DVB Logo
Home
မြန်မာသတင်း
အေအိုင်ဒီအက်စ်စောင့်ရှောက်ရေးဂေဟာသစ် ဒဂုံမှာဖွင့်မည်
DVB
·
December 15, 2012
အေအိုင်ဒီအက်စ်စောင့်ရှောက်ရေးဂေဟာသစ် ဒဂုံမှာဖွင့်မည်
Donate to DVB

အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ဝေဒနာရှင်တွေအတွက်  ရောဂါကာကွယ်ရေးနဲ့ ကူညီ စောင့်ရှောက်ရေး ဂေဟာသစ် တခုကို ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့ပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။

ဒဂုံမြို့သစ်တောင်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ အေအိုင်ဒီအက်စ်ဝေဒနာရှင်တွေအတွက် ကူညီစောင့်ရှောက်ရေးဂေဟာတွေ ဖွင့်လှစ်ပြီး အကူအညီပေးနေပေမယ့် လူနာအရေအတွက်များလာပြီး နေရာမလုံလောက်တော့တဲ့အတွက် တိုးချဲ့ဖွင့်လှစ်ဖို့ စီစဉ်တာလို့ အန်အယ်လ်ဒီ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်အကူအညီပေးရေးအဖွဲ့ က တာဝန်ရှိသူ ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

[caption id="attachment_34418" align="alignright" width="300" caption="တောင်ဒဂုံမြို့နယ် ကမ္ဘောဇ ၂ လမ်းက အိတ်ခ်ျအိုင်ဗွီပိုးကူးစက်ခံရသူများ စောင့်ရှောက်ရေးဂေဟာတခု (ဓာတ်ပုံ- ပီတာအောင်)"][/caption]

“ကျမတို့ လူနာတွေထားပြီးလုပ်လာတာ နှစ်တွေတော်တော်ကြာပြီ။ အခုကျတော့ လူနာ ၃၀၀ လောက်ဖြစ်သွားတယ်၊ ရှိနေတဲ့ နေရာနဲ့က တော်တော်မလောက်မငှဖြစ်တော့ မြေနေရာ၊ အဆောက်အဦ အခက်အခဲက တော်တော်ဖြစ်တယ်။ တချို့လူနာတွေဆို လူနာအဟောင်းပြန်မှ အသစ်ဝင်ရတဲ့ အနေအထားဖြစ်တော့ မေတ္တာရှင်ဆရာတော်က သူ့ကို လှူထားတဲ့ ပေ ၄၀x၆၀ မြေကွက်ကို ကျမတို့ကို ပြန်လှူပါတယ်။ အခု လူနာတွေထားပြီး ဆေးဝါးကုသဖို့ ကျမတို့ အကြမ်းဖျဉ်း ပေ ၁၂၀x၄၀၊ ၃ ထပ် အဆောက်အဦ ဆောက်မယ်လို့ ယာယီလုပ်လိုက်ပါတယ်။”

ဝေဒနာရှင် ၃၀၀ ကျော်ကို ပြုစု စောင့်ရှောက်ထားနိုင်မယ့် ၃ ထပ်အဆောက်အဦ ဂေဟာသစ်ကို ဒဂုံမြို့သစ် အရှေ့ပိုင်း ၆ ရပ်ကွက်မှာ ပြင်ပအလှူရှင်တွေရဲ့ အကူအညီနဲ့ လာမယ့် ၂၀၁၃ ခုနှစ်မှာ  စတင်ဆောက်လုပ်ဖို့ စီစဉ်ထားပါတယ်။

ဂေဟာသစ်ဖွင့်လှစ်ပြီးပါက ဝေဒနာရှင်တွေကို တနေရာထဲမှာစုစည်းထားပြီး ပိုမို ထိထိရောက်ရောက် စောင့်ရှောက်မှု ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

“လူနာတွေကို တနေရာထဲစုထားဖို့ ကြိုးစားတာပါ။ အကုန်လုံး စုထားရင် တော်တော်အဆင်ပြေမယ်။ အခုက လူနာထားတာက ၂ နေရာ ၃ နေရာလောက် ဖြစ်နေတော့ အခက်အခဲရှိတယ်။ လုပ်ရကိုင်ရတာလည်း တနေရာနဲ့တနေရာမတူတော့ နည်းနည်းအခက်အခဲဖြစ်တယ်။ တနေရာထဲ အားလုံးစုထားရင် လူနာတွေအတွက်ရော၊ လုပ်ကိုင်ဆောင်ရွက်တဲ့သူတွေအတွက်ရော ပိုအဆင်ပြေတယ်။”

မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူပေါင်း ၂ သိန်း ၄ သောင်းလောက် ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး အေအာဗွီ  အိတ်ခ်ျအိုင်ဗွီတန့်ဆေး တိုက်ကျွေးဖို့ လိုနေသူပေါင်း ၁ သိန်း ၂ သောင်းလောက်ရှိတာပါ။

ဒါပေမယ့် ဝေဒနာရှင်  ၄ သောင်းလောက်ကိုသာ ဆေးဝါးအကူအညီပေးနိုင်သေးတယ် လို့ မြန်မာနိုင်ငံဆိုင်ရာ  ယူအန်အေအိုင်ဒီအက်စ် (UNAIDS) အဖွဲ့က ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013