DVB Logo
Home
Lead Story
သင်ဇာဝင့်ကျော်၊ အိချောပိုနှင့် မေမြင့်မိုရ်တို့ ပါဝင်သည့် အချစ်ဆုံး Crush ရုပ်ရှင်(နမူနာ)
DVB
·
August 27, 2019
သင်ဇာဝင့်ကျော်၊ အိချောပိုနှင့် မေမြင့်မိုရ်တို့ ပါဝင်သည့် အချစ်ဆုံး Crush ရုပ်ရှင်(နမူနာ)
Donate to DVB

ရုံမတင်ခင်ကတည်းက ပရိသတ်တွေကြား ရေပန်းစားနေတဲ့ မြန်မာရုပ်ရှင်-အချစ် ဆုံး Crush ကို လာမယ့် သြဂုတ်လ ၂၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

နယူးဖိုး၀ ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားကတော့ စန္ဒာ ဝင်းထွန်းရဲ့ ဝတ္ထုကို နေနော်က ဇာတ်ညွှ်န်းခွဲထားပေးခဲ့တာဖြစ်ပြီး ဒါရိုက်တာ အောင် ဇော်လင်းက ရိုက်ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသား မြင့်မြတ်နဲ့အတူ သရုပ်ဆောင် မင်းသမီး ၃ လက်ဖြစ်ကြတဲ့ သင်ဇာဝင့်ကျော်၊ အိချောပိုနဲ့ မေမြင့်မိုရ်တို့က ခေါင်းဆောင်ပါဝင် ထားကြတာ ဖြစ်ပါတယ်။

အချစ်ဒရာမာဇာတ်မြူးကားတကားအနေနဲ့ ဖန်တီးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကားထဲ မှာတော့ အချစ်ဆုံး Crush ဆိုတဲ့အတိုင်း မြင့်မြတ်ကို မင်းသမီး ၃ ယောက်ကြားမှာ ဗျာ များရတဲ့ သရုပ်ဆောင်မှုတွေနဲ့အတူ ဘယ်သူက ဘယ်သူ့ရဲ့ အချစ်ဆုံး Crush ဖြစ်မလဲ ဆိုတာကိုတော့ ပရိသတ်တွေက ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။

ငယ်ကျွန်ရုပ်ရှင်ကားနဲ့ အကယ်ဒမီဆု ရရှိထားခဲ့တဲ့ မြင့်မြတ်ဟာ ဟာသဇာတ်ရုပ် တွေ၊ အက်ရှင်ကားတွေအပြင် ဒရာမာရုပ်ရှင်ကားတွေမှာပါ Character အစုံ ပိုင်နိုင်တဲ့ သူတယောက်ဖြစ်ပြီး သင်ဇာဝင့်ကျော်၊ အိချောပိုနဲ့ မေမြင့်မိုရ်တို့ကလည်း ပရိသတ်အား ပေးမှု ရရှိပြီးသား သရုပ်ဆောင်မင်းသမီးတွေ ဖြစ်တာမို့  ဒီကားထဲမှာရော ဘယ်လို ကွဲ ပြားတဲ့ သရုပ်ဆောင်မှုတွေနဲ့ သရုပ်ဆောင်ထားကြမလဲဆိုတာကို ပရိသတ်တွေက စိတ် ဝင်စားနေကြတာပါ။

အချစ်ဆုံး Crush ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။




သင္ဇာဝင့္ေက်ာ္၊ အိေခ်ာပိုႏွင့္ ေမျမင့္မိုရ္တို႔ ပါဝင္သည့္ အခ်စ္ဆုံး Crush ႐ုပ္ရွင္(နမူနာ)
DVB

႐ုံမတင္ခင္ကတည္းက ပရိသတ္ေတြၾကား ေရပန္းစားေနတဲ့ ျမန္မာ႐ုပ္ရွင္-အခ်စ္ ဆုံး Crush ကို လာမယ့္ ၾသဂုတ္လ ၂၉ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။

နယူးဖိုး၀ ႐ုပ္ရွင္ထုတ္လုပ္ေရးက တင္ဆက္လိုက္တဲ့ ဒီ႐ုပ္ရွင္ကားကေတာ့ စႏၵာ ဝင္းထြန္းရဲ႕ ဝတၳဳကို ေနေနာ္က ဇာတ္ၫႊ္န္းခြဲထားေပးခဲ့တာျဖစ္ၿပီး ဒါ႐ိုက္တာ ေအာင္ ေဇာ္လင္းက ႐ိုက္ကူးပုံေဖာ္ေပးထားခဲ့တာ ျဖစ္ပါတယ္။

ဒီကားထဲမွာေတာ့ ပရိသတ္အခ်စ္ေတာ္ သ႐ုပ္ေဆာင္မင္းသား ျမင့္ျမတ္နဲ႔အတူ သ႐ုပ္ေဆာင္ မင္းသမီး ၃ လက္ျဖစ္ၾကတဲ့ သင္ဇာဝင့္ေက်ာ္၊ အိေခ်ာပိုနဲ႔ ေမျမင့္မိုရ္တို႔က ေခါင္းေဆာင္ပါဝင္ ထားၾကတာ ျဖစ္ပါတယ္။

အခ်စ္ဒရာမာဇာတ္ျမဴးကားတကားအေနနဲ႔ ဖန္တီးပုံေဖာ္ထားတဲ့ ဒီ႐ုပ္ရွင္ကားထဲ မွာေတာ့ အခ်စ္ဆုံး Crush ဆိုတဲ့အတိုင္း ျမင့္ျမတ္ကို မင္းသမီး ၃ ေယာက္ၾကားမွာ ဗ်ာ မ်ားရတဲ့ သ႐ုပ္ေဆာင္မႈေတြနဲ႔အတူ ဘယ္သူက ဘယ္သူ႔ရဲ႕ အခ်စ္ဆုံး Crush ျဖစ္မလဲ ဆိုတာကိုေတာ့ ပရိသတ္ေတြက ဒီကားထဲမွာ ရႈစားၾကရမွာ ျဖစ္ပါတယ္။

ငယ္ကြၽန္႐ုပ္ရွင္ကားနဲ႔ အကယ္ဒမီဆု ရရွိထားခဲ့တဲ့ ျမင့္ျမတ္ဟာ ဟာသဇာတ္႐ုပ္ ေတြ၊ အက္ရွင္ကားေတြအျပင္ ဒရာမာ႐ုပ္ရွင္ကားေတြမွာပါ Character အစုံ ပိုင္ႏိုင္တဲ့ သူတေယာက္ျဖစ္ၿပီး သင္ဇာဝင့္ေက်ာ္၊ အိေခ်ာပိုနဲ႔ ေမျမင့္မိုရ္တို႔ကလည္း ပရိသတ္အား ေပးမႈ ရရွိၿပီးသား သ႐ုပ္ေဆာင္မင္းသမီးေတြ ျဖစ္တာမို႔ ဒီကားထဲမွာေရာ ဘယ္လို ကြဲ ျပားတဲ့ သ႐ုပ္ေဆာင္မႈေတြနဲ႔ သ႐ုပ္ေဆာင္ထားၾကမလဲဆိုတာကို ပရိသတ္ေတြက စိတ္ ဝင္စားေနၾကတာပါ။

အခ်စ္ဆုံး Crush ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၂၃ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ သမၼတ ႐ုပ္ရွင္႐ုံမွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။
လတ္တေလာမွာေတာ့ ဒီ႐ုပ္ရွင္ကား Trailer ဟာ ေဖ့စ္ဘြတ္ခ္ေပၚမွာ ဝင္ေရာက္ ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၄ သန္းေက်ာ္ ရွိေနခဲ့တာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013