Home
မြန်မာသတင်း
‌‌‌ဟောင်ကောင်အရေး တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ထောက်ခံဟု ဝန်ကြီး ဦးကျော်တင်ပြော   
DVB
·
August 27, 2019
ဟောင်ကောင် အရေးကိစ္စမှာ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို ထောက်ခံအားပေးတဲ့အကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားခဲ့တယ်လို့ တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။ သြဂုတ် ၂၂ ရက်က နေပြည်တော်မှာ  ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က သွားရောက်တွေ့ဆုံစဉ် လက်ရှိ ဟောင်ကောင်အခြေအနေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆိုခဲ့ကြတာပါ။ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မြန်မာနိုင်ငံဟာ တရုတ်တနိုင်ငံတည်းမူဝါဒ (One China Policy) ကို အစဉ်ကိုင်စွဲကျင့်သုံးနေပြီး “တနိုင်ငံ စနစ်နှစ်မျိုး” ကိုလည်း ထောက်ခံကြောင်း၊ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသမှာ တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုတွေ အောင်မြင်မှုရရှိပြီး ဟောင်ကောင်သား ဟောင်ကောင်သူတွေရဲ့ လူမှုစီးပွားအခြေအနေတွေ ပုံမှန်အနေအထားသို့ ဆောလျင်စွာ ပြန်လည်ရောက်ရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်သံအမတ်ကြီး ချန်းဟိုင်ကလည်း လက်ရှိ ဟောင်ကောင် အရေးကိစ္စရဲ့ နောက်ကွယ်မှာ ပြည်ပအင်အားစုရဲ့ နှောင့်ယှက်မှုနဲ့ ထိန်းချုပ်မှုတွေ ပါဝင်နေကြောင်း၊ ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ ဟောင်ကောင်ဖြစ်ကြောင်း၊ ဟောင်ကောင်အရေးကိစ္စဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေး ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ဗဟိုအစိုးရဟာ “တနိုင်ငံ စနစ်နှစ်မျိုး” မူဝါဒကို တစိုက်မတ်မတ် ကျင့်သုံးမှာဖြစ်ပြီး ဟောင်ကောင်အထူးအုပ်ချုပ်ရေး ဒေသအစိုးရက ဥပဒေနဲ့အညီ အုပ်ချုပ်ခြင်းအပေါ် ပြတ်ပြတ်သားသား ထောက်ခံအားပေးတယ်လို့ ပြောပါတယ်။  ဒါ့အပြင် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသက ရဲတပ်ဖွဲ့နဲ့ တရားစီရင်ရေးအဖွဲ့ အစည်းတွေက အကြမ်းဖက် ပြစ်မှုကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူတဲ့အပေါ် ပြတ်ပြတ်သားသား ထောက်ခံအားပေးကြောင်းလည်း တရုတ်သံအမတ်က ပြောသွားပါတယ်။ အဆိုပါတွေ့ဆုံပွဲအတွင်း ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းနဲ့ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံသို့ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စ၊ မြန်မာ-တရုတ် နယ်စပ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန်ကိစ္စ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ ထွက်ခွာသွားသူတွေ ပြန်လည်လက်ခံရေးဆိုင်ရာကိစ္စတွေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံက အပြုသဘော ပါဝင်ကူညီဆောင်ရွက်နေတဲ့ ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့  မြန်မာနိုင်ငံခြားရေးဌာနကလည်း ထုတ်ပြန်ထားပါတယ်။ ဟောင်ကောင်ဟာ ဗြိတိန်လက်အောက်ကနေ တရုတ်ပြည်မကြီး လက်အောက်ကို တနိုင်ငံ စနစ် နှစ်မျိုး အုပ်ချုပ်ရေးကတိနဲ့အတူ ၁၉၉၇ ခုနှစ်မှာ ပြန်လွတ်မြောက်လာခဲ့ပါတယ်။ အဲဒီအချိန်တည်းက ဟောင်ကောင်ဟာ တရုတ်ပြည်မကြီးထက် ပိုလွတ်လပ်တဲ့ တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရခဲ့တာပါ။ ဒါပေမယ့် တရုတ်ပြည်မကြီး အစိုးရက သံသယရှိတဲ့လူတွေကို တရုတ်ပြည်မကြီးက တရားရုံးတွေမှာ စစ်မေးတရားစီရင်ခွင့်ပြုဖို့ ဟောင်ကောင်ကနေ တရုတ်နိုင်ငံဆီ အကျဉ်းသား လွှဲပေးခွင့်ပြုမယ့် ဥပဒေမူကြမ်းကို လွှတ်တော်တင်ခဲ့အပြီး လူသန်းချီ ပါဝင်တဲ့ ဆန္ဒပြပွဲတွေ ဟောင်ကောင်မှာ စတင်ဖြစ်ပွားခဲ့တာပါ။ ဒီဥပဒေမူကြမ်းကို အခု ဆိုင်းငံ့လိုက်ပြီ ဖြစ်ပေမယ့် အပြီးတိုင် ရုပ်သိမ်းဖို့၊ ဆန္ဒပြပွဲကို အဓိကရုဏ်းအဖြစ် တံဆိပ်တပ် ဖော်ပြနေတာတွေကို ရပ်တန့်ဖို့၊ ဖမ်းဆီးခံတွေကို စွဲဆိုထားတဲ့ အမှုတွေကနေ ရုပ်သိမ်းပေးဖို့၊ လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးဖို့နဲ့ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲဖို့ ဟောင်ကောင်သားတွေ ဆက်လက် တောင်းဆို ဆန္ဒပြနေပါတယ်။ ဟောင်ကောင်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေက   ၃ လနီးပါး ရှိလာပြီး ဟောင်ကောင် အာဏာပိုင်တွေကလည်း ဆန္ဒပြသူတွေကို အင်အားသုံးနှိမ်နင်းမှုတွေလည်း ဆက်တိုက် ဖြစ်ပွားနေပါတယ်။    ဓာတ်ပုံ- တရုတ်သံရုံး ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ‌‌‌ေဟာင္ေကာင္အေရး တ႐ုတ္ႏိုင္ငံ၏ ရပ္တည္ခ်က္ကို ေထာက္ခံဟု ဝန္ႀကီး ဦးေက်ာ္တင္ေျပာ  ေဟာင္ေကာင္ အေရးကိစၥမွာ တ႐ုတ္ႏိုင္ငံရဲ႕ ရပ္တည္ခ်က္ကို ေထာက္ခံအားေပးတဲ့အေၾကာင္း အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင္က ေျပာၾကားခဲ့တယ္လို႔ တ႐ုတ္သံ႐ုံးက သတင္းထုတ္ျပန္ပါတယ္။ ၾသဂုတ္ ၂၂ ရက္က ေနျပည္ေတာ္မွာ  ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင္ကို ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး မစၥတာ ခ်န္းဟိုင္က သြားေရာက္ေတြ႕ဆုံစဥ္ လက္ရွိ ေဟာင္ေကာင္အေျခအေနနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးေျပာဆိုခဲ့ၾကတာပါ။ ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင္က ျမန္မာႏိုင္ငံဟာ တ႐ုတ္တႏိုင္ငံတည္းမူဝါဒ (One China Policy) ကို အစဥ္ကိုင္စြဲက်င့္သုံးေနၿပီး “တႏိုင္ငံ စနစ္ႏွစ္မ်ိဳး” ကိုလည္း ေထာက္ခံေၾကာင္း၊ ေဟာင္ေကာင္ အထူးအုပ္ခ်ဳပ္ေရးေဒသမွာ တည္ၿငိမ္ေအးခ်မ္းမႈ၊ တရားဥပေဒစိုးမိုးမႈ ျပန္လည္ရရွိေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္မႈေတြ ေအာင္ျမင္မႈရရွိၿပီး ေဟာင္ေကာင္သား ေဟာင္ေကာင္သူေတြရဲ႕ လူမႈစီးပြားအေျခအေနေတြ ပုံမွန္အေနအထားသို႔ ေဆာလ်င္စြာ ျပန္လည္ေရာက္ရွိလိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာၾကားခဲ့တယ္လို႔ ဆိုပါတယ္။ တ႐ုတ္သံအမတ္ႀကီး ခ်န္းဟိုင္ကလည္း လက္ရွိ ေဟာင္ေကာင္ အေရးကိစၥရဲ႕ ေနာက္ကြယ္မွာ ျပည္ပအင္အားစုရဲ႕ ေႏွာင့္ယွက္မႈနဲ႔ ထိန္းခ်ဳပ္မႈေတြ ပါဝင္ေနေၾကာင္း၊ ေဟာင္ေကာင္ဟာ တ႐ုတ္ႏိုင္ငံရဲ႕ ေဟာင္ေကာင္ျဖစ္ေၾကာင္း၊ ေဟာင္ေကာင္အေရးကိစၥဟာ တ႐ုတ္ႏိုင္ငံရဲ႕ ျပည္တြင္းေရး ျဖစ္ေၾကာင္း၊ တ႐ုတ္ႏိုင္ငံ ဗဟိုအစိုးရဟာ “တႏိုင္ငံ စနစ္ႏွစ္မ်ိဳး” မူဝါဒကို တစိုက္မတ္မတ္ က်င့္သုံးမွာျဖစ္ၿပီး ေဟာင္ေကာင္အထူးအုပ္ခ်ဳပ္ေရး ေဒသအစိုးရက ဥပေဒနဲ႔အညီ အုပ္ခ်ဳပ္ျခင္းအေပၚ ျပတ္ျပတ္သားသား ေထာက္ခံအားေပးတယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ ေဟာင္ေကာင္ အထူးအုပ္ခ်ဳပ္ေရးေဒသက ရဲတပ္ဖြဲ႕နဲ႔ တရားစီရင္ေရးအဖြဲ႕ အစည္းေတြက အၾကမ္းဖက္ ျပစ္မႈက်ဴးလြန္သူေတြကို ျပင္းျပင္းထန္ထန္ အေရးယူတဲ့အေပၚ ျပတ္ျပတ္သားသား ေထာက္ခံအားေပးေၾကာင္းလည္း တ႐ုတ္သံအမတ္က ေျပာသြားပါတယ္။ အဆိုပါေတြ႕ဆုံပြဲအတြင္း ရပ္ဝန္းႏွင့္ ပိုးလမ္းမ စီမံကိန္းနဲ႔ ျမန္မာ-တ႐ုတ္ စီးပြားေရးစႀကႍသို႔ ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ေရးကိစၥ၊ ျမန္မာ-တ႐ုတ္ နယ္စပ္ေဒသ စီးပြားေရး ပူးေပါင္းေဆာင္႐ြက္ေရးဇုန္ကိစၥ၊ ရခိုင္ျပည္နယ္မွ ေနရပ္စြန႔္ခြာထြ က္ခြာသြားသူေတြ ျပန္လည္လက္ခံေရးဆိုင္ရာကိစၥေတြနဲ႔ ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ တ႐ုတ္ႏိုင္ငံက အျပဳသေဘာ ပါဝင္ကူညီေဆာင္႐ြက္ေနတဲ့ ကိစၥေတြ ေဆြးေႏြးခဲ့တယ္လို႔  ျမန္မာႏိုင္ငံျခားေရးဌာနကလည္း ထုတ္ျပန္ထားပါတယ္။ ေဟာင္ေကာင္ဟာ ၿဗိတိန္လက္ေအာက္ကေန တ႐ုတ္ျပည္မႀကီး လက္ေအာက္ကို တႏိုင္ငံ စနစ္ ႏွစ္မ်ိဳး အုပ္ခ်ဳပ္ေရးကတိနဲ႔အတူ ၁၉၉၇ ခုႏွစ္မွာ ျပန္လြတ္ေျမာက္လာခဲ့ပါတယ္။ အဲဒီအခ်ိန္တည္းက ေဟာင္ေကာင္ဟာ တ႐ုတ္ျပည္မႀကီးထက္ ပိုလြတ္လပ္တဲ့ တစိတ္တပိုင္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ရခဲ့တာပါ။ ဒါေပမယ့္ တ႐ုတ္ျပည္မႀကီး အစိုးရက သံသယရွိတဲ့လူေတြကို တ႐ုတ္ျပည္မႀကီးက တရား႐ုံးေတြမွာ စစ္ေမးတရားစီရင္ခြင့္ျပဳဖို႔ ေဟာင္ေကာင္ကေန တ႐ုတ္ႏိုင္ငံဆီ အက်ဥ္းသား လႊဲေပးခြင့္ျပဳမယ့္ ဥပေဒမူၾကမ္းကို လႊတ္ေတာ္တင္ခဲ့အၿပီး လူသန္းခ်ီ ပါဝင္တဲ့ ဆႏၵျပပြဲေတြ ေဟာင္ေကာင္မွာ စတင္ျဖစ္ပြားခဲ့တာပါ။ ဒီဥပေဒမူၾကမ္းကို အခု ဆိုင္းငံ့လိုက္ၿပီ ျဖစ္ေပမယ့္ အၿပီးတိုင္ ႐ုပ္သိမ္းဖို႔၊ ဆႏၵျပပြဲကို အဓိက႐ုဏ္းအျဖစ္ တံဆိပ္တပ္ ေဖာ္ျပေနတာေတြကို ရပ္တန႔္ဖို႔၊ ဖမ္းဆီးခံေတြကို စြဲဆိုထားတဲ့ အမႈေတြကေန ႐ုပ္သိမ္းေပးဖို႔၊ လြတ္လြတ္လပ္လပ္ စုံစမ္းစစ္ေဆးဖို႔နဲ႔ ႏိုင္ငံေရးစနစ္ ျပဳျပင္ေျပာင္းလဲဖို႔ ေဟာင္ေကာင္သားေတြ ဆက္လက္ ေတာင္းဆို ဆႏၵျပေနပါတယ္။ ေဟာင္ေကာင္မွာ အစိုးရ ဆန႔္က်င္ေရး ဆႏၵျပပြဲေတြက   ၃ လနီးပါး ရွိလာၿပီး ေဟာင္ေကာင္ အာဏာပိုင္ေတြကလည္း ဆႏၵျပသူေတြကို အင္အားသုံးႏွိမ္နင္းမႈေတြလည္း ဆက္တိုက္ ျဖစ္ပြားေနပါတယ္။ ဓာတ္ပုံ- တ႐ုတ္သံ႐ုံး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024