Home
မေးမြန်းခန်း
“ကျနော့်သားတွေ အကြမ်းဖက်မှုလုံးဝ မပတ်သက်ဘူး”  ဖမ်းဆီးခံ ကျောင်းဆရာ ၂ ဦး၏ ဖခင်နှင့် မေးမြန်းချက်  
နန်းမြနဒီ
·
August 28, 2019
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်က တပ်မတော်နည်းပညာတက္ကသိုလ်ကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က ပစ်ခတ်ခဲ့ပြီးနောက် စရဖ (စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့က) ပြင်ဦးလွင်က ပရဟိတကျောင်းဆရာ ညီအစ်ကို နှစ်ဦးကို မသင်္ကာမှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဖမ်းဆီးခံနေရသူတွေရဲ့ နောက်ဆုံးအခြေအနေကိုသိရဖို့  ကျောင်းဆရာ ၂ ဦးရဲ့ ဖခင်ဖြစ်သူ ဦးစိုင်းစောလှကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး - သားနှစ်ယောက်ဖြစ်တဲ့ စိုင်းခွန်မိုင်း (၂၈-နှစ်) နဲ့ စိုင်းလင်းစင့် (၂၄-နှစ်) တို့ကို သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ဘယ်နေ့က ဘယ်လိုလုပ်ပြီး ဖမ်းသွားသလဲ ဆိုတာ အရင် ပြောပြပါလား။ ဖြေ - “စစ်တက္ကသိုလ်ကျောင်း အပစ်ခံရပြီး နောက် ၂ ရက် သြဂုတ်လ ၁၇ ရက်နေ့က စစ်တပ်က လူ ၂၀ ကျော် အိမ်ကို ရောက်လာတယ်။ သူတို့က တိုင်ကြားချက်အရ လာရှာတာတဲ့၊ ဘာရှာသလဲ ဆိုတာ မေးတော့ နောက်တော့ သိရမှာပေါ့လို့ ပြောပြီး အိမ်ထဲရော ခြံထဲမှာရော ရှာတယ်။ ညနေ ၅ နာရီကနေ ည ၁၁ နာရီအထိ ရှာတာ။ ကျနော့်သားရဲ့ ကွန်ပျူတာ၊ နောက် သူတို့ ခရီးသွားရင် သုံးတဲ့ ပြောက်ကျား ပလတ်စတစ် မိုးကာ အိပ်ရာခင်း၊ ပုခက်၊ သူတို့ကျောင်းက ကလေးတွေနဲ့ တောထဲ လေ့လာရေးသွားရင် သုံးတဲ့ ဝေါ်ကီတော်ကီ အသေးစား၊ ခြံထဲက ဓာတ်မြေသြဇာတွေ တွေ့တယ်ပေါ့။ အဲဒီပစ္စည်းတွေကြောင့် သားကို စစ်ဆေးစရာ ရှိတယ်ဆိုပြီး ခေါ်သွားတာ။”   “နောက်နေ့မှ ကျနော့်သားကို ပြင်ဦးလွင်ရဲစခန်းမှာ သွားတွေ့တော့ ကျနော့်ကိုလည်း အကြာကြီး ထပ်မေးတယ်။ ကျနော်လည်း အမှန်အတိုင်း ပြောတယ်လေ။ သား ၂ ယောက်လုံးက ကာလိ-ကွန်ဟိန်းဘက်မှာ ရှမ်းပရဟိတကျောင်းဆရာ လုပ်တာလို့။ အဲဒီပစ္စည်းတွေက သူတို့ခ ရီးသွားရင် သုံးတယ်။ အများသူငါလည်း သုံးနေကြတာ မဟုတ်လား။ ဝေါ်ကီတော်ကီ စကားပြောစက်က သူတို့ကျောင်းက ကလေးတွေနဲ့ တောထဲ လေ့လာရေးသွားရင် လူတွေ မပျောက်အောင် ဆက်သွယ်ကြတာ။ လေ့လာရေးလည်းပြီးရော သားက ကျနော်တို့ ခြံထဲမှာ သုံးချင် သုံးရအောင်ဆိုပြီး ယူလာခဲ့တာလို့။ ဒါနဲ့ သားငယ်ကိုပါ ခေါ်လာဖို့ ပြောတယ်။ နောက်တနေ့ သြဂုတ် ၁၉ ရက်မှာ သားငယ်လည်း ခရီးက ပြန်လာတော့ ကျနော်လည်း စိတ်သန့်သန့်နဲ့ ခေါ်သွားတာပေါ့။ ဒါပေမဲ့ ရဲစခန်း ရောက်တော့ သားငယ်ကိုပါ မေးစရာရှိတယ်ဆိုပြီး ထပ်ခေါ်ထားလိုက်တယ်ခင်ဗျ။” မေး - သူတို့ ၂ ယောက်ကို ရဲစခန်းက ဘယ်လိုနေရာမှာ ထိန်းသိမ်းထားလဲ၊ တွေ့ခွင့် စကားပြောခွင့် ရလား၊ ဦးတို့ သွားတွေ့သေးလား။ ဖြေ - “သူတို့ကို အချုပ်ခန်းထဲ ထည့်ထားတာခင်ဗျ။ တွေ့ခွင့်၊ စကားပြောခွင့်တော့ ရတယ်။ ကျနော် သွားတွေ့တာ လေးခါ ရှိပြီ။ သူတို့ကို ရိုက်နှက်စစ်မေးတာတွေတော့ မရှိဘူး။ စားချင်တာလေးတွေလည်း ပို့ပေးလို့ ရတယ်။ ဒါပေမဲ့ သားတွေက အပြစ်မရှိဘဲ အချုပ်ထဲ နေရတာ မြင်တော့ စိတ်မကောင်းဘူး။ ပြီးတော့ လက်ထိတ်လည်း ခတ်ထားသေးတယ် ခင်ဗျ။” မေး - သူတို့ကို အမှုဖွင့်ထားပြီးပြီလား၊ ဘာအမှုနဲ့ဖွင့်ထားလဲ။ ဖြေ - “၁၇(၁) မတရားအသင်း ဆက်သွယ်မှုလို့ ပြောပါတယ်။ ကျနော့်သားတွေက စာပေနဲ့ ယဉ်ကျေးမှု၊ ပရဟိတအလုပ်တွေပဲ လုပ်တယ်။ ကလေးတွေ စာပြပေးတယ်။ ဘယ်လက်နက်ကိုင် အဖွဲ့နဲ့မှလည်း အဆက်အသွယ် မရှိဘူး။ အကြမ်းဖက်လုပ်ဖို့ဆို ဝေလာဝေးပေါ့။ စစ်တက္ကသိုလ်နဲ့ ကျနော်တို့ နေတဲ့အိမ်ဆို ၁၂ မိုင်လောက် ဝေးတာ” မေး - ပြင်ဦးလွင်မှာ ဦးတို့အိမ်ကို လာစစ်တာအပြင် တခြားအိမ်တွေရော စစ်သေးလား၊ တခြားဘယ်သူတွေ အဖမ်းခံရသေးလဲ။ ဖြေ - “မသိဘူးခင်ဗျ။ ကျနော်တို့လည်း ကိုယ့်အပူနဲ့ကိုယ် ဆိုတော့ ကိုယ့်အိမ်အကြောင်းပဲ သိပါတယ်။ တခြား နောက်ထပ် ဘယ်သူတွေ အဖမ်းခံရလဲဆိုတာ မသိပါဘူး။ မေး - ဦးတို့အိမ်က ဘယ်ရပ်ကွက်မှာလဲ၊  ဘာအလုပ်လုပ်တာလဲရှင့်။ ဖြေ - “ကျနော်တို့က ဖောင်းတော်ရပ်ကွက်မှာ နေပါတယ်။ ခြံလုပ်ငန်းပါပဲ၊ ရာသီပေါ်ပန်းနဲ့ သီးနှံတွေ စိုက်ပါတယ်။” မေး - သား ၂ ယောက် ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းတွေဆီ အကူအညီ တောင်းထားသလဲ။ ဖြေ - “အစပိုင်းတော့ ကလေးတွေကို ခဏပဲ ခေါ်မေးတာ နေမှာပါ ဆိုပြီး ဘယ်သူ့ကိုမှ မပြောဖြစ်ပါဘူး။ နောက် တပတ်ကျော်လာတော့ လွှတ်မပေးလို့ စိတ်ပူလာတယ်။ အဲဒါနဲ့ ကွန်ဟိန်းမြို့နယ် ကာလိမြို့နယ်ခွဲ ရှမ်းပရဟိတ စာသင်ကျောင်းက သူတို့ ကျောင်းအုပ်ဆီကိုရော၊ အဲဒီနယ်မြေက ပြည်သူ့စစ် လက်အောက်ခံနယ်မြေ ဆိုတော့ ပြည်သူ့စစ်အဖွဲ့ကိုရော၊ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးဆီပါ ကလေးတွေ လွတ်အောင် ကူပြောပေးဖို့ အကူအညီတောင်းထားပါတယ် ခင်ဗျ။” မေး -  အဲဒီအဖွဲ့တွေက ဘယ်လို ကူညီပေးမယ်လို့ ပြောလဲ။ ဖြေ - “ဟုတ်ကဲ့ သက်ဆိုင်ရာတွေဆီ ကူပြောပေးမယ်လို့တော့ ပြောတာပဲ။ ရှမ်းပါတီက သူတို့ လွှတ်တော်ထဲမှာ တပ်မတော်သား ကိုယ်စားလှယ်တွေလည်း ရှိတော့ အဲဒီကနေတဆင့် ပြောပေးမယ်။ လိုအပ်ရင် ရှေ့နေတွေ ရှာပေးမယ်တဲ့။ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးကတော့ ဒီကနေ့ ခဏနေကျရင် သူနဲ့ သွားတွေ့ဖို့ ပြောထားပါတယ်။” မေး - နောက်ထပ် ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။ ဖြေ - “ပြင်ဦးလွင် စစ်တက္ကသိုလ် ပစ်ခတ်မှုက မြောက်ပိုင်းမဟာမိတ်အဖွဲ့က သူတို့ လုပ်တာလို့ ပြောထားပြီးပြီလေ ခင်ဗျာ။ ကျနော့်သားတွေနဲ့ ဘာဆိုင်လို့လဲ၊ ကျနော့်သားတွေက ရိုးရိုးအေးအေးသမားတွေ၊ စာပေယဉ်ကျေးမှုနဲ့ ပရဟိတ လူမှုကူညီရေးအလုပ်တွေပဲ စိတ်ဝင်စားတယ်။ သား ၃ ယောက်ရှိတာ။ ၃ ယောက်လုံး ကျောင်းဆရာ လုပ်ဖူးတယ်။ အခု အဖမ်းခံရတာ ဒုတိယသားနဲ့ အငယ်ဆုံးသား။ ဒုတိယသားက ကျောင်းဆရာအလုပ်က ထွက်ပြီး မိဘတွေရဲ့ ခြံလုပ်ငန်းကို လာကူလုပ်နေတာ။ ကျနော့်သားတွေ အကြမ်းဖက်မှု လုံးဝ မပတ်သက်ဘူး။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့လည်း လုံးဝ မပတ်သက်ပါဘူး။ သူတို့ လူမှုကူညီရေး ပရဟိတအလုပ်တွေ အများကြီး လုပ်ခဲ့တာကို ထောက်ရှုပြီး ကျနော့်သားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးပါလို့ တောင်းဆိုပါတယ် ခင်ဗျ။”  ဖမ်းဆီးခံနေရတဲ့ လူငယ် ၂ ဦးမှာ ရှမ်းလူငယ်အဖွဲ့အစည်းတွေကြား လူသိများသလို လူချစ်လူခင်လည်း ပေါတဲ့အတွက် ၎င်းတို့ ၂ ဦး အမြန်ဆုံးပြန်လွှတ်ပေးရေး လူမှုကွန်ရက်တွေကနေ လှုပ်ရှား တောင်းဆိုနေကြပါတယ်။ ဓာတ်ပုံ-  Free Leng Zuen & Hkun Mong  ~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version “က်ေနာ့္သားေတြ အၾကမ္းဖက္မႈလုံးဝ မပတ္သက္ဘူး”  ဖမ္းဆီးခံ ေက်ာင္းဆရာ ၂ ဦး၏ ဖခင္ႏွင့္ ေမးျမန္းခ်က္   မႏၲေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ ၾသဂုတ္ ၁၅ ရက္က တပ္မေတာ္နည္းပညာတကၠသိုလ္ကို ေျမာက္ပိုင္းမဟာမိတ္တပ္ဖြဲ႕က ပစ္ခတ္ခဲ့ၿပီးေနာက္ စရဖ (စစ္ဘက္ဆိုင္ရာ လုံၿခဳံေရးတပ္ဖြဲ႕က) ျပင္ဦးလြင္က ပရဟိတေက်ာင္းဆရာ ညီအစ္ကို ႏွစ္ဦးကို မသကၤာမႈနဲ႔ ဖမ္းဆီးထိန္းသိမ္းထားပါတယ္။ ဖမ္းဆီးခံေနရသူေတြရဲ႕ ေနာက္ဆုံးအေျခအေနကိုသိရဖို႔  ေက်ာင္းဆရာ ၂ဦးရဲ႕ ဖခင္ျဖစ္သူ ဦးစိုင္းေစာလွကို ဒီဗြီဘီက ဆက္သြယ္ေမးျမန္းထားပါတယ္။ ေမး - သားႏွစ္ေယာက္ျဖစ္တဲ့ စိုင္းခြန္မိုင္း (၂၈-ႏွစ္) နဲ႔ စိုင္းလင္းစင့္ (၂၄-ႏွစ္) တို႔ကို သက္ဆိုင္ရာက ဖမ္းဆီးထိန္းသိမ္းထားတယ္လို႔ သိရပါတယ္။ ဘယ္ေန႔က ဘယ္လိုလုပ္ၿပီး ဖမ္းသြားသလဲ ဆိုတာ အရင္ ေျပာျပပါလား။ ေျဖ - “စစ္တကၠသိုလ္ေက်ာင္း အပစ္ခံရၿပီး ေနာက္ ၂ ရက္ ၾသဂုတ္လ ၁၇ ရက္ေန႔က စစ္တပ္က လူ ၂၀ ေက်ာ္ အိမ္ကို ေရာက္လာတယ္။ သူတို႔က တိုင္ၾကားခ်က္အရ လာရွာတာတဲ့၊ ဘာရွာသလဲ ဆိုတာ ေမးေတာ့ ေနာက္ေတာ့ သိရမွာေပါ့လို႔ ေျပာၿပီး အိမ္ထဲေရာ ၿခံထဲမွာေရာ ရွာတယ္။ ညေန ၅ နာရီကေန ည ၁၁ နာရီအထိ ရွာတာ။ က်ေနာ့္သားရဲ႕ ကြန္ပ်ဴတာ၊ ေနာက္ သူတို႔ ခရီးသြားရင္ သုံးတဲ့ ေျပာက္က်ား ပလတ္စတစ္ မိုးကာ အိပ္ရာခင္း၊ ပုခက္၊ သူတို႔ေက်ာင္းက ကေလးေတြနဲ႔ ေတာထဲ ေလ့လာေရးသြားရင္ သုံးတဲ့ ေဝၚကီေတာ္ကီ အေသးစား၊ ၿခံထဲက ဓာတ္ေျမၾသဇာေတြ ေတြ႕တယ္ေပါ့။ အဲဒီပစၥည္းေတြေၾကာင့္ သားကို စစ္ေဆးစရာ ရွိတယ္ဆိုၿပီး ေခၚသြားတာ။” “ေနာက္ေန႔မွ က်ေနာ့္သားကို ျပင္ဦးလြင္ရဲစခန္းမွာ သြားေတြ႕ေတာ့ က်ေနာ့္ကိုလည္း အၾကာႀကီး ထပ္ေမးတယ္။ က်ေနာ္လည္း အမွန္အတိုင္း ေျပာတယ္ေလ။ သား ၂ ေယာက္လုံးက ကာလိ-ကြန္ဟိန္းဘက္မွာ ရွမ္းပရဟိတေက်ာင္းဆရာ လုပ္တာလို႔။ အဲဒီပစၥည္းေတြက သူတို႔ခ ရီးသြားရင္ သုံးတယ္။ အမ်ားသူငါလည္း သုံးေနၾကတာ မဟုတ္လား။ ေဝၚကီေတာ္ကီ စကားေျပာစက္က သူတို႔ေက်ာင္းက ကေလးေတြနဲ႔ ေတာထဲ ေလ့လာေရးသြားရင္ လူေတြ မေပ်ာက္ေအာင္ ဆက္သြယ္ၾကတာ။ ေလ့လာေရးလည္းၿပီးေရာ သားက က်ေနာ္တို႔ ၿခံထဲမွာ သုံးခ်င္ သုံးရေအာင္ဆိုၿပီး ယူလာခဲ့တာလို႔။ ဒါနဲ႔ သားငယ္ကိုပါ ေခၚလာဖို႔ ေျပာတယ္။ ေနာက္တေန႔ ၾသဂုတ္ ၁၉ ရက္မွာ သားငယ္လည္း ခရီးက ျပန္လာေတာ့ က်ေနာ္လည္း စိတ္သန႔္သန႔္နဲ႔ ေခၚသြားတာေပါ့။ ဒါေပမဲ့ ရဲစခန္း ေရာက္ေတာ့ သားငယ္ကိုပါ ေမးစရာရွိတယ္ဆိုၿပီး ထပ္ေခၚထားလိုက္တယ္ခင္ဗ်။” ေမး - သူတို႔ ၂ ေယာက္ကို ရဲစခန္းက ဘယ္လိုေနရာမွာ ထိန္းသိမ္းထားလဲ၊ ေတြ႕ခြင့္ စကားေျပာခြင့္ ရလား၊ ဦးတို႔ သြားေတြ႕ေသးလား။ ေျဖ - “သူတို႔ကို အခ်ဳပ္ခန္းထဲ ထည့္ထားတာခင္ဗ်။ ေတြ႕ခြင့္၊ စကားေျပာခြင့္ေတာ့ ရတယ္။ က်ေနာ္ သြားေတြ႕တာ ေလးခါ ရွိၿပီ။ သူတို႔ကို ႐ိုက္ႏွက္စစ္ေမးတာေတြေတာ့ မရွိဘူး။ စားခ်င္တာေလးေတြလည္း ပို႔ေပးလို႔ ရတယ္။ ဒါေပမဲ့ သားေတြက အျပစ္မရွိဘဲ အခ်ဳပ္ထဲ ေနရတာ ျမင္ေတာ့ စိတ္မေကာင္းဘူး။ ၿပီးေတာ့ လက္ထိတ္လည္း ခတ္ထားေသးတယ္ ခင္ဗ်။” ေမး - သူတို႔ကို အမႈဖြင့္ထားၿပီးၿပီလား၊ ဘာအမႈနဲ႔ဖြင့္ထားလဲ။ ေျဖ - “၁၇(၁) မတရားအသင္း ဆက္သြယ္မႈလို႔ ေျပာပါတယ္။ က်ေနာ့္သားေတြက စာေပနဲ႔ ယဥ္ေက်းမႈ၊ ပရဟိတအလုပ္ေတြပဲ လုပ္တယ္။ ကေလးေတြ စာျပေပးတယ္။ ဘယ္လက္နက္ကိုင္ အဖြဲ႕နဲ႔မွလည္း အဆက္အသြယ္ မရွိဘူး။ အၾကမ္းဖက္လုပ္ဖို႔ဆို ေဝလာေဝးေပါ့။ စစ္တကၠသိုလ္နဲ႔ က်ေနာ္တို႔ ေနတဲ့အိမ္ဆို ၁၂ မိုင္ေလာက္ ေဝးတာ” ေမး - ျပင္ဦးလြင္မွာ ဦးတို႔အိမ္ကို လာစစ္တာအျပင္ တျခားအိမ္ေတြေရာ စစ္ေသးလား၊ တျခားဘယ္သူေတြ အဖမ္းခံရေသးလဲ။ ေျဖ - “မသိဘူးခင္ဗ်။ က်ေနာ္တို႔လည္း ကိုယ့္အပူနဲ႔ကိုယ္ ဆိုေတာ့ ကိုယ့္အိမ္အေၾကာင္းပဲ သိပါတယ္။ တျခား ေနာက္ထပ္ ဘယ္သူေတြ အဖမ္းခံရလဲဆိုတာ မသိပါဘူး။ ေမး - ဦးတို႔အိမ္က ဘယ္ရပ္ကြက္မွာလဲ၊  ဘာအလုပ္လုပ္တာလဲရွင့္။ ေျဖ - “က်ေနာ္တို႔က ေဖာင္းေတာ္ရပ္ကြက္မွာ ေနပါတယ္။ ၿခံလုပ္ငန္းပါပဲ၊ ရာသီေပၚပန္းနဲ႔ သီးႏွံေတြ စိုက္ပါတယ္။” ေမး - သား ၂ ေယာက္ ဖမ္းဆီးခံရတာနဲ႔ ပတ္သက္ၿပီး ဘယ္အဖြဲ႕အစည္းေတြဆီ အကူအညီ ေတာင္းထားသလဲ။ ေျဖ - “အစပိုင္းေတာ့ ကေလးေတြကို ခဏပဲ ေခၚေမးတာ ေနမွာပါ ဆိုၿပီး ဘယ္သူ႔ကိုမွ မေျပာျဖစ္ပါဘူး။ ေနာက္ တပတ္ေက်ာ္လာေတာ့ လႊတ္မေပးလို႔ စိတ္ပူလာတယ္။ အဲဒါနဲ႔ ကြန္ဟိန္းၿမိဳ႕နယ္ ကာလိၿမိဳ႕နယ္ခြဲ ရွမ္းပရဟိတ စာသင္ေက်ာင္းက သူတို႔ ေက်ာင္းအုပ္ဆီကိုေရာ၊ အဲဒီနယ္ေျမက ျပည္သူ႔စစ္ လက္ေအာက္ခံနယ္ေျမ ဆိုေတာ့ ျပည္သူ႔စစ္အဖြဲ႕ကိုေရာ၊ ရွမ္းတိုင္းရင္းသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီနဲ႔ မႏၲေလးတိုင္း ရွမ္းတိုင္းရင္းသားေရးရာဝန္ႀကီးဆီပါ ကေလးေတြ လြတ္ေအာင္ ကူေျပာေပးဖို႔ အကူအညီေတာင္းထားပါတယ္ ခင္ဗ်။” ေမး -  အဲဒီအဖြဲ႕ေတြက ဘယ္လို ကူညီေပးမယ္လို႔ ေျပာလဲ။ ေျဖ - “ဟုတ္ကဲ့ သက္ဆိုင္ရာေတြဆီ ကူေျပာေပးမယ္လို႔ေတာ့ ေျပာတာပဲ။ ရွမ္းပါတီက သူတို႔ လႊတ္ေတာ္ထဲမွာ တပ္မေတာ္သား ကိုယ္စားလွယ္ေတြလည္း ရွိေတာ့ အဲဒီကေနတဆင့္ ေျပာေပးမယ္။ လိုအပ္ရင္ ေရွ႕ေနေတြ ရွာေပးမယ္တဲ့။ ရွမ္းတိုင္းရင္းသားေရးရာ ဝန္ႀကီးကေတာ့ ဒီကေန႔ ခဏေနက်ရင္ သူနဲ႔ သြားေတြ႕ဖို႔ ေျပာထားပါတယ္။” ေမး - ေနာက္ထပ္ ဘာမ်ား ျဖည့္စြက္ေျပာခ်င္ပါေသးလဲ။ ေျဖ - “ျပင္ဦးလြင္ စစ္တကၠသိုလ္ ပစ္ခတ္မႈက ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕က သူတို႔ လုပ္တာလို႔ ေျပာထားၿပီးၿပီေလ ခင္ဗ်ာ။ က်ေနာ့္သားေတြနဲ႔ ဘာဆိုင္လို႔လဲ၊ က်ေနာ့္သားေတြက ႐ိုး႐ိုးေအးေအးသမားေတြ၊ စာေပယဥ္ေက်းမႈနဲ႔ ပရဟိတ လူမႈကူညီေရးအလုပ္ေတြပဲ စိတ္ဝင္စားတယ္။ သား ၃ ေယာက္ရွိတာ။ ၃ ေယာက္လုံး ေက်ာင္းဆရာ လုပ္ဖူးတယ္။ အခု အဖမ္းခံရတာ ဒုတိယသားနဲ႔ အငယ္ဆုံးသား။ ဒုတိယသားက ေက်ာင္းဆရာအလုပ္က ထြက္ၿပီး မိဘေတြရဲ႕ ၿခံလုပ္ငန္းကို လာကူလုပ္ေနတာ။ က်ေနာ့္သားေတြ အၾကမ္းဖက္မႈ လုံးဝ မပတ္သက္ဘူး။ ေျမာက္ပိုင္းမဟာမိတ္တပ္ဖြဲ႕ေတြနဲ႔လည္း လုံးဝ မပတ္သက္ပါဘူး။ သူတို႔ လူမႈကူညီေရး ပရဟိတအလုပ္ေတြ အမ်ားႀကီး လုပ္ခဲ့တာကို ေထာက္ရႈၿပီး က်ေနာ့္သားေတြကို အျမန္ဆုံး ျပန္လႊတ္ေပးပါလို႔ ေတာင္းဆိုပါတယ္ ခင္ဗ်။” ဖမ္းဆီးခံေနရတဲ့ လူငယ္ ၂ ဦးမွာ ရွမ္းလူငယ္အဖြဲ႕အစည္းေတြၾကား လူသိမ်ားသလို လူခ်စ္လူခင္လည္း ေပါတဲ့အတြက္ ၎တို႔ ၂ ဦး အျမန္ဆုံးျပန္လႊတ္ေပးေရး လူမႈကြန္ရက္ေတြကေန လႈပ္ရွား ေတာင္းဆိုေနၾကပါတယ္။ ဓာတ္ပုံ-  Free Leng Zuen & Hkun Mong 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024