DVB Logo
Home
အာရှဒေသ
တရုတ်ပြည်က အချစ်စစ် ရှာပုံတော်
DVB
·
December 17, 2012
တရုတ်ပြည်က အချစ်စစ် ရှာပုံတော်
Donate to DVB

I-Research ဆိုတဲ့ တရုတ်ပြည်က ဈေးကွက်သုတေသီကုမ္ပဏီရဲ့ ခန့်မှန်းချက်အရ ၂၀၁၅ ခုနှစ်ကျရင် အွန်လိုင်းပေါ်မှာ အိမ်ထောင်ဖက်ရှာကြမယ့် တရုတ်ပြည်က အသက် ၁၈ နှစ်ကျော် အပျို၊ လူပျို ဦးရေဟာ သန်း ၂၀၀ လောက် ရှိလာမယ်လို့ ဆိုပါတယ်။ တရုတ်ပြည်မှာ စီးပွားရေးအလျင်အမြန် တိုးတက်နေတာနဲ့ အမျှ စိတ်တူကိုယ်တူ ကြင်ယာဖက် ရှာတဲ့နည်းတွေကလည်း ပြောင်းလဲလာပါတယ်။ လူတွေရဲ့ တန်ဖိုးထားမှုတွေလည်း ပြောင်းလဲလာပေမယ့် အရွယ်ရောက်ပြီးတဲ့ အပျို၊ လူပျိုတွေကို အိမ်ထောင်ပြုဖို့ မိသားစုရဲ့ ဖိအားက လျော့ကျမသွားပါဘူး။

ဒါကြောင့် အိမ်ထောင်ဖက်ရွေးဖို့ သမားရိုးကျနည်းလမ်းတွေသာမက ခေတ်ပေါ်နည်းတွေကိုပါ သုံးလာကြပါတယ်။ ဒီလိုနဲ့ အွန်လိုင်းကနေ အတွဲရှာပေးတဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေ၊ တီဗွီမှာ ချိန်းတွေ့တဲ့အစီအစဉ်တွေဟာ ပိုပြီး လူကြိုက်များလာပါတယ်။

ဘေဂျင်းကနေပေးပို့လိုက်တဲ့ လမ်းလီရဲ့ ဆောင်းပါးအတိုင်းဆိုရင် အိမ်ထောင်ဖက်ရွေးချယ်တဲ့ ကိစ္စဟာ အခုဆိုရင် တရုတ်ပြည်မှာ ပုဂ္ဂလိက ကိစ္စတခုမဟုတ်တော့ဘူးလို့ ဆိုပါတယ်။ မယုယမိုးက တင်ဆက်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013