DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ပြည်သူ့ ဆေးရုံကြီးပြုပြင်ရေး- ဒေါ်အောင်ဆန်းစုကြည်သွားရောက်ဆွေးနွေး
DVB
·
December 17, 2012
ရန်ကုန်ပြည်သူ့ ဆေးရုံကြီးပြုပြင်ရေး- ဒေါ်အောင်ဆန်းစုကြည်သွားရောက်ဆွေးနွေး
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာလ ၁၇ ရက် မနက်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို သွားရောက်ပြီး ဆေးရုံပြုပြင်ဖို့ ကိစ္စ ဆွေးနွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်ဆုံး ရန်ကုန်ဆေးရုံကြီးကို လှည့်လည်ကြည့်ရှုပါတယ်။ အဲ့ဒီနောက် ဆေးရုံပြုပြင်ဖို့  ဆေးရုံတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဦးကျော်ကျော်က ပြောပါတယ်။

[caption id="attachment_34447" align="alignleft" width="300" caption="ဒီဇင်ဘာလ ၁၁ ရက် ကော့မှူးမြို့နယ် ၀ါးဘလောက်သောက် ကျေးရွာခရီးစဉ်တွင် တွေ့ရသည့် ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်"][/caption]

“အဓိက ရန်ကုန်ဆေးရုံကြီး ပြုပြင်ဖို့ ကိစ္စ လာတာပါ။ နောက် သံဃာ ၄ ပါးကို ၀င်ကြည့် သတင်းမေးပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဒေါက်တာ ကျော်မြင့်နဲ့ ဒေါက်တာမောင်မောင်ဝင့်တို့လဲ ဆေးရုံးကြီးကို လိုက်ပါခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဆေးရုံတက်ရောက်ကုသနေတဲ့ လူနာနဲ့ တာဝန်ကျဆရာဝန် တချို့တို့ကိုလဲ တွေ့ဆုံခဲ့ပါတယ်။ ရန်ကုန် ဆေးရုံပြုပြင်ဖို့  ဘာတွေဆွေးနွေးကြလဲ ဆိုတော့ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဦးကျော်ကျော်ပြောပြတာက “အသေးစိတ်တော့ ပြောဖို့ရာ ခက်ပါတယ်။ အဓိကက ဆေးရုံကြီး အဆင့်မြှင့်တင်ဖို့ပါ။ အခုက လိုအပ်ချက်တွေ ဘာတွေရှိလဲ လာကြည့်တယ်။ ဆက်ပြီးတော့ ကော်မရှင်အနေနဲ့ အဖွဲ့ ဖွဲ့ပြီး ဆောင်ရွက်ဖို့ ရှိပါတယ်။ ဆေးရုံကြီးပြုပြင်ဖို့ပါ အထူးအထွေ မှတ်ချက်ပေးတာမရှိပါဘူး။ ဆက်လုပ်မယ်၊ နိုင်ငံတော်ကလည်းပါ၊ ပြင်ပပညာရှင်တွေလည်း ၀ိုင်းဝန်းဆောင်ရွက်ဖို့ပါ။”

ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ လွှတ်တော်အတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ဖို့ လွှတ်တော်ကော်မတီ ကော်မရှင် အဖွဲ့ဝင်များ၊ ဘာသာရပ်ကျွမ်းကျင်သူများနဲ့ အသိပညာ၊ အတတ်ပညာရှင်များ အားလုံးပါဝင်တဲ့ ကြီးကြပ်ရေး အဖွဲ့တခု ဖွဲ့ဖို့ အဆိုတခု တင်ပြခဲ့ပြီး လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013