စင်ကာပူတွင်ရောင်းချနေသည့် ကျန်းမာရေးထုတ်ကုန် ၃ မျိုး FDA သတိပေး

စင်္ကာပူနိုင်ငံ ကျန်းမာရေးအာဏာပိုင်အဖွဲ့ (Health Sciences Authority-HSA) ရဲ့ ဈေးကွက်ထောက်လှမ်းချက်အရ ကျန်းမာရေးထုတ်ကုန် ၃ မျိုးမှာ အနောက်တိုင်းဆေးတွေ ရောနှောပါဝင်နေတာတွေ့ရတယ်လို့ မြန်မာအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာ (FDA) က ထုတ်ပြန်ပါတယ်။
အဲဒီဆေးတွေကတော့ Skinny Lolita Capsule၊ Xtreme Candy Capsule နဲ့ တံဆိပ်မပါတဲ့ဆေးတောင့်တမျိုးတို့ ဖြစ်ကြပါတယ်။
ဒီဆေးတွေကို စင်္ကာပူနဲ့ မလေးရှားက အွန်လိုင်းဈေးကွက်တွေနဲ့ စင်္ကာပူက Redhill Market မှာ ရောင်းချနေတာတွေ့တယ်လို့ HAS က ထုတ်ပြန်ထားပါတယ်။
Skinny Lolita Capsule ကတော့ ပိန်ဆေးတမျိုးဖြစ်ပြီး သူ့မှာ Sibutramine ဆေးဝါးပါနေကာ အဲဒါကို USFDA နဲ့ စင်္ကာပူတို့က ၂၀၁၀ ခုနှစ်ကတည်းက ဈေးကွက်ထဲက ရုပ်သိမ်းထားတာလို့ ဆိုပါတယ်။
Sibutramine ရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ၊ ရင်တုန်တာနဲ့ စိတ်ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။
Xtreme Candy Capsule က အမျိုးသားသုံးဆေးဝါးဖြစ်ပြီး Tadalafil ပါဝင်ပါတယ်။ Tadalafil ပါတဲ့ ဆေးတွေကို နှလုံးနဲ့ ပတ်သက်တဲ့ရောဂါရှိသူတွေ၊ ဆီးချို၊ သွေးတိုးရောဂါရှိသူတွေ ကြာရှည် သုံးမယ်ဆိုရင် အသက်ရှူကြပ်တာ၊ နားထဲမှာ အသံတွေကြားတာ၊ အမြင်ဝေဝါးတာ၊ မျက်စိကွယ်တာတွေ ဖြစ်စေနိုင်ပါတယ်။
Tadalafil ပါတဲ့ဆေးတွေကို မြန်မာနိုင်ငံမှာလည်း တရားဝင် ထုတ်လုပ်ရောင်းချနေတာဖြစ်ပြီး ဆရာဝန်အညွှန်ကြားချက်နဲ့ သုံးနိုင်တဲ့ဆေး ဖြစ်ပါတယ်။
တံဆိပ်မပါတဲ့ဆေးတောင့်မှာကတော့ အညိုရင့်ရောင်အမှုန့်တွေပါပြီး ရှီးပဒီး၊ ဂျင်ဆင်း စတဲ့ တိုင်းရင်းဆေးတွေပါတယ်လို့ ရေးထားပေမယ့် Amoxicillin, Chlorpheniramine, Diclofenac, Dexamethasone, Prednisolone, Sildenafil တို့ပါနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
Dexamethasone ကို ကြာရှည်သုံးရင် သွေးပေါင်ချိန်တက်တာ၊ သွေးတွင်းသကြားဓာတ် တက်တာ၊ မျက်လုံးတိမ်စွဲတာ၊ ကြွက်သား၊ အရိုးနဲ့ ဆိုင်တဲ့ရောဂါတွေဖြစ်နိုင်ချေများတာ၊ ကိုယ်ခံအားကျပြီး ရောဂါပိုးမွှားဝင်ရောက်လွယ်တာ၊ ပိန်လာတာနဲ့ Cushing’s syndrome လို့ခေါ်တဲ့ မျက်နှာဖောင်းကားပြီး ကျောကုန်းမို့မောက်တဲ့ လက္ခဏာတွေရှိတဲ့ရောဂါတို့ ဖြစ်လာမယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒီဆေးတွေကို အွန်လိုင်းမှာ တရားမဝင်ရောင်းနေတာတွေ့ရင် သိရှိရှောင်ရှားနိုင်ဖို့ ကြေညာတာလို့ မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဓာတ်ပုံ-FDA
စင္ကာပူတြင္ေရာင္းခ်ေနသည့္ က်န္းမာေရးထုတ္ကုန္ ၃ မ်ိဳး FDA သတိေပး
ပိုင္စိုး
စကၤာပူႏိုင္ငံ က်န္းမာေရးအာဏာပိုင္အဖြဲ႕ (Health Sciences Authority-HSA) ရဲ႕ ေဈးကြက္ေထာက္လွမ္းခ်က္အရ က်န္းမာေရးထုတ္ကုန္ ၃ မ်ိဳးမွာ အေနာက္တိုင္းေဆးေတြ ေရာေႏွာပါဝင္ေနတာေတြ႕ရတယ္လို႔ ျမန္မာအစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲေရးဦးစီးဌာ (FDA) က ထုတ္ျပန္ပါတယ္။
အဲဒီေဆးေတြကေတာ့ Skinny Lolita Capsule၊ Xtreme Candy Capsule နဲ႔ တံဆိပ္မပါတဲ့ေဆးေတာင့္တမ်ိဳးတို႔ ျဖစ္ၾကပါတယ္။
ဒီေဆးေတြကို စကၤာပူနဲ႔ မေလးရွားက အြန္လိုင္းေဈးကြက္ေတြနဲ႔ စကၤာပူက Redhill Market မွာ ေရာင္းခ်ေနတာေတြ႕တယ္လို႔ HAS က ထုတ္ျပန္ထားပါတယ္။
Skinny Lolita Capsule ကေတာ့ ပိန္ေဆးတမ်ိဳးျဖစ္ၿပီး သူ႔မွာ Sibutramine ေဆးဝါးပါေနကာ အဲဒါကို USFDA နဲ႔ စကၤာပူတို႔က ၂၀၁၀ ခုႏွစ္ကတည္းက ေဈးကြက္ထဲက ႐ုပ္သိမ္းထားတာလို႔ ဆိုပါတယ္။
Sibutramine ရဲ႕ ေဘးထြက္ဆိုးက်ိဳးေတြကေတာ့ ႏွလုံးနဲ႔ပတ္သက္တဲ့ေရာဂါေတြ၊ ရင္တုန္တာနဲ႔ စိတ္ေရာဂါေတြ ျဖစ္ေစႏိုင္ပါတယ္။
Xtreme Candy Capsule က အမ်ိဳးသားသုံးေဆးဝါးျဖစ္ၿပီး Tadalafil ပါဝင္ပါတယ္။ Tadalafil ပါတဲ့ ေဆးေတြကို ႏွလုံးနဲ႔ ပတ္သက္တဲ့ေရာဂါရွိသူေတြ၊ ဆီးခ်ိဳ၊ ေသြးတိုးေရာဂါရွိသူေတြ ၾကာရွည္ သုံးမယ္ဆိုရင္ အသက္ရွဴၾကပ္တာ၊ နားထဲမွာ အသံေတြၾကားတာ၊ အျမင္ေဝဝါးတာ၊ မ်က္စိကြယ္တာေတြ ျဖစ္ေစႏိုင္ပါတယ္။
Tadalafil ပါတဲ့ေဆးေတြကို ျမန္မာႏိုင္ငံမွာလည္း တရားဝင္ ထုတ္လုပ္ေရာင္းခ်ေနတာျဖစ္ၿပီး ဆရာဝန္အၫႊန္ၾကားခ်က္နဲ႔ သုံးႏိုင္တဲ့ေဆး ျဖစ္ပါတယ္။
တံဆိပ္မပါတဲ့ေဆးေတာင့္မွာကေတာ့ အညိဳရင့္ေရာင္အမႈန႔္ေတြပါၿပီး ရွီးပဒီး၊ ဂ်င္ဆင္း စတဲ့ တိုင္းရင္းေဆးေတြပါတယ္လို႔ ေရးထားေပမယ့္ Amoxicillin, Chlorpheniramine, Diclofenac, Dexamethasone, Prednisolone, Sildenafil တို႔ပါေနတာ ေတြ႕ရတယ္လို႔ ဆိုပါတယ္။
Dexamethasone ကို ၾကာရွည္သုံးရင္ ေသြးေပါင္ခ်ိန္တက္တာ၊ ေသြးတြင္းသၾကားဓာတ္ တက္တာ၊ မ်က္လုံးတိမ္စြဲတာ၊ ႂကြက္သား၊ အ႐ိုးနဲ႔ ဆိုင္တဲ့ေရာဂါေတြျဖစ္ႏိုင္ေခ်မ်ားတာ၊ ကိုယ္ခံအားက်ၿပီး ေရာဂါပိုးမႊားဝင္ေရာက္လြယ္တာ၊ ပိန္လာတာနဲ႔ Cushing’s syndrome လို႔ေခၚတဲ့ မ်က္ႏွာေဖာင္းကားၿပီး ေက်ာကုန္းမို႔ေမာက္တဲ့ လကၡဏာေတြရွိတဲ့ေရာဂါတို႔ ျဖစ္လာမယ္လို႔ ဆိုပါတယ္။
ဒါေၾကာင့္ ဒီေဆးေတြကို အြန္လိုင္းမွာ တရားမဝင္ေရာင္းေနတာေတြ႕ရင္ သိရွိေရွာင္ရွားႏိုင္ဖို႔ ေၾကညာတာလို႔ ျမန္မာႏိုင္ငံ အစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနက ထုတ္ျပန္ပါတယ္။
ဓာတ္ပုံ-FDA