အမေရိကန်တပ်များ အာဖဂန်မှ ပြန်ရုပ်သိမ်းရန် စောနေသေးဟု ဗိုလ်ချုပ်ကြီး ဂျိုးဇက်ပြော

အာဖဂန်နစ္စတန်ကနေ အမေရိကန် အကြမ်းဖက်မှု တိုက်ဖျက်ရေးတပ်တွေ ပြန်ရုပ်သိမ်းရေး ဆွေးနွေးဖို့ စောလွန်းသေးတယ်လို့ အမေရိကန် ထိပ်တန်း ဗိုလ်ချုပ်ကြီးတယောက်က သြဂုတ် ၂၈ ရက်မှာ ပြောလိုက်ပါတယ်။ ၁၈ နှစ်ကြာနေတဲ့ အာဖဂန်စစ်ပွဲ အဆုံးသတ်ရေး အမေရိကန်နဲ့ တာလီဘန်တို့ သဘောတူညီချက်ရဖို့ နီးစပ်နေတဲ့ချိန်မှာ ခုလို ပြောလိုက်တာပါ။ “အချိန်မတန်သေးဘူးလို့ ကျနော်ထင်တယ‌်။ အခုချိန်မှာ တပ်ပြန်ဆုတ်မယ်ဆိုတဲ့ စကားကို ကျနော် မသုံးဘူး”လို့ ပူးတွဲစစ်ဦးစီး အရာရှိချုပ်များအဖွဲ့ ဥက္ကဋ္ဌ မရိန်း ဗိုလ်ချုပ်ကြီး ဂျိုးဇက် ဒန်ဖော့ဒ်က ပင်တဂွန် စစ်ဌာနချုပ်မှာ သတင်းထောက်တွေကို ပြောပါတယ်။ အမေရိကန် တပ်တွေ ရုပ်သိမ်းရေးဟာ ဆွေးနွေးပွဲကနေ ဘယ်လို ရလဒ်တွေ ထွက်လာမလဲ ဆိုတဲ့အပေါ် မူတည်တယ်လို့ ဆိုပါတယ်။ အာဖဂန်နစ္စတန်ကို နိုင်ငံတကာ စစ်သွေးကြွတွေရဲ့ ကောင်းကင်ဘုံ ဖြစ်လာစေဖို့ တာလီဘန်တွေက ကတိပေးရေးအတွက် အပြန်အလှန်အနေနဲ့ အမေရိကန်တပ်တွေ အာဖဂန်ကနေ ထွက်သွားရေး သဘောတူညီချက်ရဖို့ နီးလာပြီလို့ တာလီဘန်တွေက ဩဂုတ် ၂၈ ရက်နေ့မှာ ပြောခဲ့ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံတွင်း ၁၈ နှစ်ကြာ စစ်ပွဲကို ဘယ်လိုအဆုံးသတ်မလဲဆိုတဲ့ ဆွေးနွေးပွဲတွေကို မနှစ်ကစပြီး ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပနေတာပါ။ ၉ ကြိမ်မြောက် ဆွေးနွေးပွဲတွေကို အရင်အပတ်က စတင်ဆွေးနွေးခဲ့ပါတယ်။
အေမရိကန္တပ္မ်ား အာဖဂန္မွ ျပန္႐ုပ္သိမ္းရန္ ေစာေနေသးဟု ဗိုလ္ခ်ဳပ္ႀကီး ဂ်ိဳးဇက္ေျပာ DVB အာဖဂန္နစၥတန္ကေန အေမရိကန္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးတပ္ေတြ ျပန္႐ုပ္သိမ္းေရး ေဆြးေႏြးဖို႔ ေစာလြန္းေသးတယ္လို႔ အေမရိကန္ ထိပ္တန္း ဗိုလ္ခ်ဳပ္ႀကီးတေယာက္က ၾသဂုတ္ ၂၈ ရက္မွာ ေျပာလိုက္ပါတယ္။ ၁၈ ႏွစ္ၾကာေနတဲ့ အာဖဂန္စစ္ပြဲ အဆုံးသတ္ေရး အေမရိကန္နဲ႔ တာလီဘန္တို႔ သေဘာတူညီခ်က္ရဖို႔ နီးစပ္ေနတဲ့ခ်ိန္မွာ ခုလို ေျပာလိုက္တာပါ။ “အခ်ိန္မတန္ေသးဘူးလို႔ က်ေနာ္ထင္တယ‌္။ အခုခ်ိန္မွာ တပ္ျပန္ဆုတ္မယ္ဆိုတဲ့ စကားကို က်ေနာ္ မသုံးဘူး”လို႔ ပူးတြဲစစ္ဦးစီး အရာရွိခ်ဳပ္မ်ားအဖြဲ႕ ဥကၠ႒ မရိန္း ဗိုလ္ခ်ဳပ္ႀကီး ဂ်ိဳးဇက္ ဒန္ေဖာ့ဒ္က ပင္တဂြန္ စစ္ဌာနခ်ဳပ္မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။ အေမရိကန္ တပ္ေတြ ႐ုပ္သိမ္းေရးဟာ ေဆြးေႏြးပြဲကေန ဘယ္လို ရလဒ္ေတြ ထြက္လာမလဲ ဆိုတဲ့အေပၚ မူတည္တယ္လို႔ ဆိုပါတယ္။ အာဖဂန္နစၥတန္ကို ႏိုင္ငံတကာ စစ္ေသြးႂကြေတြရဲ႕ ေကာင္းကင္ဘုံ ျဖစ္လာေစဖို႔ တာလီဘန္ေတြက ကတိေပးေရးအတြက္ အျပန္အလွန္အေနနဲ႔ အေမရိကန္တပ္ေတြ အာဖဂန္ကေန ထြက္သြားေရး သေဘာတူညီခ်က္ရဖို႔ နီးလာၿပီလို႔ တာလီဘန္ေတြက ဩဂုတ္ ၂၈ ရက္ေန႔မွာ ေျပာခဲ့ပါတယ္။ အာဖဂန္နစၥတန္ႏိုင္ငံတြင္း ၁၈ ႏွစ္ၾကာ စစ္ပြဲကို ဘယ္လိုအဆုံးသတ္မလဲဆိုတဲ့ ေဆြးေႏြးပြဲေတြကို မႏွစ္ကစၿပီး ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕မွာ က်င္းပေနတာပါ။ ၉ ႀကိမ္ေျမာက္ ေဆြးေႏြးပြဲေတြကို အရင္အပတ္က စတင္ေဆြးေႏြးခဲ့ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up