ထားဝယ်အထူးစီးပွားရေးဇုန်မှာ လျှပ်စစ်ဓာတ်အားခဈေးနှုန်းမြင့်နေတာကြောင့် ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေ စိုးရိမ်နေကြတယ်လို့ တနင်္သာရီတိုင်း၊ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောပါတယ်။
ဒီဇင်ဘာလ ၁၇ ရက်က ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်းလတ်ရှင်နာ ၀ပ်ထရာနဲ့အတူ မြန်မာပြည် ထားဝယ်ခရီးလိုက်ပါခဲ့ကြတဲ့ ထိုင်းလုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးခွင့်ရခဲ့တဲ့ ဦးခင်မောင်အေးကို ဆက်သွယ်မေးကြည့်ထားပါတယ်။