DVB Logo
Home
မြန်မာသတင်း
သနပ္ပင်မြို့နယ်က လယ်သမား ၄ ဦးဖမ်းဆီး တရားစွဲဆိုခံထားရ
DVB
·
December 17, 2012
Donate to DVB

ပဲခူးတိုင်းဒေသကြီး သနပ္ပင်မြို့နယ်မှာ လယ်သမား ၄ ဦးကို  ပိုင်နက်ကျူးလွန်မှုနဲ့ ဖမ်းဆီး တရားစွဲခံနေရတယ်လို့ လယ်သမားမိသားစုက ဒီဗွီဘီကိုပြောပါတယ်။

သနပ္ပင်မြို့ နယ် လှာပခစ် ကျေးရွာက ရေနက်ကွင်း ဧက ၅၀၀ မှာ လယ်ယာလုပ်ကိုင်နေတဲ့ ကိုအောင်ကျော်၊ ကိုစိန်နိုင်ဝင်း၊ ကိုမောင်လွင်၊ ကိုကျော်ရင်တို့ကို သနပ္ပင် ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ဒီကနေ့တော့ မြို့နယ်တရားရုံးမှာ ပိုင်နက်ကျူးလွန်မှုနဲ့  တရားစွဲရုံးထုတ်ခဲ့တာပါ။

လယ်သမားတွေကို  ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေ တွေ့ဆုံဖို့ ခေါ်ယူလို့ သွားရောက်ရာမှာ  အခုလို ဖမ်းဆီး တရားစွဲဆိုခံရတာဖြစ်ပြီး  ဒီကနေ့ဆိုရင် ရက်ပေါင်း  ၇၅ ရက် ရှိသွားပြီလို့ ဖမ်းဆီးခံထားရတဲ့ လယ်သမားကိုအောင်ကျော်ရဲ့ ဇနီးက ဒီဗွီဘီကိုပြောပါတယ်။

“ကျေးရွာလူကြီးနဲ့ ရဲတွေ ဆင်းဖမ်းတာပါ။ ကျမတို့က သူ့ပိုင်နက်ထဲကျူးလွန်တယ်ပေါ့။ ကျမတို့က ငယ်စဉ်တောင်ကျေးကတည်းက ဒီကွင်းပိုင်နက်လယ်ထဲမှာပဲ နေ၊ ဒီမှာပဲ ကျောင်းတက်၊ အိမ်ထောင်ကျတာ။ ဒါကို သူ့ပိုင်နက် သူ့နေရာဆိုပြီး စွဲတယ်။ သူ့ပိုင်ကြောင်း အထောက်အထားကတော့ ဒီလယ်တွေက သူ့အမည်ပေါက်ရှိတယ်၊ သူက ရန်ကုန်မှာ နေတာ။”

လှာပခစ်ကျေးရွာအပိုင် ရေနက်ကွင်းမှာ လုပ်ကိုင်နေတဲ့ ကိုကျော်သန်း၊ ဒေါ်မြင့်အေး၊ ဒေါ်ခင်ကြည်၊ ကိုဝင်းနိုင်၊ ဒေါ်နီနီဝင်း၊ ဦးခင်သိန်း အပါအ၀င် လယ်သမား ၁၀ ဦးဟာလည်း  ခြေချုပ်အမိန့် ထုတ်ခံထားရတယ်လို့ သိရပါတယ်။  လယ်သမားတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တဦးက တရားစွဲဆိုထားတာဖြစ်ပြီး တရားစွဲဆိုခံရတဲ့ လယ်သမား ၅ ဦးရှိပေမယ့် လယ်သမား ကိုတင်စိုးကတော့  အဖမ်းမခံဘဲ ရှောင်တိမ်းနေတာပါ။

ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ လယ်သမားတွေဟာ လှာပခစ် ကျေးရွာပိုင် ရေနက်ကွင်းမှာ  ၁၉၉၄ ခုနှစ် ကတည်းက နွေစပါးစိုက်ပျိုးခွင့်ရထားတာလို့ လယ်သမား ကိုတင်စိုးက လယ်ယာပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။

“မြေစာရင်းက မြေပုံဆွဲပြီး ကျနော်တို့ကို ပေးထားတာ၊ ပေးထားပြီးတော့ တနှစ်တခါ ဒီလယ်တွေကို မြေစာရင်းမှာ ပြေစာစာရွက်နဲ့ မြေပုံလဲလို့ရတာကို ပေးမလဲတော့ဘဲ အုပ်ပြီး သူတဦးထဲပိုင်လုပ်လိုက်တာ။”

လယ်သမားတွေကို တရားစွဲဆိုထားတဲ့အမှုကို လာမယ့် ဒီဇင်ဘာ ၁၉ ရက်နေ့မှာ အမိန့်ချဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013