
YouTube တြင္ စိန္ရွာသည့္ ဗြီဒီယိုၾကည့္ၿပီး စိန္တပြင့္ရွာေတြ႕ခဲ့သူ DVB YouTube မွာ စိန္ဘယ္လိုရွာရသလဲဆိုတာကို ဖြင့္ၾကည့္ခဲ့တဲ့ အမ်ိဳးသမီးတဦးဟာ အမွန္တကယ္လည္း စိန္တပြင့္ကို ရွာေတြ႕သြားခဲ့တယ္လို႔ ဩဂုတ္ ၂၄ ရက္ေန႔ insideedition သတင္းမွာ ေဖာ္ျပပါတယ္။ ဒီလို ထူးထူးဆန္းဆန္းျဖစ္စဥ္ဟာ အေမရိကန္ႏိုင္ငံ အာကန္းနက္စ္ျပည္က Crater of Diamonds State Park မွာ ျဖစ္ပြားခဲ့တာပါ။ မီရန္ဒါ ဟိုးလင္းရွိတ္လို႔ ေခၚတဲ့ အမ်ိဳးသမီးတဦးဟာ စိန္တပြင့္ကို ရွာေတြ႕ဖို႔ အၿမဲတမ္း စိတ္အားထက္သန္ခဲ့သူ ျဖစ္ပါတယ္။ ဒါေပမဲ့ သူမဟာ ဘယ္လို ရွာရမလဲဆိုတာေတာ့ မသိခဲ့ပါဘူး။ ဒါေၾကာင့္ သူမဟာ YouTube မွာ ဝင္ေရာက္ၾကည့္ရႈခဲ့ၿပီး အဲဒီေနာက္မွာေတာ့ တန္ဖိုးရွိတဲ့ စိန္တပြင့္ကို အမွန္တကယ္ ရွာေတြ႕သြားခဲ့ပါတယ္။ “က်မ YouTube ကို ဖြင့္ၾကည့္ၿပီးတဲ့ေနာက္မွာေတာ့ ကေလးေတြဘက္ကို တခ်က္ လွည့္ၾကည့္မိပါတယ္။ အဲဒီေနာက္ က်မေအာက္ကို ငုံ႔ၾကည့္လိုက္ေတာ့ တျခား ေက်ာက္တုံးေတြနဲ႔ ေရာေႏွာေနတဲ့ အရာတခုကို အမွတ္မထင္ ေတြ႕ခဲ့ရပါတယ္” လို႔ အသက္ ၂၇ ႏွစ္အ႐ြယ္ ဟိုးလင္းရွိတ္က ေျပာပါတယ္။ “က်မေဘးကို လက္နဲ႔ ရွင္းလိုက္ၿပီး အဲဒီအရာေလးကို ေကာက္ယူၾကည့္လိုက္မိတယ္။ အဲဒီေနာက္မွာေတာ့ ဟိုဘက္မွာရွိတဲ့ က်မ အေမကို အက်ယ္ႀကီး ေအာ္ေခၚမိေတာ့တာပဲ” လို႔လည္း ဝမ္းသာလုံးဆို႔ေနတဲ့ ဟိုးလင္းရွိတ္က ေျပာပါတယ္။အမွန္တကယ္လည္း သူမ ရွာေတြ႕ခဲ့တဲ့အရာက တန္ဖိုးရွိတဲ့ စိန္တပြင့္ ျဖစ္လို႔ေနပါတယ္။ ဒီစိန္ဟာ အဝါေရာင္ျဖစ္ၿပီး ၃ ဒသမ ၇၂ ကာရက္ ရွိပါတယ္။ အခုခ်ိန္မွာေတာ့ ဒီစိန္ကို ဘာလုပ္မရမလဲ မသိေသးဘူးလို႔ ဟိုးလင္းရွိတ္က ေျပာၿပီး စိန္ကို အပိုင္းပိုင္းေလးေတြ ခြဲကာ သူမရဲ႕ကေလးေတြကို ဝတ္ဆင္ေပးဖို႔ စဥ္းစားေနတယ္လို႔လည္း သူမက ေျပာပါတယ္။ ဟိုးလင္းရွိတ္ ရွာေတြ႕ခဲ့တဲ့ စိန္ဟာ Crater of Diamonds State Park မွာ ေတြ႕ခဲ့ရသမွ် ဒုတိယအႀကီးမားဆုံးစိန္ ျဖစ္ၿပီး သူ႔မတိုင္ခင္ ၂၀၁၇ ခုႏွစ္မွာလည္း ဆယ္ေက်ာ္သက္တဦးဟာ ၇ ဒသမ ၄၄ ကာရက္ရွိတဲ့ စိန္တပြင့္ကို ရွာေတြ႕ခဲ့တယ္လို႔ သိရပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up